ကမ္ဘာ့ဖလားပွဲစဉ်များတွင် လောင်းကစားမှုပြုလုပ်ရာ၌ ငွေကြေးအများအပြား ရှုံး နိမ့်ခဲ့ခြင်းကြောင့် တရုတ်ကောလိပ်ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ြေ
မျိုးရိုးအမည် လင်းဟု သိရသည့် အဆိုပါ ဒုတိယနှစ်ကောလိပ်ကျောင်းသားသည် ကမ္ဘာ့ဖလားပွဲစဉ်များ၌ လောင်းကြေးများရှုံးနိမ့်ခဲ့၍ ဒေါ်လာ သုံးထောင်အထိ ကြွေးမြီများတင်ခဲ့ပြီးနောက် တိုက်တစ်ခု၏ခုနှစ်ထပ်အမြင့်မှ ခုန်ချကာ သတ်သေခဲ့ခြင်းဖြစ်သည်။
လင်းမှာ ကမ္ဘာ့ဖလားပွဲစဉ်များတွင် လောင်းကြေးဒေါ်လာ ၃၂၀၀ အထိ ရှုံးနိမ့်ခဲ့ ကာ ယင်းငွေကြေးများကို ပေးချေရန် အ ကြွေးရှင်များ၏ ဖိအားပေးမှုကို ခံခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏အတန်းဖော်တစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် အစိုးရမှ ကမ္ဘာ့ဖလားပွဲစဉ်များအတွက် တရားဝင်လောင်းကစားဒိုင်များ ဖွင့်လှစ်ပေးထား ပြီး ယခုနှစ်ကမ္ဘာ့ဖလားတွင် လောင်းကစားအတွက် ငွေကြေးသုံးစွဲမှုမှာ ၂၀၁၀ ကမ္ဘာ့ဖလားထက် နှစ်ဆကျော် ပိုမိုများပြားခဲ့ကြောင်း သိရသည်။
Aye Chan Mon Credit To: Eleven Media Group
http://
Post a Comment