0


ACM Re-Post 3-6-2014
Author: မောင်ဥာဏ

မန္တလေးမြို့တွင် နေ ထိုင်သူ (သို့ မဟုတ်) အာဂန္တုအဖြစ်လာရောက် လည်ပတ်သူတစ်ဦး အတွက် မန္တလေးမှာအထူးသတိထားစရာ၊ စိုးရိမ်စရာတစ်ခုရှိနေသည်။ အခန့်မသင့်ပါက အသက်ဇီဝိန်ကိုပင် ခြွေသွားနိုင်ခြေရှိသည်။ ထို သတိထားစရာ၊ စိုးရိမ်စရာကား အခြားမဟုတ်ပေ။ မော်တော် ယာဉ်တစ်စီးစီး၊ ဆိုင်ကယ်တစ်စီး စီး အတိုက်ခံရမည်ကို စိုးရိမ်နေ ရခြင်းပင်ဖြစ်ပါသည်။

မန္တလေးတွင် ယာဉ်တိုက်မှု တစ်ခုခုဖြစ်မည်ကို စိုးရိမ်နေကြရ သူတွေအတွက်လည်း ထိုစိုးရိမ်မှု ရှိနေသည်ကို လွန်သည်ဟုမပြော နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မန္တလေးမြို့တွင် ယာဉ်တိုက်မှု ကြောင့် နေ့စဉ်ထိခိုက်ဒဏ်ရာရ ခြင်းတွေ၊ သေဆုံးခြင်းတွေရှိနေ သောကြောင့်ဖြစ်သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ လေးလတာကာလ အတွင်း မန္တလေးမြို့တွင် ယာဉ် တိုက်မှုပေါင်း ၁၄၂ မှုဖြစ်ပွားခဲ့ သည်။ သေဆုံးသူ ၆၅ ဦးရှိပြီး ဒဏ်ရာရသူ ၁၈၁ ဦးရှိခဲ့သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန် ထားသည်။ အဆိုပါစာရင်းများ အရ ပျမ်းမျှအားဖြင့် နေ့စဉ်ယာဉ် တိုက်မှုဖြစ်ပွားနေပြီး နှစ်ရက်လျှင် လူတစ်ဦးနှုန်းသေဆုံးနေသည်ကို တွေ့ရသည်။ ယာဉ်တိုက်မှုများ ထဲတွင် ထူးခြားမှုမှာ ဆိုင်ကယ် ပါဝင်သည့် ယာဉ်တိုက်မှုက ၁၀၂ မှုထိရှိနေပြီး သေဆုံးသူက ၄၆ ဦး အထိ ရှိနေခြင်းပင်ဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်ဖြစ် ပွားနေသည်မှာ လာမည့် ဇွန်လ ၉ ရက်တွင် သုံးနှစ်ပြည့်တော့မည် ဖြစ်သည်။ ထိုသုံးနှစ်အတွင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေ သည့် စစ်ပွဲကြောင့် သေဆုံးဒဏ် ရာရမှုများနှင့် မန္တလေးမြို့တွင် ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံး ဒဏ်ရာရမှုကို နှိုင်းယှဉ်ကြည့် လျှင် ဆိုင်ကယ်တိုက်မှုကြောင့်က ပိုမိုများပြားဖွယ် ရှိနေပါသည်။ ဆိုလိုသည်မှာ စစ်ပွဲကြောင့် လူ သေဆုံးမှုထက် မန္တလေးတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုက ပိုများခြင်းပင်ဖြစ်သည်။ မန္တလေး လမ်းများပေါ်တွင် ဘီးစစ်ပွဲဖြစ်နေ သည်ဟု ပြောရမလိုပင်ဖြစ်သည်။

မန္တလေးမြို့ပေါ်တွင် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာန၌ ၂၀၁၃ နှစ်ကုန်ပိုင်း အထိ မှတ်ပုံတင်ထားသည့် ဆိုင် ကယ်နှစ်သိန်းခန့်၊ မော်တော် ယာဉ် ခုနစ်သောင်းခန့်ရှိသည်။ ထို့အပြင် မှတ်ပုံမတင်ထားသည့် လိုင်စင်မဲ့ဆိုင်ကယ်အရေအတွက် သောင်းချီပြီးရှိနိုင်သည်ဟု သက် ဆိုင်ရာက ခန့်မှန်းထားကြသည်။ မှတ်ပုံတင်ထားသည်ရော၊ မှတ်ပုံ မတင်ထားသည်ရော ဆိုင်ကယ် အများစုသည် မန္တလေးမြို့နှင့် နီးစပ်လျက်ရှိသည့် အိမ်နီးချင်း တရုတ်နိုင်ငံမှဝင်ရောက်သော ဆိုင်ကယ်များဖြစ်သည်ကို တွေ့ ရသည်။ ဆိုင်ကယ်တစ်စီးတွင်ရှိ သင့်သည့် အရည်အသွေးစံချိန် စံညွှန်းမီသည်၊ မမီသည်ကို အရည်အသွေးစစ်ဆေးသည့် အဖွဲ့မရှိသောကြောင့် တိတိကျ ကျ မပြောနိုင်သော်လည်း ဝင်ငွေ ဖြင့် လက်လှမ်းတမီရှိသဖြင့် တရုတ်ဆိုင်ကယ်များကို အသုံး များကြခြင်းဖြစ်သည်။

လိုင်စင်မဲ့ဆိုင်ကယ် မှတ်ပုံ တင်ပေးခြင်းများကို မန္တလေးမြို့ တွင် ရက်ပေါင်း ၉၀ ကြာ ပြုလုပ် ပေးနေသည်။ မှတ်ပုံတင်ပေးခြင်း အစီအစဉ်ကြောင့် အိမ်နီးချင်း တရုတ်နယ်စပ်မှ တရုတ်ဆိုင် ကယ်တွေ အများအပြား ဝင် ရောက်နေကြသည်။ နောင်တွင် မန္တလေးမြို့တွင် ဆိုင်ကယ်အစီး ရေ ပိုများလာတော့မည်ဖြစ်သည်။ တရုတ်ဆိုင်ကယ်အရေအတွက် များလာလေလေ၊ ယာဉ်တိုက်မှုပို များလာလေလေဖြစ်ပြီး သေဆုံး ဒဏ်ရာရရှိမှုများလည်း လက်ရှိ ကိန်းဂဏန်းထက် မြင့်တက်လာ ဖွယ်သာရှိနေပါသည်။

မန္တလေးတွင် ဆိုင်ကယ်ပါ ဝင်သော ယာဉ်တိုက်မှု များနေရ ခြင်းအကြောင်းရင်းအချို့ရှိနေ ပါသည်။ အဓိကတစ်ချက်မှာ ဆိုင်ကယ်အသုံးပြုစီးနင်းသူတို့ သည် သတ်မှတ်ထားသော ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများ ကို လိုက်နာမှုအားနည်းနေခြင်း ဖြစ်သည်။ ထိုစည်းကမ်းများကို မလိုက်နာပါက မိမိအတွက် အသက်အန္တရာယ်ရှိနိုင်သည်ကို နားမလည်သောကြောင့်လား၊ နား မလည်ချင်ယောင်ဆောင်သော ကြောင့်လားတော့မသိ။ သေဆုံး ဒဏ်ရာရသူတို့က များပြားနေပြီ ဖြစ်သည်။ စည်းကမ်းမလိုက်နာပါ က အချိန်မရွေး မိမိအလှည့် ရောက်လာနိုင်သည်ကိုတော့ ဂရုပြုမိဖို့ လိုနေပြီဖြစ်သည်။

ဆိုင်ကယ်စီးနင်းပါက သတ် မှတ်ထားသည့် ဆိုင်ကယ်ဦးထုပ် ဆောင်းပါ။ သတ်မှတ်အရှိန်ဖြင့် မောင်းပါ။ မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းမပြောပါနှင့်၊ လူနှစ်ဦးထက်ပိုမတင်ဆောင်ပါနှင့် စသည်ဖြင့် စည်းကမ်းများရှိသော်လည်း မလိုက်နာသူများ ရှိနေသည်ကိုတွေ့နေရသည်။ ဆိုင်ကယ် အသုံးပြုသူအချို့ဆိုလျှင် ယာဉ်ထိန်းရဲရှိသည့် မီးပွိုင့်၊ ရှောင်တခင် စစ်ဆေးနေသည့်နေရာများတွင်သာ အရေးယူမခံရရန် ဦးထုပ် အဆောင်းပြကြပြီး ထိုနေရာများမှ ကျော်လွန်သွားပါက ဦးထုပ်မဆောင်းဘဲ စီးနင်းအသုံးပြုနေ ကြသည်ကိုလည်းမကြာခဏတွေ့နေရသည်။ အသက်အန္တရာယ် ကာကွယ်ရန် ဦးထုပ်ဆောင်းခြင်းမဟုတ်ဘဲ ယာဉ်ထိန်းရဲအဖမ်းမခံ ရရန်သာ ဆောင်းနေကြသည့်ပုံစံ ဖြစ်နေသည်။

ဆိုင်ကယ်အသုံးပြုသူ လူ ငယ်အချို့သည်လည်း ဆိုင်ကယ် များကို စတန့်ထွင်မောင်းနှင်နေ ကြသည်။ ထိုလူငယ်များသည် ဘေးပတ်ဝန်းကျင်တွင် သေမင်း က စောင့်ကြည့်လိုက်ပါနေကြ သည်ကို သတိမထားမိကြပေ။ ဆိုင်ကယ်ကို ထောင်ပြီးစီးသည်၊ အရှိန်ဖြင့်စီးသည်၊ လက်လွှတ်ပြီး စီးသည်။ အခန့်မသင့်ဖြစ်ပြီးသေပွဲ ဝင်ကြသည်မှာလည်း များနေပြီ ဖြစ်သည်။ အနာဂတ်မျိုးဆက် သစ်လူငယ်တွေ တဖြုတ်ဖြုတ်နှင့် ယာဉ်တိုက်မှုဖြစ်ကာ ပြီးလွယ်စီး လွယ်သေဆုံးနေကြသည်မှာ နှမြောစရာကောင်းလှသည်။ ထို့ ထက်ပိုဆိုးသည်မှာ စတန့်ထွင်စီး နင်းသည့်လူငယ်အချို့ကြောင့် အခြားယာဉ်မောင်းများ၊ စက်ဘီး အသုံးပြုသူများ၊ လမ်းအသုံးပြု သူများပါ ဘာမဆိုင်၊ ညာမဆိုင် သေဆုံးနေကြရရှာသည်။ တိုင်း ပြည်အတွက် များစွာနစ်နာလှ သည်။

မန္တလေးမြို့၏ လမ်းပေါ်တွင် ဘီးစစ်ပွဲကြောင့် သေဆုံးဒဏ် ရာရသည်များကို အချိန်မီကယ် တင်ရန် အရေးတကြီးလိုအပ်နေ ပြီဖြစ်သည်။

မန္တလေးတွင် ယာဉ်တိုက်မှု များနေရခြင်းသည် ယာဉ်အသုံး ပြုသူများ စည်းကမ်းမလိုက်နာ ခြင်းတစ်ခုတည်းကြောင့် မဟုတ် ချေ။ လမ်းညွှန်နှင့် လမ်းအမှတ် အသားများ မပြည့်စုံမှု၊ ယာဉ်ထိန်း ရဲအင်အားမလုံလောက်မှု၊ လမ်း ဆုံလမ်းခွရှိ မီးပွိုင့်အချို့နှင့် ယာဉ် ထိန်းရဲအချို့ တာဝန်လစ်ဟင်းမှု၊ မီးပွိုင့်တပ်ဆင်သင့်သောနေရာ များတွင် မီးပွိုင့်မတပ်ဆင်ထားမှု များကလည်း အစိတ်အပိုင်းတစ် ခုအဖြစ် ပါဝင်နေသည်။ သက် ဆိုင်ရာက ယာဉ်အသုံးပြုသူများ အား ပညာပေးခြင်းနှင့် အရေးယူ ခြင်းများ ပြုလုပ်နေသော်လည်း ထိရောက်မှုအားနည်းနေသည်ကို တွေ့ရှိရပါသည်။ ပညာပေးမှု နည်းလမ်းများ ထိရောက်မှုရှိ၊ မရှိ ပြန်လည်ဆန်းစစ်ဖို့လိုသလို အခွန်ငွေရရုံ အရေးယူခြင်းသည် လည်း အသုံးတည့်၊ မတည့် ပြန် လည်သုံးသပ်ဖို့လိုနေပြီဖြစ်သည်။

မန္တလေးမြို့တွင် ယာဉ်တိုက် မှုလျော့နည်းလာရေး၊ ထိခိုက် သေဆုံးမှုနည်းပါးရေးအတွက် အဓိကတာဝန်ရှိသူမှာ မြို့ကိုအုပ် ချုပ်နေသည့် တိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့် လမ်းများပေါ်တွင် ယာဉ် အသုံးပြုနေကြသည့် ယာဉ်မောင်း များပင်ဖြစ်သည်။ ယာဉ်မောင်း များအတွက်ကတော့ ရှင်းပါ သည်။ သတ်မှတ်ထားသည့် လမ်း စည်းကမ်း၊ ယာဉ်စည်းကမ်းကို တိတိကျကျလိုက်နာမောင်းနှင် ရေးပင်ဖြစ်သည်။

ထိုသို့ လိုက်နာပါက အန္တရာယ်ကင်းရှင်းမည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဥပဒေထုတ်ပြန်ရေး၊ ထုတ်ပြန်လိုက်သည့် ဥပဒေစည်းကမ်းများအတိုင်း မည်သူ့မဆို တိကျစွာအရေးယူနိုင်ရေး၊ ထိရောက်သည့် ပညာပေးမှုများပြုလုပ်နိုင်ရေး၊ ပြည်သူများထံမှ ကောက်ခံထားသည့်အခွန်ငွေများဖြင့် လိုအပ်သည့်ခေတ်မီပစ္စည်းများဖြည့်တင်းတပ်ဆင်ပေးရေးများသည် ပိုပြီးအဓိကကျနေသည်ဖြစ်သည်။

မန္တလေးမြို့လမ်းများပေါ်တွင်ဘီးစစ်ပွဲများဖြစ်ပွားနေသည်။ လူငယ်များထိုစစ်ပွဲတွင် ကျဆုံးနေကြသည်။ လူလတ်ပိုင်း၊ လူကြီးပိုင်းများလည်း ကျဆုံးသည်။

လမ်းပေါ်စစ်ပွဲများတွင် ကျ ဆုံးကြရမည်ကို မြို့ခံလူထုများက စိုးရိမ်နေကြသည်။ လမ်းပေါ်မှ ဘီးစစ်ပွဲရန်များကို ကယ်တယ်ဖို့ မန္တလေးမြို့တွင် အရေးပေါ် တာဝန်ရှိနေလေသည်။

Aye Chan Mon Credit To : 7 Days Daily
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
4

Post a Comment

 
Top