0

ပိတ်ထားတဲ့ သံဇကာ ကျယ် ပြတင်းပေါက်ထဲကနေ ထွက်ဖို့အတွက် လိပ်ပြာ တို့ ကြိုးစားနေပါတယ်။ ယင်းထဲမှာ တစ်ကောင်က မထွက်နိုင်ပဲ ကျန်နေသေး သတဲ့။ ဒါနဲ့ သူ့ကို အပြင်ထွက်လို့ ရပါစေဆိုတဲ့ စိတ်တဲ့ ကလေးငယ်ဟာ သူ့ရဲ့ ပြန့်ကားနေတဲ့ တောင်ပံကို တစ်ဖက် အနည်းငယ်စီ ညှပ်ထုတ်ပေးလိုက်ပါတယ်။ အပြင်ကို ရောက်အောင်တော့ လိပ်ပြာက ထွက်သွား နိုင်ပါလေရဲ့။ သို့ပေမယ့် မိုးပေါ် မပြန်နိုင်တော့တဲ့ သူ့ခမျာ မြေပေါ်မှာပဲ ယှက်ကန် ယှက်ကန်နဲ့ သွားရ ပါတော့တယ်.

သင်ခန်းစာ ၁

သူတစ်ဖက်သားကို ကူညီတော့မယ်ဆိုရင် ကိုယ့်ရဲ့ ကူညီဖေးမမှုက တစ်ဖက်သား ကို ဒုက္ခရောက်စေခြင်း ရှိမရှိကို သေချာ စူးစမ်းလေ့လာရန် လိုအပ်ပါတယ်။ မဟုတ်ရင် ဆိုးကျိုးသာ ရပါလိမ့်မယ်။

သင်ခန်းစာ ၂

အခြား လိပ်ပြာ အကောင်များ လွတ်ပေမယ့် လိပ်ပြာ တစ်ကောင်တော့ ကျန်ခဲ့တယ်။ သူ ကြိုးစား အားထုတ်မှု လိုနေသေးလို့ ပါပဲ။ ဒီလို ဖြစ်နေတဲ့ သူကို ကိုယ်က ကူညီပေးခြင်းထက် ဆက်လက် ကြိုးစားခွင့် ပေးခြင်း (Chance to struggle) ကသာ အကောင်းဆုံး ကူညီမှု ဖြစ်ပါတယ်။ အခက်ကြုံတိုင်း ကူညီဖြေရှင်းမှုကို လက်ခံနေတဲ့ သူဟာ ဘဝမှာ အခက်တွေကို ရင်ဆိုင်နိုင်တဲ့ လူတစ်ယောက် ဖြစ်တော့မှာ မဟုတ် ပါဘူး။

အောင်ခမ်း (ရိုးရာလေး)

Aye Chan Mon Credit To:YoYarLay
http://www.ayechanmon-news1.com/

Post a Comment

 
Top