0

သမ္မတရုံးကနေ သမ္မတရုံးအကြံပေး မဟုတ်ပါဘူးလို့ ပြောတာ သူစိတ်ချမ်းသာလို့ ပြောတာပြောပါစေလို့ ငါပြောတာပေါ့။ မဟုတ်ဘူးဟုတ်တယ် ငါပြောစရာ မလိုပါဘူး . . .
လမ်းစဉ်ပါတီခေတ်၊ တပ်မတော်အစိုးရခေတ်၊ သမ္မတဦးသိန်းစိန် ဒီမိုကရေစီအစိုးရ ခေတ် တောက်လျှောက် နိုင်ငံတော်သမ္မတရုံး အကြံပေးနှင့် အစိုးရသာသနာရေး ဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသော ဦးအံ့မောင်ကို ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေး ဇမ္ဗူဒီပကျောင်းဆောင်အပေါ်ထပ် ရုံးခန်းသို့ မြန်မာသံတော်ဆင့်မှ သွားရောက်တွေ့ဆုံ၍ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ဓမ္မပါလမြို့သား

ဦးအံ့မောင် – ကျွန်တော်တို့က ဒီလိုပါ။ သတင်းစာရှင်းလို့ရတယ်ဆိုတာက ပြောခွင့်ရပြီ၊ အမှန်တွေပြော ခွင့်ရပြီဆိုပြီးတော့ ကျွန်တော်ပြောတဲ့စကားတွေ တစ်ခုမှ မထည့်ဘူး။ မပြောတဲ့စကားတွေ တချို့ ဟာတွေ အဓိပ္ပာယ်တလွဲတွေထည့်တယ်။ အဲဒီတော့ ကျွန်တော် လက်လျှော့လိုက် တယ်။ ခင်ဗျားတို့မီဒီယာတွေဟာ ထင်ရာ ဆွဲရေးတာပဲ။ ဘာခေါ်လဲဆိုတော့ အဂတိ လေးပါးပေါ့။ ဒေါသဂတိ မုန်းလို့လိုက်တယ်၊ မောဟဂတိ တွေဝေမိုက်မဲလို့လိုက်တယ်။ ဆန်္ဒဂတိချစ်လို့လိုက်တယ်။ အဲဒီတော့ အဂတိတွေလုပ်စားနေတဲ့အတွက်ကြောင့် ကျွန်တော်က မီဒီယာတွေကို လက်လျှော့ လိုက်တယ်။ ဘယ်တော့မှ အမှန်ရေးမှာ မဟုတ်ဘူးလို့။ အဂတိ လိုက်စားနေတယ်။ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ။ ဘ ယာဂတိကတော့ ရှိရင်လည်းရှိမှာပေါ့။ ဒေါသဆို တာက အခုလက်ရှိ အစိုးရလူ တွေ၊ သံဃာ့အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့ တွေ၊ ဒါတွေကို မုန်းတီးပြီးတော့ ဒေါသ ဂတိနဲ့၊ ဆန္ဒဂတိဆိုတာ ကိုယ်ချစ်တဲ့လူတွေ အတွက် လိုက်ပြီးတော့ပေါ့။ အဂတိတရား တွေမှာ ခင်ဗျား တို့ မီဒီယာတွေက ပါနေ တာဆိုတော့ ပြောမနေတော့ဘူး။ မေးပါ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြော တဲ့ အတိုင်းထည့်မှာ မဟုတ်ဘူးဆိုတာ။ ကျွန်တော်ဆိုရင်လည်း ရှင်းလင်းပွဲမှာပြော တယ်။ မီဒီယာတစ်ယောက်က မေးတယ်။… သံဃမဟာနာယကက သူ့ဘာသာသူ ဆုံး ဖြတ်ပြီးတော့၊ ပိုင်ဆိုင်တယ်ဆိုပြီးတော့ သုံးသပ်တာဟာ မှန်ကန်နိုင်ပါ့မလား ဆို ပြီးတော့။ ကျွန်တော်ကလည်း စိတ်တိုလို့ပြောလိုက်တယ်။ မကျေနပ်ရင် ကြိုက်တဲ့ ရုံးကိုသွား။ ကျွန်တော်ပြောတာ တရားမပါ ဘူးနော်။ ကျွန်တော်ပြောတဲ့စကားကို ဟိုရောက်တော့ တရားထည့် ထားတယ်။ မကျေနပ်ရင်ကြိုက်တဲ့ တရားရုံးသွားဆို ပြီးတော့ ဒါပိုသွားတာပေါ့ဗျာ။ တိတိကျ ကျမလုပ်ဘူး ဆိုပြီးတော့။ ကျွန်တော်က ပြောလိုက်တယ်။ သူတို့ကမေးတာလေ။ သန်္တိသုခကျောင်းတော်ကြီးကို ညသန်း ခေါင်ကြီးမှာ အင်အားနဲ့ ၀င်ရောက်သိမ်း ပိုက်တယ်။ ဒီစကားလုံးအသုံးအနှုန်းက မှားနေတယ်။ သိမ်းပိုက်တယ် မသုံးရဘူး။ ခင်ဗျားတို့သုံးရမှာက ခွင့်ပြုချက်မရှိဘဲနဲ့ ကျူးကျော်ဝင်ရောက်နေတဲ့အတွက် ဖယ်ရှားတယ် ဒီလို ရေးရမယ်။ မှားနေတယ်လို့ ခေါင်းစဉ်တပ်တာ။ အဲဒါ ကျွန်တော်ပြောတဲ့အတိုင်း မရေးဘူး။ ကျွန်တော်ပြောတဲ့ အတိုင်းရေးရင် ကျွန်တော်တာဝန်ယူတယ်လေ။ နောက်တစ်ခုက သံဃာထုအင်အားနဲ့ အဲလိုလုပ်တာ အကြမ်းဖက်ရာ မရောက်ဘူး လား။ သူတို့မေးတာကို ကျွန်တော်က ပြန်ဖြေလိုက်တယ်။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက အဲဒီရဟန်းတွေက ရှင်သာရိပုတ္တရာ ဥပဇ္ဈာယ်ပြုပြီး ရဟန်းဖြစ်ခဲ့တဲ့ ရှင်သာရိ ပုတ္တရာတပည့်တွေ။ သူတို့က တစ်နေရာ ရပ်ဝေးတဲ့ဇနပုဒ်တစ်ခုမှာ သွားပြီးတော့ ၀ိနည်းနဲ့ မညီတာ တွေ လုပ်ကြတာပေါ့။ ဘာတွေလုပ်လဲဆိုတော့ အတီးအမှုတ် အကအခုန်တွေ၊ မင်းသမီးနဲ့ ဘုန်းကြီးနဲ့ တွဲက တယ်။ သင်္ကန်းတစ်ထည်တည်းမှာ အတူတူခြုံပြီးတော့ မင်းသမီးနဲ့ အိပ်တယ် စသည်ပေါ့ဗျာ။ ပန်းတွေ စိုက်ပြီးတော့ ပန်းပွင့်တွေကို မိန်းကလေးတွေကို ပေးတယ်။ ဒီလိုလုပ်တာပေါ့။ အဲဒါတွေကို မြတ်စွာ ဘုရားက နေပြီးတော့ ရှင်သာရိပုတ္တရာကို ခိုင်းတယ်။ ရှင်သာရိပုတ္တရာ မင်းတပည့်တွေကို မင်းသွားပြီးတော့ နယ်နှင်ဒဏ် ပေးလိုက်။ ဆိုတော့ ရှင်သာရိပုတ္တရာက ပြန်လျှောက်တယ်။ သူတို့က အင်အားများ တယ်ဘုရားတဲ့။ မြတ်စွာ ဘုရားက ဘာပြောလဲဆိုတော့ ဒီလိုဆိုရင် မင်းက သူတို့ထက် အင်အားနှစ်ဆခေါ်သွားတဲ့။ ဘုရား ပြောတဲ့ အတိုင်း၊ အမိန့်ရှိတဲ့အတိုင်း ရှင်သာရိပုတ္တရာက အင်အားနှစ်ဆခေါ်သွားပြီးတော့ ဟိုမှာ ကမ္ပ၀ါဖတ်ပြီးတော့ နယ်နှင် ဒဏ်ပေးလိုက်တယ်။ နှင်ထုတ်တယ်။ အဲဒါကြောင့် အခုတိုင်း သံဃနာယက,က သန်္တိသုခသံဃာ တွေကို ရှင်းလင်းတဲ့ကိစ္စမှာ အင်အားနှစ်ဆနဲ့ ခုလိုလုပ်တာ ပြဿနာ မဖြစ်အောင်လုပ်တာ။ ဒါကြီးကို မဟာ နာယကကစောင့်ရှောက်လာတာ နှစ်ပေါင်း များစွာကြာပြီ။ ဆယ်နှစ်ကျော်ပြီ နိုင်ငံခြား ရောက်နေတာ။ ပီနန် ဆရာတော်ကြီး နိုင်ငံခြားရောက်နေတာ။

မေး – အဲဒါက မဟာနာယက ဆရာတော်ကြီးတွေကနေပြီးတော့ မဟာ သန်္တိသုခရဲ့ ၀င်ငွေတွေကို မက်မောပြီး တော့ ဒီဟာကိုလိုချင်တာလို့ ပြောတာရှိတယ်။

ဦးအံ့မောင် – စွပ်စွဲမှာပေါ့။ အခု အချိန်အထိ ကျွန်တော်တို့ မဟာနာယက တွေက ၀င်ငွေ ဘယ်လောက်ရှိ သွားပြီလဲ တစ်ခါမှလည်း မေးလည်းမမေးဘူး၊ မြန်း လည်းမမြန်းဘူး။ မူအရ၊ ပေါ်လစီအရသာ စီမံတယ်၊ ထိန်းသိမ်းတယ်၊ ဂေါပကက ၀န်ကြီးက ဖွဲ့ပေးတာ။ ဂေါပက ထိန်းနေ တာပဲရှိတယ်။ အဲဒီဝင်ငွေတွေဟာ ဘယ် လောက်တောင်ဖြစ်သွားလဲဆိုတော့ နဂို တုန်းက သိန်းတစ်ထောင်ကြွေးတင်နေတာကို ဆပ်လိုက်တယ်၊ နောက်ထပ် ကို သိန်းပေါင်းသုံးထောင်လောက် ဘဏ်စာအုပ်ထဲမှာ သုံးထောင်ကျော်ရှိတယ်။ အဲဒီ သုံး ထောင်ကျော်ကို မဟာနာယကက မေ လည်း မမေးဘူး၊ ပြောလည်းမပြောဘူး။ သူ့ဘာသူ ဟိုမှာ အစောင့် ဘုန်းကြီးတွေရှိ တယ်၊ စာသင်သားတွေရှိတယ်၊ သူ့ဘာ သာသူလည်ပတ်သွားရင် ပြီးရော၊ တစ်ခါမှ မေးတာမြန်း တာမရှိဘူး။ ဂေါပက အစည်း အဝေးမှာ ကျွန်တော်တို့ ထိုင်တဲ့အခါကျ တော့ ဂေါပကကတော့ အစီရင်ခံရ တာပေါ့။ မဟာသန်္တိသုခက တစ်ခါမှ အစီရင်မခံဘူး။

ခင်ဗျားတို့မီဒီယာတွေဟာ တရားသဖြင့် မှန်မှန်ကန်ကန်မဖော်ပြဘူး။ ကျွန် တော်တို့ပြောတဲ့စကားလုံးတွေ ချန်ထားတယ်။ လုပ်ကြံသတင်းတွေ၊ ဘာမှအထောက် အထားမရှိတဲ့ ပုဂိ္ဂုလ်တွေပြောတာကိုထည့် တယ်။ ကျွန်တော်တို့က စာရွက်စာတမ်း အထောက်အထားနဲ့ လွှတ်လိုက်တာ မထည့်ဘူး။ ဒီကျောင်းကြီး ဘယ်က အလှူငွေနဲ့ ဆောက်တာလဲ။ တိုင်းပြည်ကို အလှူခံဆောက်တာလေ။ ပီနန်ဆရာတော်က ဘယ်လောက်ပါလဲ ဒေါ်လာတစ်သိန်း လှူတာရှိတယ်။ ဒါပေမဲ့ တစ်သိန်းက တစ်သိန်းမပြည့်ပါဘူး ခင်ဗျာ။ ဂုဏ်ရှိ အောင်တစ်သိန်း ဆိုပြီးတော့ နာမည်တပ် လိုက်တာပါလို့။ တကယ်ရတာက ဒီစာရင်း တွေအတိုင်းက ဗိုလ်မှူးကြီးစောမြင့်၊ ဂေါပကအတွင်း ရေးမှူးစောမြင့်က သေချာ ကျွန်တော့်ကိုပြောတယ်။ တကယ်လှူတာ က ဒေါ်လာခြောက် သောင်း၊ ခုနစ်သောင်း လောက်ရှိပါတယ်တဲ့။ မီးစက်ဝယ်တယ်၊ ကွန်ပျူတာတို့ ဘာတို့ဝယ်တယ်၊ ဓာတ် လှေကားဝယ်တယ်။ ဒီထဲ ထည့်သုံးလိုက် တာပါတဲ့။ တစ်သိန်း တစ်ခါတည်းနဲ့လှူတာ မရှိပါဘူးတဲ့။ သူတို့ကို ဂုဏ်သိက္ခာရှိအောင် ဆိုပြီးတော့ အထုပ်မှာ ဒေါ်လာတစ်သိန်း လို့တပ်ပြီးတော့ လှူတာပါတဲ့။ တကယ်က ခြောက်သောင်း၊ ခုနစ်သောင်းပဲရှိပါတယ်တဲ့။ ဗိုလ်မှူးကြီးစောမြင့်မသေခင်က ဂေါ ပကအစည်းအဝေးမှာ ကျွန်တော်တို့ကို ပြောသွားတာ မှတ်မိပါတယ်။

မေး – အဘက လမ်းစဉ်ပါတီခေတ်မှာ ဦးစိန်လွင် လက်ထက်တည်းကိုက သာသနာရေးကိုရောက်လာတာနော်။

ဦးအံ့မောင် – အဘက ၆၉ တည်းက သာသနာရေးကိုကိုင်တာ။

တချို့က အဘက သံဃာတွေနဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းတွေကို တအား ကျွမ်းတဲ့အခါကျတော့ ဒီဟာတွေ ကိုကိုင်ပြီး တော့ အစိုးရအတွက် လိုသလိုမျိုး ဒီဟာ ကို လှည့်ဖြားပေးရတယ်လို့လည်း ပြော နေကြတယ်။

ဦးအံ့မောင် – သူတို့က တမင်သက်သက် အပုပ်ချတာပေါ့ကွာ။ ငါက သံဃာ့ အဖွဲ့အစည်းတည်မြဲဖို့ အဓိကပဲ။ သံဃာ့ အဖွဲ့အစည်းပျက်စီးသွားလို့ရှိရင် မင်းတို့က ငယ်သေးတယ် မမှတ်မိဘူး။ တိုင်းရှစ်ပြည်နယ်ကွဲတုန်းက မီလိုက်လား။ အဲဒီအချိန်တုန်းက သံဃာတွေဘယ်လိုဖြစ်နေလဲဆို တာ ငါပြောမယ်။ ရဟန်းပျို၊ ရဟန်းငယ်၊ သာသနာ့တပ်ဦး၊ နောက်တစ်ခါ ရခိုင် —-၊ ကျောင်းထိုင်အဖွဲ့က သုံးဖွဲ့။ အဲဒီ လိုအဖွဲ့တွေကို စည်းမဲ့ကမ်းမဲ့ ပေါ့ဗျာ။ ကိုယ်ထင်ရာ ကိုယ်လုပ်နေကြတာပါ။ ဘယ် သူ့ဘယ်သူကိုမှလည်း ဆရာလုပ်လို့မရဘူး၊ ကိုယ်ထင်ရာ ကိုယ်လုပ်နေကြတယ်။ အစိုးရ ကလည်း ဘာမှအကူအညီမပေးနိုင်ဘူး။ အဲဒါလေးကိုမှ ၁၉၈၀ ခုနှစ်ရောက် တော့ ဒီအတိုင်းနေလို့မ ဖြစ်တော့ဘူး။ အစိုးရလည်း နိုင်ငံကို အုပ်ချုပ်လို့မရတော့ဘူး။ ဘုန်းကြီးတွေကလည်း ကိုယ့်ဟာကိုယ် ထိန်းလို့မရတော့ဘူး။

ကျောင်းလုပွဲတွေလုပ်ပြန်တော့ တစ်ဖက်က သံဃာ ၂၀၀၊ ၃၀၀ ခေါ်လာခဲ့ တိုက်ထုတ်။ သူတို့နိုင်သွားတယ်။ နိုင်ပြီး တော့ အစောင့်ထားရတယ်။ အဲဒီကိုယ်တော်ကို တစ်နေ့ငါးကျပ်ပေးရတယ်။ ကြာ တော့မတတ်နိုင်တော့ ဟိုဘက်က တစ်အုပ်စုက နာမည်တော့ ငါထည့်မပြောတော့ ပါဘူး။ ငါ အကုန်သိပါတယ်။ အဲဒီအုပ်စုက ၀င်လုပြန်တယ်။ နိုင်သွားတယ်။ အဲလိုသုံး ခါလေးခါ သူ့ဘက်ကိုယ့်ဘက် ချနေကြ တယ်။ အဲသလို လုတာတွေ က အနိုင် အထက်ပေါ့ကွာ။ အင်အားစုပြီးတော့ ကျောင်းလုတာတွေဟာ ရန်ကုန်မြို့ပေါ် တင် ခြောက်ကျောင်း လောက် ရှိတယ်။ မင်းတို့သိချင် ငါလိုက်ပြမယ်။ အစတည်းက ငါအကုန်သိတယ်။ အဲဒီတော့ ဘုန်းကြီး တွေ အင်အားသုံးပြီးတော့ ကိုယ်ထင်ရာကိုယ် လုပ်နေကြတာ။ ဒီအတိုင်းတော့ မဖြစ် ဘူး။ သံဃာ့ဝိနိစ္ဆယရုံးမရှိရင် ဘယ်လိုလုပ် အဆုံးအဖြတ်ခံမလဲ။ လူတရားရုံးကလည်း မဆုံးဖြတ်နိုင်ဘူး။ ဘုန်းကြီးကလည်း မ ဆုံးဖြတ်နိုင် ဘူး။ အဲဒီနှစ်ခုကြားမှာ သံဃာ့ အဖွဲ့အစည်း လုပ်မှဖြစ်မယ်ဆိုပြီးတော့ ဘုန်းကြီးတွေကလည်း လုပ်ချင်တယ်၊ အစိုးရကလည်း လုပ်ချင်တယ်။ နောက် တစ်ခါ ဟိုတုန်းက သာသနာမှတ်တမ်းဆို တာမရှိဘူး။ ဘုန်းကြီး မှတ်ပုံ တင် မရှိဘူး ဘုန်းကြီးတွေက။ လ၀က လာရင်ရိုက်လွှတ်တာ။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ သံဃာ့အဖွဲ့အ စည်းဖြစ်အောင် ၁၉၈၀ခုနှစ် မှာ အစည်းအဝေးလုပ်ပြီးတော့မှ ဆရာ တော်ကြီးတွေက ပြဋ္ဌာန်းလိုက်တာ သံဃာ တော်မှတ်တမ်း ကိုင်ဆောင်ရမယ်ဆိုပြီး တော့။ အဲဒါကြောင့် သံဃာတော်မှတ် တမ်းကစနစ်တကျ ဖြစ်သွား တာပေါ့။ ဘယ် မှာတွေ့တွေ့ ဘုန်းကြီးတစ်ပါးဆို မှတ် တမ်းပြလို့ရတယ်။ ဟိုတုန်းကဆိုရင် ဘာမှ ပြလို့မရဘူး။ လူဆိုရင် စစ်လို့ရတယ်၊ ဘုန်းကြီးစစ်လို့ မရဘူး။ အဲဒီအခါကျတော့ သာသနာ့လောကထဲမှာ အကုန်လုံးက ဓားပြတွေရော၊ သူခိုးတွေရော၊ နိုင်ငံရေး သမားတွေရော အစုံဝင်ပြီးတော့ အောင်း နေတယ်။ ဒါတွေရှိလာတဲ့ အတွက် နိုင်ငံတော် အတွက်က —-။ အကောင်းအဆိုးခွဲခြား နိုင်ရင်၊ သာသနာအစစ်နဲ့အယုတ်နဲ့ ခွဲနိုင် ရင် ကျွန်တော်တို့ ဥပဒေလုပ်ထားပြီ။ အတု လုပ်လို့ရှိရင် ခုံရုံးတင်ဥပဒေရှိပါတယ်။ ဘုန်းကြီးအတုလုပ်ရင် ထောင်သုံးနှစ်ပဲ။ အထောက်အထား မပြနိုင်ဘူး။ အခုဆိုရင် ဘာမှ အရိပ်အမြွက်မရဘူး။ အဓမ္မ၀ါဒ တွေကို ဟောတယ် ပြောတယ်ဆိုရင်လည်း ထောင်ငါးနှစ်၊ ဒီလိုသတ်မှတ်လိုက်တဲ့အခါ ကျတော့အားလုံးက ညီသွား တာပေါ့။ စော စောတုန်းကတော့ ရှင်ဥက္ကဋ္ဌကလည်း လူသေလူဖြစ်ဟော၊ ချ။ တစ်ဖက်က လည်း —– ကလည်း လုပ်သမျှဒုက္ခဟော၊ ကိုယ်ထင်ချင်ရာ ကိုယ်လုပ်နေကြတာ။ အဲဒါကို စည်းမျဉ်းစည်းကမ်းချပြီး တော့ အဓမ္မ၀ါဒီ မဟောရဆိုပြီးတော့ ပိတ်လိုက်တယ်။ အဲဒီတော့ သာသနာအတွက် လုပ်တာ ကုသိုလ် အင်မတန် ရတယ်။ ဒီ အဓမ္မ၀ါဒတွေ ဟောလို့ပြောလို့ မရတော့ဘူး။ သံဃာအတု အစစ်လည်း ခွဲလို့ရသွား ပြီ။ သူ့ရုံးနဲ့လာတဲ့ အဆုံးအဖြတ်ကျတော့ မကောင်းဘူးလား။ သံဃာ့အဖွဲ့အစည်း ပျက်သွားရင် သန့်ရှင်း/တည်မြဲတုန်းက လိုပဲ အဖွဲ့အစည်းတွေ ကြိုက်သလိုပေါ် လာမယ်။ အခုနိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေကိုပြောနေတဲ့ ဘုန်းကြီး တွေက သံဃာ့အဖွဲ့အစည်းတွေကို ပျက်စေချင်တာ။ ဘာလို့ပျက်စေချင်လဲဆိုတော့ ပျက် တော့မှ တစ်ဗိုလ်တစ်မင်း လုပ်ပြီးတော့ သူကတစ်ဖွဲ့၊ သူကတစ်ဖွဲ့အဲလိုဖွဲ့ပြီးတော့ လုပ်ကြမှာပေါ့။ လုပ်ချင်တာပေါ့။ အဲလို မလုပ်အောင် ဒီအဖွဲ့ကြီးက ထိန်းထား တာ။ ဒါကြီးပြိုပျက်သွားတာ ကြည့်ချင် သလား။ ရေးနေတာတွေ အားလုံးက သံဃာ့အဖွဲ့အစည်းကို ပျက်အောင်လုပ်နေ တာ။ ငါလုပ်တာသည် သံဃာ့အဖွဲ့အစည်း ကိုတည်မြဲ အောင် လုပ်ပေးနေတာ။ အစိုးရ အတွက်မဟုတ်ဘူး။ သံဃာ့အဖွဲ့အစည်း ပြိုကွဲပျက်စီးသွားရင် သံဃာတွေလ ည်း ဘာမှလုပ်လို့ မရတော့ဘူး။ မြန်မာနိုင်ငံကြီးလည်း ဘုန်းကြီးငါးသိန်း ဘယ်အစိုးရ ဘာနဲ့ထိန်းမလဲ ပြောလိုက်။ စနစ်တကျဖြစ် အောင်အခုလိုလုပ်ထားတာကို မကျေနပ် ဘူးလား၊ မကျေနပ်ရင်ဖျက်လိုက် သံဃာ့ အဖွဲ့အစည်းကို။ ဒါပဲ ငါပြောချင်တယ်။

တပ်မတော်အစိုးရတစ်ခေတ်လုံးမှာလည်း အဘက သာသနာရေးမှာ တောက် လျှောက်အကြံပေး လုပ်လာတယ်။ ဗိုလ် ချုပ်မှူးကြီးသန်းရွှေရဲ့ အနီးကပ် အကြံပေး လုပ်ရတာပေါ့။

ဦးအံ့မောင် – ၁၉၆၉ တည်းက ဒီရောက်လာတာ။ တွက်ကြည့်ပေါ့ နှစ် ပေါင်း ၅၀ လောက်ရှိပြီပေါ့။

နိုင်ငံတော်အမြင့်ဆုံး ရုံးတွေမှာ အကြံပေးလုပ်လာတာပေါ့။ အခုဦးသိန်းစိန် ခေတ်မှာရော အဘအကြံပေးရ တုန်းလား။

ဦးအံ့မောင် – ပေးနေတာပေါ့။

အဲဒါကိုဘာလို့သမ်္မတရုံးကနေ အဘကို သမ္မတရုံးအကြံပေး မဟုတ်ပါဘူးလို့ ဘာလို့ ပြောရတာလဲ။

ဦးအံ့မောင် – သူစိတ်ချမ်းသာလို့ ပြောတာပြောပါစေလို့ ငါပြောတာပေါ့။ မဟုတ်ဘူးဟုတ်တယ် ငါပြောစရာ မလို ပါဘူး။

အဘနဲ့ ဦးသိန်းစိန် သမ္မတဖြစ်ပြီးမှ တွေ့ပြီးသွားပြီလား။

ဦးအံ့မောင် – ဒါတွေပြောနေရင် ကြွားတယ်ဖြစ်မှာပေါ့။

ဗန်းမော်ဆရာတော်ကြီးကိုလာတွေ့ ပြီးတော့ တောင်းပန်လျှောက်ထားတယ်လို့ သိရပါတယ်။ အဘ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြောပြပါလား။

ဦးအံ့မောင် – ဒီကိစ္စကတော့ ငါမပြောချင်သေးဘူးကွာ။

လစာကတော့ ဘယ်လောက်ရလဲ။

ဦးအံ့မောင် – လစာကတော့ မသိပါဘူး။ တစ်သိန်းနဲ့ ရှစ်သောင်းရတယ်။

Aye Chan Mon Credit To:http://myanmarthandawsint.com/
http://www.ayechanmon-news1.com/

Post a Comment

 
Top