0
ဘင်္ဂါလီများမှ နိုင်ငံသားအဖြစ် လက်ခံပေးရန် လျှောက်လွှာလာတင်မှု နှစ်ရက်အတွင်း ၁ဝဝ ကျော်ရှိနေ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် မှတ် ပုံတင်ဦးစီး ဌာန ညွှန်ြ ကားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။ ရခိုင်ပြည်နယ်အတွင်း မြေပုံမြို့ နယ်၌ အစိုးရက ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်မှု ဥပဒေကို အကောင် အထည် ဖော်မှု လုပ်ငန်းအား ၂ဝ၁၄ ဇွန်လ ၁၅ ရက်နေ့တွင် စတင်သည့်နေရာ၊ စတင် သည့်ရက်မှ ဇွန်လ ၁၆ ရက်နေ့အထိ ဘင်္ဂါလီများ၏ လာတင်သည့် စာရင်း ကို ညွှန် ချုပ်က ပေါ်ပြူလာနယူးစ်သို့ ပြော ပြခြင်းဖြစ်သည်။

ဇွန်လ ၁၅ ရက်နေ့တွင် လျှောက် လွှာ ၄၇ ခု၊ ဇွန် ၁၆ ရက်နေ့တွင် လျှောက်လွှာ ၇၅ ခု လာတင်ထားပြီး ထိုလျှောက်လွှာလာတင်သူတို့ထဲတွင် နိုင်ငံသားကတ်၊ သုံးခေါက်ချိုး ကတ်နှင့် White Card ကိုင်ဆောင်ထားသူတို့ ပါဝင်ကြရသည်ဟု ညွှန်ချုပ်က ဆိုသည်။ ရခိုင်ညီလာခံ(ကျောက်ဖြူ)ဆုံး ဖြတ်ချက်ထဲမှ အချက်တစ်ခုဖြစ်သည့် အပြင် ရခိုင်တိုင်းရင်းသားများနှင့် မြို့ခံလူထု၏ သဘောတူညီချက်အရ အစိုးရ၏လက်ရှိဆောင်ရွက်မှုကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေပါ ဗဟိုဦးစီးအဖွဲ့က လျှောက် လွှာလာတင် မှုအား နိုင်ငံသား ဖြစ်မှု/မဖြစ်မှုဆုံးဖြတ်ပေးမည်ဟု ညွှန်ချုပ် ဦးမောင်မောင်သန်းကဆက်ပြောသည်။

မြေပုံမြို့နယ်တွင် လူဦးရေစုစုပေါင်း ၁၁၉၂ဝ၅ ဦးရှိရာ ထိုထဲတွင် ဘင်္ဂါလီ လူမျိုးက ၃၈၁၉ ဦး၊ ဘင်္ဂါလီလူ မျိုး အဖြစ်စာရင်းကောက်ခံသူက ၁၅၇၉ ဦး၊ လူမျိုးမရေးသွင်းဘဲ သန်းခေါင်စာရင်း ကောက်ခံသူက ၁၄၆၃ ဦးရှိနေသည်။ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ခင်စောဝေက”အခုလို ဥပဒေနဲ့လုပ် မှာကို ကြိုဆိုတယ်။ဒါလုပ်ဖို့လည်း ရခိုင် တွေက တောင်းဆိုနေကြတာပဲလေ”ဟု ပြောသည်။

နိုင်ငံသားဖြစ်ရန် လျှောက်ထား လာသူတို့ကို မြို့နယ်ထွေအုပ် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည့် မြို့နယ်အဖွဲ့၊ ပြည်နယ် နယ်/လုံဝန်ကြီးဥက္ကဋ္ဌ အဖြစ် တာဝန်ယူ သည့် ပြည် နယ်အဖွဲ့က စစ် ဆေးမည်ဟုလည်း သိရသည်။ ယင်း အဖွဲ့ နှစ်ခုစလုံးတွင် ဌာနဆိုင်ရာများ၊ ဥပဒေပညာရှင်များအပြင် ရခိုင်ကိုယ် စားလှယ်၊ ဘင်္ဂါလီ ကိုယ်စား လှယ်တို့ ပါဝင်နေသည်။ ဗဟိုအဖွဲ့တွင် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဥက္ကဋ္ဌ၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ကာ ကွယ်ရေးဝန်ကြီးတို့က အဖွဲ့ဝင် များ အဖြစ် တာဝန်ယူမည်ဟု သိရသည်။ ယခုစစ်ဆေးမှုတွင် နိုင်ငံသားဖြစ်ကြောင်း ဥပဒေအရ ဆုံးဖြတ်ပြီးပါက နိုင်ငံသားတစ်ဦး ကိုင်ဆောင်ရသည့် မှတ်ပုံတင် ကတ်ကို ကိုင်ဆောင်ခွင့်ရှိမည်ဖြစ်ပြီး၊ မဖြစ်ပါက ဥပဒေပါ သတ်မှတ်ချက်အတိုင်းအခြားကတ်ကိုင် ဆောင်ရမည်ဖြစ်သည်ဟု သိရသည်။

PN -051

Aye Chan Mon Credit To:Popular Myanmar News Journal
http://www.ayechanmon-news1.com/

Post a Comment

 
Top