0

ACM Re-Post 21-6-2014

ရန်ကုန်၊ ဇွန် ၂၀- သမ္မတရုံးဝန် ကြီးဦးအောင်မင်းက တပ်မတော်အပေါ်ဘယ်တော့မှသစ္စာမဖောက်ဟု မိမိကို လာရောက် ရှင်းပြကြောင်း၊ သူ့ အနေဖြင့် ငြိမ်းချမ်းရေး တအားရချင် လွန်းအားကြီးသောကြောင့် ဘာလုပ် ၍ ဘာကိုင်ရမှန်းမသိဘဲပြော ချလိုက် ပြီး အစွန်းရောက်သွားခြင်းဟု မိမိ ထင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြား သည်။

ဝန်ကြီးဦးအောင်မင်းက တပ်မ တော်သားများ၏ ကတိသစ္စာလေး ချက်နှင့် တပ်မတော်ဆိုင်ရာစွမ်းရည် ဘွဲ့များနှင့် ပတ်သက်ပြီး ဝေဖန်ပြော ကြားခဲ့ခြင်းကို သူ့အနေဖြင့် တုံ့ပြန် ဝေဖန်ခဲ့ပြီးနောက် ဦးအောင်မင်းက သူ့ရုံးခန်းသို့ဖိတ်ကြားကာ သူဘာ ကြောင့် ပြောမိသည်ကို ရှင်းလင်းပြော ပြခဲ့သည်ဟု ဦးလှဆွေကပြောသည်။

''သူက ကျွန်တော့်ကို ရှင်းပြပါ တယ်။ ကြည့်ရတာ သမ္မတကြီးက ရှင်းပြခိုင်းတယ်ထင်ပါတယ်။ သူ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဘယ်လို လုပ်နေတယ်ဆိုတာကို သူ့ရုံးခန်းမှာ ရှင်းပြတာပါ။ ငြိမ်းချမ်းရေးဆိုတာ အိုဘားမား ပြောသလို သေနတ်တစ် ချက် မဖောက်ရဘဲ အကုန်လုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားရင် ပိုကောင်း တာပေါ့တဲ့။ အဲဒါကြောင့် ငါတို့လုပ် နေကြတာတဲ့။ အရင်တုန်း က ဆိုရင် စစ်ဆေးရုံမှာ ခြေထောက်အချောင်း လေးငါးဆယ်လောက်ဖြတ်ရတယ်။ အခုဆို တစ်ယောက်မှ ဖြတ်စရာ မရှိ တဲ့အခါကြတော့ ဆေးကျောင်းသား တွေ ခြေထောက် အတုတွေနဲ့ ဖြတ်တာ တောက်တာလေ့ကျင့်နေရတယ်တဲ့။ အဲဒါကြောင့်မို့ မုဆိုးမတွေလဲ မဖြစ် တော့ဘူး။ ဒါဟာ သူတို့ရဲ့စွမ်းဆောင် မှုဖြစ်ပါတယ်ဆိုပြီး ပြောပြပါတယ်''ဟု ဦးလှဆွေက ပြန် လည်ပြောသည်။

ငြိမ်းချမ်းရေးကိုလူတိုင်းလိုချင် တယ်။ အလိုချင်ဆုံးကတပ်မတော်ပဲ။ ဒါတွေကို ကျွန်တော် ဂျာနယ်တွေထဲမှာ ပြောပြခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော်ရှေ့တန်းမှာ နဖူးတွေ့ ဒူးတွေ့ခံစားခဲ့ပြီးသား။ ဝန်ကြီးဦးအောင် မင်းကိုယ်တိုင်လဲ သူရဲကောင်း မှတ် တမ်းဝင်တစ်ယောက်ပဲ။ ပဲခူးရိုးမမှာ ဗကပကို တိုက်တုန်းကရတာ။ ဆိုလို တာက ဘွဲ့တွေ၊ ဘာတွေဆို တာက တော့ မောင်ဖြူ ကို မောင်နီကို တိုက် လို့ပေးတာမှမဟုတ်ဘဲ။ သူ့ရဲ့ရဲစွမ်း သတ္တိကို မူတည်ပြီးပေးတာဖြစ်လို့ ကျွန် တော်က ဝေဖန်ခြင်းဖြစ်ပါတယ်''ဟု ဦးလှဆွေက ပြောသည်။

''ဝန်ကြီးအနေနဲ့ တပ်မတော်သား ဟောင်းတွေနဲ့ တပ်မတော်သားတွေ ကို သူ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လိုက်ရှင်းပြနေတယ် ဆိုတာ မှန်ကန် တဲ့အလုပ်ပါ။ အချို့သူတွေက နားလည် မှုလွဲနေတာ ရှိကောင်းရှိနိုင်တယ်။ သူ့ ကြည့်ရတာ ငြိမ်းချမ်းရေးနဲ့ပတ် သက် ပြီး စားလဲဒီစိတ်၊ သွားလဲဒီစိတ်ဖြစ်နေ ပုံရတယ်။ အဲဒါကြောင့်လဲ အဲဒါတွေ ဖြစ်သွားတယ်လို့ ကျွန်တော်ထင် တယ်။ သမ္မတကြီးဦးဆောင်မှုအောက် မှာ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ပြီးမြောက်သွားစေချင်နေတယ် လို့လဲထင်တယ်။ သူပြောပါတယ်။ငါတပ်မတော်အပေါ်မှာ သစ္စာမဖောက် ဘူး။ အရင်တုန်းကလဲ မဖောက်ဘူး။အခုလဲ မဖောက်ဘူး။ နောင် လဲဖောက် မှာမဟုတ်ဘူးလို့ သူရှင်းပြပါတယ်'' ဟု ပြောကြောင်း ဦးလှဆွေက ပြန် လည်ဖောက်သည်ချသည်။

[--Democracy today Daily Newspaper--]

Aye Chan Mon Credit To: Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top