0
“ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာများ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေပြီ”ဆိုတဲ့ စာသားနဲ့ မြန်မာနိုင်ငံအနှံ့ ကြော်ငြာနေတဲ့ ကာတာ အခြေစိုက်အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီဟာ သူ့ရဲ့ ကြော်ငြာစာသားကိုပြောင်းလဲလိုက်ပြီလို့ ကုမ္ပဏီ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုကပြောပါတယ်။

အခုပြောင်းလဲလိုက်တဲ့ စာသားကတော့ “ သုံးစွဲသူများကောင်းကျိုးသာ အော်ရီဒူးရဲ့ စေတနာ” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်းက လားရှိုးအခြေစိုက် ရှမ်းမြောက် မဘသ အဖွဲ့၊မန္တလေးဘက်က မဘသ အဖွဲ့တစ်ချို့နဲ့ ရန်ကုန်တိုင်းက မကွေးကျောင်းတိုက် ဆရာတော် တို့ရဲ့ အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီကို သပိတ်မှောက်တဲ့ဟောပြော လှုပ်ရှားမှုတွေ စတင် အပြီး အခုလို ကြေငြာစာသား ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

ကုမ္ပဏီ ပြန်ကြားရေး တာဝန်ခံကတော့ မိုဘိုင်းဖုန်း ဆင်းကဒ်တွေရောင်းချပေးတာနဲ့ ၀န်ဆောင်မှု ပေးသွားမယ့် အချိန်ကာလ တလျောက် အခြေအနေနဲ့လိုက်လျောညီထွေဖြစ်မယ့် ကြော်ငြာစာသားတွေ ပြောင်းလဲ အသုံးပြုသွားမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

Aye Chan Mon Credit To: DVB TV News
http://www.ayechanmon-news1.com/

Post a Comment

 
Top