0

ACM Re-Post 19-6-2014

လူမှုကွန်ရက် Website တစ်ခုဖြစ်တဲ့ Facebook ဟာ ဒီနေ့ နေ့လယ် ပိုင်းမှာ မမျှော်လင့်ပဲ ဖွင့်မရတော့တာကြောင့် ကမ္ဘာတလွှားက Facebook အသုံးပြုသူတွေအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရတယ်လို့ နိုင်ငံတကာ သတင်းတွေက ဆိုပါတယ်။

“Sorry, something went wrong” ဆိုတဲ့ စာတန်းတက်လာပြီး မြန်မာနိုင်ငံမှာလည်း နာရီဝက်လောက် Facebook ဖွင့် မရတော့ဘဲ ရပ်ဆိုင်းသွားတာကို ထူးဆန်းစွာ ကြုံတွေ့ခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး တော့လည်း Facebook ကို နာရီဝက်လောက် ရပ်ဆိုင်းသွားခဲ့ပါတယ်။

Facebook ဟာ လစဉ်သုံးစွဲနေသူပေါင်း ၁ ဒသမ ၂၈ ဘီလီယံလောက်ရှိပါတယ်။ သူတို့ ပြင်ဆင်နေပါတယ်၊ မကြာခင် ကောင်းသွားပါလိမ့်မယ်လို့ ပြောနေတဲ့ကြားထဲကပဲ Facebook စွဲနေသူတွေကြားမှာ နာရီဝက်လောက် ကမ္ဘာပျက်သလို ဖြစ်သွားခဲ့ရကြောင်း CNET သတင်းမှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။

ဒီလအစောပိုင်း လောက်ကလည်း ဟက်ကာတစ်ဖွဲ့က ထူးဆန်းတဲ့ တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်မယ်လို့ ကြွေးကြော်ထားတာ ရှိပါတယ်။ ဒါကြောင့် အခုဖြစ်တာ သူတို့ကြောင့်များလား ဆိုပြီး ယူဆသူတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ Facebook ကတော့ ခုချိန်ထိ တရားဝင် မထုတ်ပြန်သေးပါဘူး။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top