ရန်ကုန်၊ ဇွန် ၂ဝ- အမျိုးသားလွှတ်တော် တွင်ကျင့်သုံးမည့် PR စနစ်အား ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှ
ယင်းသို့ ဆန္ဒထုတ်ဖော်ခြင်းဖြင့် PR စနစ်အား ကန့်ကွက်ရန် NBF အဖွဲ့ ဝင် တိုင်းရင်းသားပါတီများမှ အဖွဲ့ဝင်များ သည် ဇွန် ၂ဝ ရက်တွင် နေပြည်တော်၌ အ ရေးပေါ် အစည်းအဝေးတစ်ရပ်ကျင်းပကာ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြော
ယင်းဆုံးဖြတ်ချက်အရ ယခု ရက်ပိုင်းအတွင်း ပြည်နယ်ဒေသများဖြစ် သည့် ရခိုင်ပြည်နယ်တွင် လေးနေရာ၊ ရှမ်း ပြည်နယ်တွင် ငါးနေရာ၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်အသီးသီးရှိ မြို့ နယ်များတွင် PR စနစ်အပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။
''ကျွန်တော်တို့ တိုင်းရင်းသား ပါတီအသီးသီးက PR စနစ်ကို ကန့်ကွက် မယ်။ ပြည်သူတွေကို ဒီစနစ်အကြောင်း ရှင်း လင်းပြီး ကျွန်တော်တို့ NBF အဖွဲ့ဝင် တိုင်း ရင်းသားပါတီတွေက ဦးဆောင်ကန့်ကွက် မယ်''ဟု NBF အဖွဲ့ဝင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီမှ ဦးစိုင်းလှကျော်က ''ဒီစနစ် ဟာ တိုင်းရင်းသား လူနည်းစုကိုယ်စားလှယ် တွေ လွှတ်တော်ထဲကိုရောက်ဖို့ အခွင့်အ ရေးနည်းတဲ့အတွက် ကန့်ကွက်ရတာပါ''ဟု ပြောသည်။
PR စနစ်သည် နိုင်သူအကုန်ယူ စနစ်မှ အချိုးကျကိုယ်စားပြု ရွေးကောက် ခံစနစ်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း ရွေးချယ်ရာတွင် ယင်းစနစ်အားအ သုံးပြုမည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်အစည်း အဝေးတွင် ကိုယ်စားလှယ်အများစု၏ ထောက် ခံမှုဖြင့် အတည်ပြုခဲ့သည်။
PR စနစ် ကျင့်သုံးရေးလေ့လာ သုံးသပ်မှု ကော်မရှင်တွင်ပါဝင်သည့် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များမှာ ကော်မရှင်မှ နုတ် ထွက်ခဲ့ပြီး NBF အဖွဲ့ဝင်ပါတီများ အနေ ဖြင့်လည်း ကော်မရှင်မှ နုတ်ထွက်၊ မထွက် ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး လာမည့်ရက် ပိုင်းအတွင်း ဆွေးနွေးဆုံးဖြတ်သွားမည် ဖြစ် ကြောင်း သိရသည်။
Aye Chan Mon Credit To: Yangon Media Group
http://
Post a Comment