မန္တလေး၊ ACM RE-Post 18-6-2014
မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်အနီး စာတိုက်ရှေ့လမ်းမ အနီးတွင် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ပလတ်စတစ် ကောက်သူနှစ်ဦးသည် မသင်္ကာဖွယ် အထုပ်တစ်ထုပ် တွေ့ရှိကြောင်း နယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ လာရောက် အကြောင်းကြားသဖြင့် စစ်ဆေးခဲ့ရာ တပ်မတော်သုံး ရိုင်ဖယ်သေနတ် အမျိုးအစား ကျည် ၂၀၁ တောင့်ကို တွေ့ရှိခဲ့ကြောင်း အဆိုပါ အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
ဦးလေးကြီး စတိုးဆိုင် တံဆိပ်ပါ ပလတ်စတစ်အိတ်အတွင်း ထည့်ထားသည့် ကျည်ဆန် ၂၀၁ တောင့်ကို အမှတ် ၉၁၀ ဘီအီးတပ်မှ အရာခံဗိုလ်နှင့် အဖွဲ့တို့ လာရောက် စစ်ဆေးခဲ့ရာ MA ၅ ဒသမ ၅၆ မီလီမီတာ ကျည်အမျိုးအစား ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျနယ်ထိန်း တစ်ဦးက ပြောကြားသည်။
“အခုလောလောဆယ်တော့ စစ်ဘက်ဆိုင်ရာ၊ ရဲတပ်ဖွဲ့ဝင်တွေ အပျောက်ရှိလား ဆိုတာကို စုံစမ်းနေတယ်။ သုံးစွဲလို့ရတဲ့ ကျည်ဆံတွေ ဖြစ်တယ်” ဟု ၎င်းကပြောကြားသည်။ ယင်းကျည်ဆန်များကို စစ်ဘက်ဆိုင်ရာ ရိုင်ဖယ်သေနတ်များတွင် အသုံးပြုလေ့ရှိပြီး အမှတ် ၉၁၀ ဘီအီးတပ်သို့ လွှဲပြောင်း ပေးခဲ့ကြောင်း အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းထံမှ ထပ်မံသိရှိရသည်။
Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/
Post a Comment