0
ရန်ကုန် ၊ ၂၀-၆-၂၀၁၄

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တစ်ဝန်းရှိ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သူများအတွက် အောင်လက်မှတ် များကို နေပြည်တော် နှင့် ရန်ကုန်မြို့ စာစစ်ဌာနရုံး တို့၌ ဇူလိုင်လဆန်း မှစ၍ နေ့ချင်းပြီး ထုတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အောင်စာရင်း အားလုံးကို ကွန်ပျူတာ စနစ်ဖြင့် သိမ်းဆည်း သောကြောင့် ယခင်နှစ်ထက် တစ်လနီးပါး စောပြီး အောင်လက်မှတ် ထုတ်ပေးနိုင်ခြင်း ဖြစ်ကြောင်း ၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူ လိုပါက ကိုယ်စားလှယ် လွှဲစာ ၊ ထောက်ခံစာ ဖြင့် လာရောက် ထုတ်ယူ ရမည် ဖြစ်သည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ၇ ရက်က ထုတ်ပြန်ခဲ့ပြီး နိုင်ငံတစ်ဝန်း အောင်မြင်သူ ၁၇၁၆၄၇ ဦး ရှိကြောင်း ပညာရေး ၀န်ကြီးဌာန မှ ထုတ်ပြန်ချက် အရ သိရှိရသည်။ (၄၀၁)

Aye Chan Mon Credit To: The Myawady Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top