0
ACM Re-Post 21-6-2014

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ရဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါ နိုင်ငံရေးအရ ပူးသတ်မယ့် အန္တရာယ်တွေကို သတိထားဖို့ လိုတယ်လို့ မဘသ (ဗဟို) ဥက္ကဌ အင်းစိန်ရွာမ ပရိယတ္တိကျောင်းတိုက် ဆရာတော် တိလောက ဘိဝံသက မိန့်ကြားပါတယ်။

မဘသရဲ့ လုပ်ငန်းစဉ်တွေကို ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး အရ အကျိုးလိုလားတဲ့ ပုံစံနဲ့ ပူးသတ်မှာကို သတိထားရှောင်ကြဉ်ဖို့ လိုတယ်လို့ လည်း ဆိုပါတယ်။

ဆရာတော်ကပဲ ဆက်လက်ပြီးတော့ “အစိုးရအဖွဲ့ အတွက် လုပ်ပေးနေတာ မဟုတ်ဘူး သံဃာ့မဟာနာယကက ခိုင်းလို့ မဟုတ်ဘူး၊ တာဝန်ရှိတဲ့ အစိုးရနဲ့ ပါတီတွေက လုပ်ရမယ့်ကိစ္စကို မဘသ အဖွဲ့အစည်းက ကြားဝင်ကူညီ ဆောင်ရွက်နေတာပါ၊ အစိုးရကို တိုက်ခိုက်ဖို့၊ သံဃာတော် အဖွဲ့စည်းတွေကို တိုက်ခိုက်ဖို့မဟုတ်ဘူး၊ ပါတီတွေကိုလည်း တိုက်ခိုက်ဖို့ မဟုတ်ပါဘူး” လို့ မိန့်ဆိုပါတယ်။ ဒါ့အပြင် မဘသ အနေနဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ တိုင်းပြည်နဲ့ လူမျိုးအကျိုးကိုသာ ကိုယ်ကျိုးစွန့် ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အမျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းဖို့ကြိုးပမ်းတာဟာ နိုင်ငံရေး လှည့်ကွက်တွေ ပါဝင်နေကြောင်း နိုင်ငံရေးလေ့လာသူ တချို့က ထောက်ပြ ပြောဆိုထားပါသေးတယ်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top