Weather News Update
23-11-2013
7:28 pm
မနိုင်အောင်ဖြစ်နေပြီဗျာ။
ဘင်္ဂလားပင်လယ်အော်ထဲမှာ မိုးလွန်ကာလမှာ ဆက်တိုက်ဖြစ်နေတဲ့ မုန်တိုင်းတွေပြောပါတယ်။
ကမ္ဘာ့မိုးလေ၀သအဖွဲ့အစည်းတွေကတော့ ဆိုင်ကလုန်းမုန်တိုင်း 05B2013 အဖြစ် ကြေငြာခဲ့ပါပြီ။ (ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ် နဲ့ မြန်မာနိုင်ငံမိုးလေ၀သဌာနတွေ ကတော့ 34-47 knots လေတိုက်နှုန်းကို အပူပိုင်းမုန်တိုင်း၊ 48-63 knots ကိုမှ ဆိုင်ကလုန်းမုန်တိုင်းလို့ သတ်မှတ်ထားပါတယ်။)
အခုလည်း ပဉ္စမမြောက်မုန်တိုင်း ဖြစ်ပြန်ပါပြီ။ စတာကတော့ ထိုင်းပင်လယ်ကွေ့ နဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ အနောက်မြောက်ဖက်ကို ဘဲရွေ့မှာဖြစ်ပြီး (၂၇-၁၁-၂၀၁၃)ရက် ညနေပိုင်းလောက်မှာ အိန္ဒိယနိုင်ငံအရှေ့ဖက် ကမ်းခြေ Utar Pradesh ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက် လိမ့်ဦးမယ်လို့ ခန့်မှန်း ရပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒီနှစ်မိုးလွန်ကာလ( အောက်တိုဘာလ နဲ့နိုဝင်ဘာလ) အတွင်း မုန်တိုင်းဝင်တာ (၃)ကြိမ်ရှိခဲ့ပါပြီ။ ဒီတစ်ခါဝင်ဦးမယ်ဆိုရင်တော့ (၄)ကြိမ်ဖြစ်တော့မယ်။
အိန္ဒိယနိုင်ငံ အလယ်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်တွေ ထိနေခဲ့တာ အကြိမ်ကြိမ်ဖြစ်နေလေတော့ ထိခိုက်မှုတွေကတော့ များလှပြီပေါ့ဗျာ။
အိန္ဒိယနိုင်ငံအနေနဲ့ လူအသေအပျောက်တွေကိုတော့ လျော့နည်းအောင် ကကွယ်နိုင်ခဲ့တာကတော့ ချီးကျူးစရာဖြစ်ပါတယ်။ ဒါပေမယ့် မပြောင်းမရွှေ့နိုင်တဲ့ အရာတွေကတော့ ထိခိုက်မှုတွေကြုံခဲ့ရတဲ့အထဲမှာ စိုက်ပျိုးသီးနှံတွေဟာ အဓိကဖြစ်ပါတယ်။ လယ်ဧကပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် ထိခိုက်ခံရတဲံ ဒေသတွေဟာ ပဲစိုက်ပျိုးမှုအများဆုံးဒေသတွေဖြစ်လေတော့ ပဲမရှိရင်မဖြစ်တဲ့ အိန္ဒိယနိုင်ငံအေနနဲ့ အိမ်နီးချင်း မြန်မာနို်င်ငံက ပဲတွေကိုဝယ်ရတော့တာပေါ့ဗျာ။
ပဲတွေ... ဘယ်လောက် အ၀ယ်လိုက်လိုက်သလည်းဆိုရင် ဒီနှစ်မြန်မာနိုင်ငံမှာ ပဲဈေးတွေက အမြင့်ဆုံးဈေးတွေ ရနေကြတယ်လို့ သတင်းတစ်ပုဒ်မှာဖေါ်ပြထား ပါတယ်။
ဒါပေါ့ဗျာ။ ကျွန်တော်ပြောပြောနေတဲ့ စီးပွားရေးမိုးလေ၀သ (Economic-Meteorology -Ecometeorology) ဆိုတာလေ။
ဒေါတ်တာထွန်းလွင်
အေးချမ်းမွန် Credit To >Tun Lwin
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.