0

အေးမြင့်စန်း| အင်္ဂါနေ့၊ ဇွန် ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။

NLD လူငယ်ဗဟိုညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု NLD လူငယ်ညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်၊ တော်ဝင် နှင်းဆီတွင် ကျင်းပမည့် NLD လူငယ် ဗဟိုညီလာခံ နှစ်ရက်တာ စလုံး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်သည်။

ဗဟိုညီလာခံတွင် ရွေးထားသည့် လူငယ်အလုပ်အမှုဆောင် ၁၆၈ ဦး တက်ရောက်ကာ စာတမ်းများ ဖတ်ကြားမည်ဖြစ်ပြီး NLD လူငယ်ဗဟို ဦးဆောင်အဖွဲ့ဝင်၊ NLD လူငယ်ဗဟိုလုပ်ငန်းအဖွဲ့ဝင်များကို ရွေးချယ်သွားမည်ဟု ဦးမောင်မောင်ဦးက ပြောသည်။ လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် NLD လူငယ်အဖွဲ့ဝင် အင်အား တစ်သိန်းခန့် ရှိသည်။

တိုင်းနှင့်ပြည်နယ် အသီးသီးရှိNLD ရုံးခွဲပေါင်း၂၈၀ ကျော်ရှိပြီး အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိသည့် မြန်မာနိုင်ငံသား မည်သူမဆို NLD လူငယ်အဖွဲ့ဝင်အဖြစ် ၀င်ရောက်နိုင်ပြီး NLD လူငယ်များအား အဖွဲ့ချုပ် ၏ ရှေ့မူဝါဒလုပ်ငန်းစဉ်များကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ မြို့နယ်အဆင့်နှင့် ခရိုင်အဆင့် NLD အလုပ်အမှုဆောင်နှင့် လူငယ်အလုပ် အမှုဆောင်များကို တွဲဖက်တာဝန်ယူ လုပ်ကိုင်စေခြင်း၊ အမျိုးသမီးနှင့် လူငယ်များ၊ တိုင်းရင်းသားလူငယ်များကို NLD ၏ အမတ်လောင်းများအဖြစ် ရွေးချယ်သွားမည်။

NLD လူငယ်အဖွဲ့ဝင်အဖြစ် ၀င်ခွင့်ဖောင်များ လက်ခံခြင်းကို လတ်တလောတွင် ရပ်ဆိုင်းထားပြီး ညီလာခံပြီးမှသာ ဆက်လက် လက်ခံသွားမည်ဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top