0

အစိုးရ တာဝန်ရှိ ပုဂ်္ဂိုလ်များ၏ အကျင့်ပျက် ခြစားမှုများ မိမိတွင်သက်သေ အထောက်အထားများစွာ ရှိသည်ဟု ပြောကြားခဲ့ဖူးသူ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ယုံကြည်မှုကို အလွဲသုံးစားလုပ်မှု အကြောင်းပြချက် များဖြင့် ဇွန်လ (၁၉) ရက်နေ့ တွင် တာဝန်မှ ရပ်စဲ ကာ (စစစ) မှ စစ်ဆေးနေခြင်းနှင့် ပတ်သက်၍ သတင်းမ ထုတ်ပြန်ပေးနိုင် သေးကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ယမန်နေ့က ကျင်းပသော ပြည်သူ့ လွှတ်တော်အစည်းအဝေး ခေတ်္တရပ်နားချိန် တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒုတိယ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဦးဆန်းဆင့် ကိစ္စနဲ့ ပတ်သက်လို့ကတော့ လောလောဆယ် ကျွန်တော်ဘာမှ ပြောလို့ မရသေးပါဘူး။ သူနဲ့ ပတ်သက်လို့ ဘာကိစ္စမှ ထုတ်ဖော် ပြောကြားလို့ မရသေးပါဘူး ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောသည်။ ယခုအခါ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်တွင် စုံစမ်းစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

သာသနာရေး ၀န်ကြီးဌာန၏ နိုင်ငံတော် သမ္မတရုံး အကြံပေး ပုဂ်္ဂိုလ် ဦးအံ့မောင်ကိုလည်း ဖမ်းဆီး ထားကြောင်း သတင်းများ ထွက်ပေါ်နေမှု ကိုလည်း ပြည်ထဲရေး ဒုတိယ၀န်ကြီး က အတည်ပြု ဖြေကြားခဲ့ခြင်း မရှိပေ။ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်အား ယခုကဲ့သို့ အရေးယူ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံရေးသမား အချို့ က ဝေဖန် ပြောဆိုမှုများ ရှိနေသည့်အပြင် ဧရာဝတီတိုင်း ဒေသကြီးရှိ ဒေသခံ များက လည်း ဇွန်လအတွင်း ဆန္ဒ ထုတ်ဖော်သွားမည် ဟုသိရသည်။

သာသနာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ကို တာဝန်မှ ရပ်စဲကာ နေပြည်တော် ဥတ္တရသီရိ မြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်းတွင် ပြစ်မှု ပုဒ်မ ၄၀၉/ ၁၀၉ အရ အမှုဖွင့် ထားသည်။ လက်ရှိ အချိန်တွင် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ရာထူးအား ဒုတိယ ၀န်ကြီး ဖြစ်သော ဦးစိုးဝင်းအား ပြောင်းလဲ ခန့်အပ်ရန် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းကြားထားသည်။

Aye Chan Mon Credit To: Messenger News Journal
http://www.ayechanmon-news1.com/

Post a Comment

 
Top