0

ACM Re-Post 21-6-2014

မှုခင်းတွေ လျော့ကျစေဖို့နဲ့ ဖော်ထုတ်နိုင်ဖို့ မန္တလေးခရိုင်တစ်ခုလုံးမှာ လုံခြုံရေး ကင်မရာ(CCTV) တင်ဆင်တော့မှာ ဖြစ်ပါတယ်။

CCTV ကင်မရာတွေကို လာမယ့် သြဂုတ်လမှာ အပြီးတပ်ဆင်မယ်မှာ ဖြစ်ပြီးတော့ ၂၄ နာရီပတ်လုံး စောင့်ကြည့်မယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဩဂုတ်လအတွင်းတော့ အပြီးတပ်ဆင်ပြီးပါမယ်။ လိုအပ်တဲ့ နည်းပညာ အကူအညီကိုတော့ မန္တလေး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျွမ်းကျင်ပညာရှင်တွေကို အကူညီတောင်းထားပါတယ်” လို့ သူက ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ မှုခင်းဖြစ်ရင် စစ်ဆေး အရေးယူတာ အမြန်ဆုံး လုပ်နိုင်ပေမယ့် အလှမ်းဝေးတဲ့ နေရာဆိုရင် နှောင့်နှေးနိုင်တဲ့အတွက် CCTV ကင်မရာတွေကို တပ်ဆင်တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အကြီးတန်း အရာရှိတစ်ဦးက ဆိုပါတယ်။

မန္တလေး မြို့တွင်းမှာ တပ်ဖို့ ကင်မရာ အလုံး ၄၀ ကျော်ကို ပြည်ပ ကုမ္ပဏီတစ်ခုက အကူအညီပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။ ထိန်းချုပ်ရေးဌာန တစ်ခုဖွင့်ပြီးတော့ ၂၄ နာရီစောင့်ကြည့်ပြီးတော့ အရေးယူမှုတွေကို ပြုလုပ်သွားမယ် လို့လည်း သူက ဆက်ပြောပါတယ်။

မန္တလေးမြို့တော်မှာ ၂၀၁၂ ခုနှစ်အတွင်းက လုယက်မှု ၅၃မှု၊ ၂၀၁၃ခုနှစ် ၆၄မှု၊ ဒီနှစ်မှာတော့ မေလအထိ ၄၀ မှု ရှိထားပြီဖြစ်ပါတယ်။

Aye Chan Mon Credit To:The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top