0

အုပ်စုအဖွင့်ပွဲစဉ်တွင် ရှုံးပွဲကိုယ်စီ ကြုံတွေ့ထားသည့် ဂျပန်နှင့် ဂရိတို့၏ ထိပ်တိုက်ဆုံတွေ့မှုတွင် ဂျပန်အသင်းက ဂရိကို ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း အခွင့်အရေး မယူနိုင်ခဲ့သဖြင့် တစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

နှစ်သင်းစလုံး အမှတ်လိုအပ်နေသော်လည်း ထိန်းကစားခဲ့ကြသည့်အတွက် ပွဲက အေးစက်စက်ဖြစ်ခဲ့ပြီး (၃၈)မိနစ်တွင် ဂရိအသင်း၏ ကွင်းလယ်ဗဟိုချက်တွင် ကစားနေသည့် ကတ်ဆိုရာနစ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ သို့သော် ဂရိအသင်းအနေဖြင့် ကစားပုံ ပျက်မသွားခဲ့ဘဲ ဂျပန်အသင်းကို အကောင်းဆုံးပုံစံဖြင့် ဆက်လက်တုံ့ပြန် ကစားသွားနိုင်ခဲ့သည်။ ဂျပန်အသင်းက ဂရိအသင်း၏ ဂိုးဧရိယာအတွင်းအထိ ထိုးဖောက်နိုင်ခြင်း မရှိသည့်အတွက် အဝေးကန်ချက်များဖြင့် ဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း ဂရိဂိုးသမား ကာနီဇစ်က အမှားအယွင်းမရှိအောင် ကစားသွားနိုင်ခဲ့သည့်အတွက် သရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။

Aye Chan Mon Credit To:Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top