0
အီရတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီဟာ အီရတ် မြောက်ပိုင်းက အာဘီလ် Irbil မြို့မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျွန်ကယ်ရီရဲ့ ဒီခရီးစဉ်ဟာ ဆူနီ စစ်သွေးကြွတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေရိကန်က အီရတ်ကို စစ်ရေး အကူအညီပေးရေး ဘဂ္ဂဒက်မှာ ပြောဆို ကတိပြုခဲ့ပြီး နောက်တစ်နေ့မှာ အခုလို ကာ့ဒ်ဒေသကို ကြိုတင် မကြေညာဘဲ သွားရောက်တာ ဖြစ်ပါတယ်။

အီရတ် နိုင်ငံ ဆက်လက် တည်ရှိဖို့အတွက် ခြိမ်းခြောက်မှုတွေ ကြီးမားနေပြီး ဒီအချိန်ဟာ အီရတ်အတွက် အရေးအကြီးဆုံး အချိန် ဖြစ်တယ်လို့ ဂျွန်ကယ်ရီက ပြောခဲ့ပါတယ်။

ဒါကြောင့် အီရတ် ခေါင်းဆောင်တွေ အားလုံးညှိနှိုင်းပြီး ညီညွတ်တဲ့ ညွန့်ပေါင်းအစိုးရ ဒီလ အကုန်မှာ ဖွဲ့စည်းဖို့ ဂျွန်ကယ်ရီက အီရတ် ဝန်ကြီးချုပ် မာလီကီကို တိုက်တွန်းခဲ့ပါတယ်။

Aye Chan Mon Credit To: BBC Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top