ACM RE-Post 18-6-2014
တရုတ်ပရိသတ် တစ်ဦးသည် ကမ္ဘာ့ ဖလားပြိုင်ပွဲ အကြည့်လွန်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သောကြာနေ့က ယှဉ်ပြိုင် ကစားခဲ့သည့် နယ်သာလန်နှင့် စပိန်ပွဲစဉ်အပြီးတွင် အဆိုပါပရိသတ်သည် တီဗွီရှေ့တွင် သေဆုံးနေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့အနီးတွင် နေထိုင်သည့် အသက် (၂၅)နှစ် အရွယ် တရုတ်ဘောလုံး ပရိသတ်သည် ကမ္ဘာ့ ဖလားပြိုင်ပွဲများ အကြည့် လွန်မှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက သုံးသပ်ခဲ့သည်။ ဘရာဇီးလ် နိုင်ငံတွင် ကျင်းပ ပြုလုပ်နေသည့် ကမ္ဘာ့ ဖလားပြိုင်ပွဲ ကစားချိန်သည် တရုတ်နိုင်ငံ အတွက် အဆင်မပြေဖြစ် နေကြောင်း သိရသည်။
ဘရာဇီးလ်နှင့် တရုတ်နိုင်ငံသည် အချိန် (၁၁)နာရီ ကွာဟနေပြီး ကမ္ဘာ့ ဖလားပြိုင်ပွဲ ကစားချိန်သည် တရုတ်နိုင်ငံတွင် ညဦးပိုင်း အချိန်သို့ ရောက်ရှိနေသည်။ ဘရာဇီးလ်နိုင်ငံတွင် ညနေ (၄) နာရီ ကစားသော ပွဲစဉ်သည် တရုတ်နိုင်ငံတွင် နံနက် အစောပိုင်းတွင်မှ ပြီးဆုံး သောကြောင့် ပရိသတ်များ အနေဖြင့် အိပ်ရေးပျက်ဒဏ်ခံနေ ရပြီး ကျန်းမာရေး အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ဘောလုံးပွဲ အကြည့်လွန်မှုကြောင့် သေဆုံးမှုဖြစ်ရပ်သည် ယခင်ကတည်းက ရှိခဲ့ဖူးကြောင်းသိရသည်။ ယူရို ၂၀၁၂ ပြိုင်ပွဲ တွင် ဘောလုံး ပရိသတ်တစ်ဦးသည် (၁၁) ညတိုင် မအိပ်ဘဲ ဘောလုံးပြိုင်ပွဲများ ကြည့်ရှုသဖြင့် သေဆုံးသွားခဲ့သည်။၂၀၀၆ နှင့် ၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ များတွင် ဘောလုံးပြိုင်ပွဲ အကြည့်လွန် သဖြင့် ဆေးရုံတွင် ဆေးကုသမှုများ ခံယူခဲ့ရကြောင်း သိရသည်။
Aye Chan Mon Credit To: Messenger News Journal
http://www.ayechanmon-news1.com/
Post a Comment