ACM Re-Post 6-6-2014
ရန်ကုန်- ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက်ဂါရ၀ပြုရင်း မြောက်ကိုရီးယားသူပုန်တို့၏ အဝေးထိန်းဗုံးခွဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သော တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦးအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်ကျောက်တိုင်ကို ယနေ့ အာဇာနည်ဗိမာန်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေ့ရှု၍ မြန်မာအစိုးရက ယခုကဲ့သို့ ကိုရီးယားအာဇာနည် ပုဂ္ဂိုလ်များတွက် အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်ခွင့်ပြုခဲ့ခြင်းအား ကျေးဇူးတင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ယူဗြောင်စီက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားခဲ့သည်။
မစ္စတာယူဗြောင်စီသည် ကျောင်တိုင်မဖွင့်မီ အာဇာနည်ဗိမာန်သို့ သွားရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချခြင်း၊ ငြိမ်သက်အလေးပြုခြင်းတို့ ပြုလုပ်ခဲ့သည်။
ကျောက်တိုင်တည်နေရာမှာ အာဇာနည်ဗိမာန်ဝင်းအတွင်းမဟုတ်ဘဲ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် သွေးဆေးကန်တက္ကစီဂိတ်နှင့် ကိုက် ၅၀ အကွာ အာဇာနည်ဗိမာန်ဝင်းအ၀ရှိ ဧည့်နားနေအောင်အနီးတွင်ဖြစ်သည်။
Aye Chan Mon Credit To: 7 Day Daily
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.