0


အင်္ဂလန်လက်ရွေးစင် အသင်း၏နည်းပြ ရွိုင်းဟော့ဒ်ဆန်က လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း နောက်တစ်ဆင့်တက်ရန် အခြေအနေမကောင်းတော့သော်လည်း မိမိအနေဖြင့် နည်းပြရာထူးမှ နုတ်ထွက်ရန် အစီအစဉ် မရှိကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် အုပ်စုပွဲစဉ်နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သော်လည်း မျှော်လင့်ချက် မကုန်ဆုံးသေးဘဲ နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ခွင့် ရှိနေဆဲဖြစ်သည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ ဟော့ဒ်ဆန်က “အခွင့်အရေးကတော့ မယုံနိုင်လောက်အောင် နည်းပါးသွားပါပြီ။ အီတလီအသင်း လက်ကျန်ပွဲတိုင်းကို အနိုင်ရဖို့နဲ့ ကျွန်တော်တို့ကလည်း ကော်စတာရီကာကို ဂိုးများများနဲ့ အနိုင်ကစားနိုင်ဖို့ပဲ ရှိတော့တာပါ။ ဒါပေမဲ့ ဒီအနေအထားက ကျွန်တော်နည်းပြရာထူးက နုတ်ထွက်ဖို့ လိုအပ်မယ်လို့ မထင်ပါဘူး။ FA က ကျွန်တော့်ကို မရှိသင့်ဘူး ထင်ရင်တော့ တစ်မျိုးပေါ့” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

Aye Chan Mon Credit To:Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top