0


လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းရာတွင် ဖော့စဖောရပ်စ်ဗုံးသုံးခြင်းကို အစိုးရမှ ယနေ့အချိန်ထိ တောင်းပန်ခြင်းမရှိသောကြောင့် နိုင်ငံတကာတရားရုံးသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ သတင်းရရှိသည်။ ဖော့စဖောရပ်စ် ပါဝင်သောဗုံးသည် ၁၉၈ဝ ဂျနီဖာကွန်ဗင့်ရှင်းအရ တားမြစ်ထားသော စစ်လက်နက်ပစ္စည်းဖြစ်ပြီးထိုကဲ့သို့ တားမြစ်ထားသော စစ်လက်နက်ပစ္စည်းအား အစိုးရမှသံဃာတော်များနှင့် ဆန္ဒပြပြည်သူလူထုဖြိုခွင်းရာတွင် အသုံးပြုခဲ့ခြင်းအပေါ် ၂ နှစ်ကျော်ကြာသည့် အထိ တောင်းပန်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ပြီး အမေရိကန်အခြေစိုက် Justice Trust အဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်ေ နကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

”နှစ်နှစ်ကျော်ပြီ။ အစိုးရဘက်က လုံးဝကို အဖက်မလုပ်ဘူး။ ဖော့စဖော့ရပ်စ်ဆိုတာ မသုံးဖို့တားထားတဲ့ စစ်လက်နက်ပစ္စည်းလေ။ ဒါကိုသုံးခဲ့တဲ့အတွက် တောင်းပန်ရမယ်။

လက်ပံတောင်းတောင် စီမံကိန်းဆိုတာလည်း အစကတည်းက တရားမျှတမှုမရှိဘူး။ အခုမြေတွေသိမ်းတယ်။ ဆန္ဒပြပွဲတွေဖြစ်တယ်ဆိုတာလည်း ကောင်းမွန် တဲ့ အခြေခံဥပဒေမရှိတာကြောင့်လို့မြင်တယ်”ဟု ဦးသိန်းသန်းဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ် ဆေးရေးကော်မရှင်၏အစီရင်ခံစာတွင် မီးခိုးဗုံး ဟု သုံးနှုန်းထားပြီး အဆိုပါဗုံးက ၂ဝဝ၇ ခုနှစ် တွင်လည်း အသုံးပြုခဲ့ဖူးကြောင်း ကွင်းပြင်သို့ ပစ်ချပါက မီးလောင်နိုင်မှုမရှိသော်လည်း ပိုလီ ယက်စတာ အဝတ်စများ၊ တာပေါ်လင်ခေါ် ပလတ်စတစ်များနှင့်ထိတွေ့ပါက မီးလောင်နိုင် ကြောင်း ဖော်ပြထားသည်။ ၂ဝ၁၂ခုနှစ် နိုဝင် ဘာလ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင် သပိတ် စခန်းအား အကြမ်းဘက်ဖြိုခွင်းခံရပြီး သံဃာအပါး ၁ဝဝ ကျော်နှင့် လူအချို့ ဒဏ်ရာ ရရှိခဲ့သည်။ ထို့နောက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် ပြည်ေ ထာင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ ဦးလှထွန်းတို့ ပါဝင်သော ဝန်ချတောင်းပန်ပွဲကိုမန္တလေးမြို့ မဟာအတုလဝေယံ (အတုမရှိ)ကျောင်းေ တာ် တွင်ပြု လုပ်ခဲ့သည်။

ဖိုးလပြည့်

Aye Chan Mon Credit To:Popular Myanmar News Journal
http://www.ayechanmon-news1.com/

Post a Comment

 
Top