0

ACM Re-Post 6-6-2014

ကမ္ဘာကျော်ခဲ့သော ဂျာမနီ၏ရေ ဘဝဲပေါလ် နည်းတူ ၂ဝ၁၄ ဘရာဇီး ကမ္ဘာ့ ဖလား ပြိုင်ပွဲ၏ ဘောလုံးပွဲစဉ် ရလဒ်များကို ခန့်မှန်းရန် အတွက် တရုတ် တို့က ပန်ဒါဝက်ဝံ ငယ်လေး များကို အ သုံးပြု သွားမည်ဟု ဆင်ဟွာ သတင်းဌာန က ရေးသားဖော်ပြထားသည်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ ဝက်ဝံ မွေးမြူရေး စခန်း တစ်ခုမှ ဝက်ဝံ ကလေး များကို ကမ္ဘာ့ဖလား ဘောလုံးပွဲ ရလဒ် များကို ခန့်မှန်းခိုင်းမည် ဖြစ်ပြီး ပြီးခဲ့ သည့် ၂ဝ၁ဝ ကမ္ဘာ့ဖလားတွင် ပွဲ စဉ် အားလုံးကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ သဖြင့် ကမ္ဘာကျော် ခဲ့သော ရေဘဝဲ ပေါလ်၏ခြေရာကို ဆက်ခံနိုင်ရန် တရုတ် တို့က မျှော်လင့်ထားကြသည်။

ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်များ အတွက် တစ်နှစ်သားနှင့် နှစ်နှစ်သား ဝက်ဝံ ကလေး များကို နိုင်၊ သရေနှင့် ရှုံး တံဆိပ် ကပ်ထားသော ခြင်း ၃ လုံးထဲမှ အစားအစာ ကို ရွေး ချယ် ခိုင်းပြီး ရလဒ် ကို ခန့်မှန်း ခိုင်းမည်ဟု သိရသည်။

ရှုံးထွက်ပွဲစဉ် များအတွက် မူ နိုင်ငံ အလံလွင့်ထူ ထားသော သစ်ပင်များကို ဝက်ဝံများအား အတက် ပြိုင်ခိုင်းခြင်းဖြင့် ခန့်မှန်း ခိုင်းမည်ဟု စီမံ ထားကြောင်း သတင်း ဌာန က ဖော်ပြထားသည်။

၂ဝ၁ဝ တောင်အာဖရိက ကမ္ဘာ့ ဖလားတွင် ပွဲစဉ် ၈ ပွဲကို မှန်ကန်စွာ ခန့်မှန်းနိုင် ခဲ့သဖြင့် ကမ္ဘာကျော် ခဲ့သော ဂျာမနီတို့၏ ရေဘဝဲပေါလ် သည် သေဆုံး သွားပြီ ဖြစ်ရာ ၄င်းကဲ့သို့ အောင်မြင် မှုရရန် အတွက်မူ တရုတ်တို့၏ ဝက်ဝံ များအဖို့ အလွန် ခက်ခဲနေမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဝက်ဝံကောင်ရေ ၁၆ဝဝ ခန့် ရှိပြီး အများစုမှာ စီချွမ် ပြည်နယ်တွင် ဖြစ်သည်။ ဝက်ဝံများသည် သားဖွားနှုန်း အလွန်နှေးသော တိရစ္ဆာန်မျိုး ဖြစ်သည့် အပြင် နေထိုင် ကျက်စားရာ နယ်ပယ် ဒေသတွင် ပင် တောတွင်းနေ ထိုင်ကျက်စားမှု ပုံစံ ပြောင်းလဲလာမှုကြောင့် ကောင်ရေ လျော့နည်းလျက် ရှိရာ တရုတ် အာဏာပိုင်များက စီချွမ်ပြည်နယ် တွင် ဝက်ဝံ မွေးမြူရေး စခန်း ဖွင့်လှစ် ပြီး စောင့် ရှောက်ပေးလျက် ရှိသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်း သည် လည်း နိုင်ငံသား များက အဖိုးတန် ဝက်ဝံ များကို ပိုမို စိတ်ဝင်စားမှု ရှိလာစေရန် ရည်ရွယ် ထားကြောင်း အာဏာပိုင် တို့က ဆို သည်။

KYL

Ref:Xinhua

Aye Chan Mon Credit To: Popular Myanmar News Journal
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top