0

သတင်းစာ/ ဂျာနယ်တိုက်တချို့မှ အယ်ဒီတာများ၊ အယ်ဒီတာချုပ် များအား သတင်းတပ်ဖွဲ့  (SB) မှ မကြာသေးမီရက်ပိုင်း အတွင်းက ခေါ်ယူ မေးမြန်းမ များနှင့် ပတ်သက်၍ ပြည်ထဲရေး ဒုတိယ၀န်ကြီးက လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ရှင်းလင်း ပြောကြားခဲ့သည်။
မီဒီယာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ လုပ်နေကြသလဲ။ ဒါကို ဆွေးနွေးတဲ့ သဘောပဲ။ အဆင်ပြေတဲ့ အချိန် လာပါ။ ဘယ်နေ့ လာနိုင်မလဲ၊ လာနိုင်တဲ့နေ့ လာပါ။ ဘယ်သူလာ နိုင်မလဲ ဒီလိုပါပဲ။ ခေါ်ပြီးတော့ စစ်ဆေး မေးမြန်းတယ်ဆိုတာ ကတော့ အဲဒီလို မဟုတ်ဘူး။ သူတို့လည်း ဒါနဲ့ ပတ်သက်ပြီး သိပါတယ် ဟု ပြည်ထဲရေး ဒုတိယ၀န်ကြီး က ဆိုသည်။

ဂျာနယ်တိုက် များမှ တာဝန်ရှိ သူများကို ခေါ်ယူ မေးမြန်းခြင်းမှာ ဂျာနယ်များ အောင်မြင်အောင် မည်သို့ မည်ပုံ လုပ်ကိုင်နေသည်ကို သိလို၍ သာ ခေါ်ယူ ဆွေးနွေးခြင်း ဖြစ်ပြီး၊ စစ်ဆေး မေးမြန်းခြင်း မဟုတ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ဆိုသည်။ သို့သော် ယခုကဲ့သို့ သတင်းတပ်ဖွဲ့ မှ ခေါ်ယူ မေးမြန်းခြင်းအား မီဒီယာသမားအချို့ က ဝေဖန်ပြောဆိုမှုများ ရှိသည့်အပြင် မဟာသန္တိသုခ ပြဿနာ ဖြစ်ပွား ပြီးနောက် ယခုကဲ့သို့ အခြေ အနေများဖြစ်ပေါ် လာခြင်းကြောင့် မီဒီယာ အသိုင်းအ၀ိုင်း သာမက အများပြည်သူများကြားတွင် စိတ်ဝင်စားမှုများ ရှိနေသည်။

Aye Chan Mon Credit To: Messenger News Journal
http://www.ayechanmon-news1.com/

Post a Comment

 
Top