ရေးသားသူ - ၀င်းဇော်လတ်
ဇွန် ၁၀ ရက် ညသန်းခေါင်ယံအချိန်ခန့် တွင် ရန်ကုန်မြို့ရှိ မဟာသန္တိသုခကျောင်းကို သံဃာအချို့၊ အရပ်ဝတ်လူများနှင့် ရဲတပ်ဖွဲ့ ၀င်များက ၀င်ရောက်စီးနင်းခဲ့သည်။ မိုးသည်း နေသည့်ညတွင် ကျောင်းတိုက်မှသံဃာများ ကို အသင့်ပါလာသည့် မော်တော်ယာဉ်များ ပေါ်သို့တင်၍ ခေါ်ဆောင်သွားခြင်းမှာ မြင်ရ သူများအဖို့ စိတ်မချမ်းမြေ့ရာ မြင်ကွင်းဖြစ် သည်။ ထိုသို့ အင်အားသုံးစီးနင်းနေစဉ်ကျောင်း တိုက်ရှေ့မှ လူပရိသတ်သည် အော်သူ အော်၊ ငိုသူငိုနှင့် ခံပြင်းဒေါသထွက်နေကြသည်။ ဗုဒ္ဓ ဘာသာနိုင်ငံတစ်ခုတွင် သံဃာတော်များနေ ထိုင်ရာ ကျောင်းတိုက်ကို လူခြေတိတ်ချိန်၌ အင်အားသုံး စီးနင်းသည့်အဖြစ်မှာ အကျည်း တန်သလို ရှက်စရာလည်းကောင်းလှသည်။
စီးနင်းဖယ်ရှားခံရသည့်ဖြစ်ရပ်မှာ အဆို ပါကျောင်းတိုက်အား ပိုင်ဆိုင်မှုနှင့်ပတ်သက် ၍ ဆိုင်ရာကျောင်းထိုင်ဆရာတော်နှင့် မြန်မာ နိုင်ငံ သံဃမဟာနာယကအဖွဲ့တို့အကြားတွင် အငြင်းပွားမှုများနှင့် ဆက်စပ်မည်ဟု ခန့်မှန်း ရသည်။ မည်သို့ဖြစ်စေ တရားဥပဒေဘောင် အတွင်းမှ ဖြေရှင်းနိုင်ပါလျက်နှင့် သံဃာများ ကို အင်အားသုံးဖယ်ရှားသည့် လုပ်ရပ်ကို လူ ပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ သံဃာ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ပြုလုပ်လျှင် ရှုတ်ချရမည်သာ ဖြစ်ပါသည်။
သတင်းဌာနများ၏ဖော်ပြချက်အရ ကျောင်း တိုက်အား ၀င်ရောက်စီးနင်းချိပ်ပိတ်ရာတွင် တိုင်းသံဃမဟာနာယက ဆရာတော်များနှင့် ရဲတပ်ဖွဲ့များ၊ သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူများအပြင် လက်မောင်းတွင် လက် ပတ်နီစည်းထားသည့် အရပ်သားများလည်း ပါဝင်သည်ဟု ဆိုပါသည်။ ကျောင်းတိုက်၏ ကျောင်းထိုင်ဖြစ်သူ ပီနန်ဆရာတော်ကြီး ပြည် ပခရီးထွက်နေစဉ် ဖြစ်ပွားခြင်းဖြစ်သည်။ စီး နင်းသူတို့က တရားရင်ဆိုင်နေရချိန်တွင် ဘယ် သူမှ ကျောင်းတိုက်ပေါ်တွင် နေလို့မရသော ကြောင့် ယနေ့မှစ၍ ချိပ်ပိတ်လိုက်ပြီဖြစ် ကြောင်း သတင်းထောက်များကို ပြောသည်။
မေးစရာရှိသည်မှာ ယခုကဲ့သို့ကျောင်း တိုက်နေ သံဃာများကိုဖယ်ရှားသည်မှာ ဥပ ဒေနှင့်အညီ လုပ်သည်ဆိုလျှင်လည်း ဗြောင် ကျကျဆင့်စာထုတ်၍ သိက္ခာရှိစွာ လုပ်၍မရ ဘူးလား။ လောဘ ဒေါသ မောဟအစရှိသည့် ကိလေသာများကို ပယ်ရှား၍ သတ္တ၀ါများ အား မေတ္တာဓာတ်ဖြန့်ဝေရန်သာ အလုပ်ဝတ္တရား ရှိသော ဘုရားသားတော် သံဃာအချင်းချင်း နိုင်ထက်စီးနင်းလုပ်ကြသည်မှာ ကြားရမြင်ရ သူများအဖို့ မယုံနိုင်စရာပင်။
သစ်တစ်ပင်၊ ၀ါးတစ်ပင်အောက်မှာနေ၍ လောကီသံသရာနှောင်ကြိုးကို ဖြတ်တောက် ရန်သာ တာဝန်ရှိကုန်သော သံဃာတော်များ အကြား ကျောင်းတိုက်တစ်ခုနှင့်ပတ်သက်၍ သူပိုင်ငါပိုင် အငြင်းပွားရသည့်အဖြစ်မှာပင် ရှက်စရာဖြစ်ရလေရာ ယခုကဲ့သို့ အာဏာ၊ အင်အားဖြင့် စီးနင်းဖယ်ရှားကြသည်မှာမူ ပြောဖွယ်မရှိတော့။ မြန်မာနိုင်ငံ သာသနာရေး တွင် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သော သံဃ မဟာနာယကအနေဖြင့် ယခုဖြစ်ရပ်တွင် ရရှိ ထားသည့် ဓမ္မစက်ထက် အာဏာစက်ကို အလွန်အကျွံအသုံးချလိုက်သည်ဟုသာ ယူ ဆဖွယ်ဖြစ်သည်။
ရဟန်းကိစ္စရဟန်းရှင်းမှ ရမည်ဆိုသည်မှာ မှန်ပါသည်။ သို့သော် ကျောင်းတိုက်အား ည အချိန်မတော်တွင် အင်အားသုံးဖြိုခွင်းသည့် လုပ်ရပ်အပေါ်တွင် တရားမျှတမှုနှင့် မေတ္တာ ကရုဏာကို လေးစားသော ဥပါဿိကာ၊ ဒါ ယကာ၊ ဒါယိကာမ အပေါင်းအနေဖြင့် တာ ၀န်သိစွာ ရှုတ်ချရလိမ့်မည်။ အုပ်ချုပ်သူအစိုးရ အနေဖြင့်လည်း မသိချင်ယောင်ဆောင်နေ၍ မဖြစ်ပါ။ လိုအပ်သည့်နေရာတွင် လိုအပ်သ လို ၀င်ရောက်ထိန်းသိမ်းခြင်း၊ အရေးယူခြင်း များ ပြုလုပ်ရန်လိုပါသည်။ သို့မဟုတ်လျှင် ဗုဒ္ဓဘာသာနှင့် သံဃာ့အဖွဲ့အစည်းအပေါ် လူ အများ၏ ကြည်ညိုလေးစားမှု ပျက်ပြားနိုင် သည်။ သာသနာတော်အတွင်း ဥပဒေမဲ့ ၀ိ နည်းမဲ့ လုပ်နေကြသည့် အလိဇီရဟန်းများ ကို လိုသလိုအရေးယူရန် တာဝန်လည်းရှိပါ သည်။
အစိုးရအနေဖြင့် ယနေ့ကြေးကြော်နေသ ကဲ့သို့ အမျိုးဘာသာ သာသနာကို စောင့် ရှောက်လိုလျှင် တစ်မြန်နေ့က ညဥ့်နက်သန်း ခေါင် စီးနင်းမှုနှင့်ပတ်သက်၍ ကြားဝင်ဖြေ ရှင်းရမည့် ၀တ္တရားရှိသည်။ အမျိုးကိုစောင့် မည်။ ထိန်းမည်။ ကာကွယ်မည်ဟု ပရိသတ် အား တက်ထောင်မောင်းနင်း ဟောပြောနေ သည့် ရဟန်းတော်အချို့လည်း ကိုယ့်အချင်း ချင်းကျမှ နှုတ်ဆိတ်မနေသင့်။ မတရားမှု သို့မဟုတ် ဖြစ်သင့်သည့်လုပ်ရပ်မဟုတ်ဟု ယူဆတွေးမြင်လျှင် သာသနာ၏ဂုဏ်သရေ ကို ဆယ်မသောသဘောဖြင့် ၀င်ရောက်ဝေ ဖန်ရှုတ်ချရမည်။ သံဃာအချင်းချင်း အငြင်း ပွား၊ ဗိုလ်ကျ၊ နိုင်ထက်စီးနင်းခြင်းလုပ်ရပ် များသည် သာသနာညှိုးစေပါသည်။
သန္တိသုခကျောင်းတိုက်ကို အချိန်မတော် ၀င်ရောက်စီးနင်းချိပ်ပိတ်ခြင်းမှာ အတိုက်အခံ တို့ဘက်က ၂၀၀၈ အခြေခံဥပဒေအား ပြင် ဆင်ရေးအတွက် အင်တိုက်အားတိုက် စည်း ရုံးဟောပြောနေချိန်၊ လူထုကလည်း လက် မှတ်ရေးထိုးတောင်းဆိုနေချိန်တွင် နိုင်ငံရေး ဒီရေမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက် ချိန်နှင့်လည်း အချိန်ကိုက်ဖြစ်နေသည်။ ထို့ ကြောင့် ဆိုင်ရာတို့၏ အာရုံလွှဲပြောင်းခြင်းတစ် မျိုးလည်း ဖြစ်နိုင်ကြောင်း ရှုမြင်သုံးသပ်သူ များလည်းရှိသည်။
ထိုအမြင်ကိုလည်း မဖြစ်နိုင်ဟု ဘယ်သူ မှမပြောနိုင်ပါ။ လက်ရှိအချိန်တွင် အစွန်း ရောက်ဘာသာရေးဟောပြောမှုများ၊ အမုန်း စကားဖြန့်ဖြူးမှုများကို နိုင်ငံရေးစီးကြောင်း တွင် ဒိုက်သရောအဖြစ် ဖြန့်ခင်းနေသည့်ကာ လဖြစ်သည်။ အာဏာပိုင်များက ကျောထောက် နောက်ခံပေးထားသည်ဟု ယူဆရသော သံ ဃာအချို့က အမျိုးဘာသာ သာသနာကာ ကွယ်စောင့်ရှောက်ရေးဟူသော ခေါင်းစဉ် အောက်တွင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာ မ ဟုတ်သူများအကြား နားလည်မှု လွဲမှားစေ သည့် ဟောပြောခြင်းများပြုလျက်ရှိသည်။
သို့သော် အသိဉာဏ်ရှိသောလူထုကလက် မခံသောကြောင့် မအောင်မြင်ပါ။ တလောက အော်ရီဒူးတယ်လီဖုန်းကုမ္ပဏီမှ ဖုန်းများကို အသုံးမပြုရန်၊ အဆိုပါဖုန်းဖြင့် ခေါ်ဆိုလာပါ ကလည်းမကိုင်ရန်နှင့် ကုမ္ပဏီတွင် ၀င်ရောက် အလုပ်လုပ်ခြင်းမပြုကြရန် အမျိုးဘာသာ သာ သနာကာကွယ်ရေး ဘုန်းတော်ကြီးတစ်ပါး ဟောပြောသည်ကို ကြားခဲ့ရသေးသည်။ ကြား ရသူများမှ သူ့ဟောပြောချက်ကို မထောက်ခံ ရုံတင်မက ဝေဖန်ရှုတ်ချမှုများပင် ပြုခဲ့ကြသည်။
အစိုးရအာဏာပိုင်များကတော့ အဆိုပါ လုပ်ရပ်များကို သိစိတ်ရှိရှိနှင့်ပင် ခွင့်ပြုထား သည်။ တစ်စုံတစ်ရာ ဟန့်တားခြင်းမရှိ။ ပြီး တော့ ထိုသို့ဟောပြောချက်များက အခန့်မ သင့်လျှင် နိုင်ငံ၏စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကိုပင် ထိခိုက်နိုင်သည်။ တိုင်းပြည်စီးပွားဖွံ့ ဖြိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဥပဒေနှင့်အညီဆိုလျှင် လက်ကမ်းကြိုဆိုရ မည်သာ ဖြစ်ပါသည်။ ထိုအချိန်တွင် တစ် ဖက်သတ် စွပ်စွဲပြောဆိုမှုများကို အာဏာပိုင် များအနေနှင့် မျက်နှာလွှဲ ခဲပစ်လုပ်ထားသည် မှာ သင့်တော်ပါရဲ့လား။
ဆိုင်ရာတို့အနေဖြင့် အမျိုးဘာသာ သာ သနာခေါင်းစဉ်ဖြင့် အမုန်းတရားဖြန့်ဖြူးသူ များကို တားဆီးပိတ်ပင်ခြင်း မပြုခဲ့သော်လည်း သံဃာအချင်းချင်း ဥပဒေမဲ့အင်အားသုံးသည့် မဟာသန္တိသုခဖြစ်စဉ်တွင်မူ ရေငုံနှုတ်ပိတ်နေ ၍မဖြစ်ပါ။ အကြောင်းမှာ တရားဥပဒေစိုးမိုး ရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့် ဖြစ်သည်။ ပြီးတော့ စီးနင်းမှုတွင် ရန်ကုန် တိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့ဝင် များနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်နေခြင်းမှာ သံ ဃာအချင်းချင်း အငြင်းပွား၊ အချေအတင်ဖြစ် သည်ထက် ပို၍အဓိပ္ပာယ်လေးနက်မှုရှိပြီး ဖြစ် စဉ်တွင် အာဏာပိုင်များ ၀င်ရောက်ပတ်သက် နေသည်ဟု ယူဆစရာရှိသည်။ သို့ဖြစ်ရာ အာ ဏာပိုင်များက ဥပဒေနည်းနာများအတိုင်း လုပ် ကိုင်ရမည့်အစား အင်အားသုံး၍ ၀င်ရောက်စီး နင်းခြင်းမှာ တရားဥပဒေဘောင်ကို ကျော် ခြင်း ဟုတ်၊မဟုတ် မေးခွန်းထုတ်လိုသည်။
မည်သို့ဖြစ်စေ သာသနာတော်အကျိုးကို ရိုးရိုးသားသားထမ်းနေကြသည့် သံဃာတော် များအနေဖြင့် မည်သည့်ခေါင်းစဉ်အောက် တွင်မှ အသုံးချခံများမဖြစ်သင့်ပါ။ အာဏာ ပိုင်များအနေနှင့်လည်း သံဃာများကို ဓမ္မစက် နှင့်ဖြစ်စေ၊ အာဏာစက်နှင့်ဖြစ်စေ တရား လက်လွှတ်ပြုမူခြင်းမှ ရပ်ဆိုင်းပစ်ရန်လည်း အချိန်တန်ပါပြီ။ နောက်ကွယ်တွင် မည်သည့် ပတ်သက်မှုများရှိနေပါစေ၊ မဟာသန္တိသုခ ကျောင်းတိုက်မှ ရဟန်းတော်များအား ညကြီး အချိန်မတော် အင်အားသုံးစီးနင်းခေါ်ဆောင် ခြင်းမှာ မူအားဖြင့် လက်ခံနိုင်စရာကိစ္စမဟုတ် ပါ။ တရားဥပဒေစိုးမိုးရေးအတွက်လည်း ခြိမ်း ခြောက်မှုဖြစ်နိုင်သည်။
ထို့ကြောင့် အာဏာပိုင်များအနေဖြင့် မြန် မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုရှိသည်ဟု သက် သေပြလိုလျှင် မဟာသန္တိသုခကျောင်း တိုက် စီးနင်းမှုနှင့်ပတ်သက်၍ အဖြစ်မှန်ကို ပေါ်ပေါက်လာအောင် စုံစမ်းစစ်ဆေးသင့်သည်။ ယခုလုပ်ရပ်က ဥပဒေနှင့်ညီ၊မညီ လူထုထံ အစီရင်ခံရပါမည်။ ပြီးတော့ အမျိုးဘာသာ သာသနာအား အမှန်ပင်ကာကွယ်စောင့်ရှောက် လိုရိုးမှန်လျှင် သံဃာအချင်းချင်းကြားမှ ယခု ပဋိပက္ခကို အစိုးရအနေဖြင့် အပြေအလည် ဖြစ်ရန် ကြားဝင်ဖြေရှင်းရန်လိုသည်။ သို့မ ဟုတ်ပါက နောင်အခါ သာသနာကို ဝေဖန် ခံရဖွယ်ရှိသောကြောင့်ဖြစ်သည်။
အစိုးရအနေဖြင့် ၂၀၀၇ သံဃာအရေး အခင်းမှာ သံဃာတော်များကို ဖမ်းဆီးနှိပ်စက် ခဲ့သည်။ ထိုအချိန်က ကျောင်းတိုက်များကို လူခြေတိတ်ချိန်မှာ ၀င်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးမှုတွေလုပ်ခဲ့သည်။ လွန်ခဲ့သည့်နှစ်က လည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကို ဆန့်ကျင်ပြီး သပိတ်စခန်းဖွင့်နေကြသော သံဃာတော်များကို အရုဏ်တက်ချိန် မနက် လေးနာရီလောက်တွင် ၀င်ရောက်ဖြိုခွဲသည်။ မီးလောင်ဗုံးနှင့် ထုသည်။ ဖမ်းဆီးချုပ်နှောင် မှုတွေလုပ်ဖူးသည်။ အဆိုပါ နာမည်ပျက်စရာ လုပ်ရပ်များ ရှိထားသောကြောင့် သန္တိသုခ ကျောင်းတိုက်အား အချိန်မတော်စီးနင်းမှုတွင် အာဏာပိုင်များ ပါဝင်ပတ်သက်နေမည်ဟု လူထုက သံသယရှိနေသည်။
အစိုးရအနေဖြင့် အဆိုပါသံသယနှင့် နာ မည်ပျက်များကို တစ်စုံတစ်ရာ ချေဖျက်ကုစား ရန်မှာ တစ်နည်းသာရှိသည်။ ယခုဖြစ်ပေါ်ခဲ့ သော ကျောင်းတိုက်စီးနင်းမှုကို တရားဥပဒေ နှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူပါ။ ဗုဒ္ဓ ဘာသာ၏ ဂုဏ်သရေကို ကာကွယ်စောင့် ရှောက်ပါ။
အတွဲ (၂) အမှတ်စဉ် ၁၇၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
ကျေးဇူးတင်ပါသည်။
Aye Chan Mon Credit To: The Ladies News Journal
http://www.ayechanmon-news1.com/

Post a Comment