0

တစ်ခါတုန်းက ဆရာတစ်ယောက်ဟာ သူ့ရဲ့ တပည့်တွေကို စာသင်ခန်းထဲမှာစာသင်ပေးနေတယ်။အဲဒီအချိန်မှာ ဆရာကနေအိတ်ထဲက ဒေါ်လာ ၂၀ ကိုနှိုက်လိုက်ပြီးတော့ " တပည့်တို့ ဆရာကမင်းတို့ကိုဆုချတဲ့ အနေနဲ့ မင်းတို့ထဲကတစ်ယောက်ကို ဒီဒေါ်လာ ၂၀ ပေးမယ်။ဘယ်သူလိုချင်လဲ"

မေးလိုက်တော့ တပည့်တွေအားလုံးက လက်တွေထောင်ပြီး လိုချင်တဲ့ ပုံတွေပြပါတယ်။

အဲဒီအခါ ဆရာက ဒေါ်လာ၂၀ ကို ချေမွလိုက်ပြီးတော့
" ကဲ ဘယ်သူလိုချင်သေးလဲ"

ကျောင်းသားတွေအားလုံး လက်တွေထောင်လိုက်ကြပြီး ကျွန်တော်လိုချင်ပါတယ်၊ကျွန်မလိုချင်ပါတယ်လို့ ပြောကြတယ်။
အဲဒီအခါ ဆရာက ဒေါ်လာ ၂၀ ကို ကြမ်းမှာချပြီးခြေထောက်နဲ့ တက်နင်းပါတယ်။ကြေမွပြီးတော့ သဲတွေလဲ ပေကုန်ပါတယ်။

" ဘယ်သူယူကြဦးမလဲဟေ့"

ကျောင်းသားတွေအားလုံး လိုချင်ပါတယ်လို့ဖြေပါတယ်။

ဆရာက "ဘာလို့လဲ" လို့မေးလိုက်ရာ ကျောင်းသားတစ်ဦးက ပိုက်ဆံဆိုတာ ဘယ်လိုပုံစံဖြစ်နေဖြစ်နေ သူ့တန်ဖိုးနှင့် သူရှိပြီးဖြစ်ပါတယ်။ဆရာရဲ့ ဒီပိုက်ဆံက ရွံ့တွေ၊သဲတွေပေသွားရင်တောင် ပြန်ဆေးပြီး အသုံးပြုလို့ရပါသေးတယ်"

ဆရာကဆက်ပြောတယ် " ငါ့တပည့်တို့မှတ်ထားကြ ပိုက်ဆံဟာဘယ်လောက်ပဲ ကျိုးကြေကြေ၊ဘယ်လောက်ပဲ ဟောင်းဟောင်း၊သဲရွံ့တွေပဲပေပေ ပြန်အသုံးပြုနိုင်ပေသည်။လူတကာက လိုချင်ပေသည်။အဘယ့်ကြောင့်ဆိုဟော် ပိုက်ဆံကို တန်ဖိုးရှိတယ်လို့ သတ်မှတ်တဲ့လူမှန်သမျှ ပိုက်ဆံအစုတ်ဖြစ်နေပါစေ လိုချင်ကြ၏။

တပည့်တို့ သင်တို့ဘယ်လောက်ပဲ အလုပ်အဆင်မပြေဖြစ်ဖြစ်၊ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ဘယ်လောက်ပဲ အသုံးမကျဖြစ်နေဖြစ်နေ၊ဘယ်လောက်ရုပ်ဆိုးတယ် ခြေလက်အင်္ဂါမစုံဘူးပြောပြော သင်တို့ကို တန်ဖိုးထားချစ်ခင်တဲ့လူတွေ သင်တို့ကို အလိုရှိလိမ့်မည်။သင်တို့ကို တန်ဖိုးထားသူတွေအတွက် သင်တို့ဟာ အလွန်တန်ဖိုးရှိတဲ့သူတွေ ဖြစ်နေကြလိမ့်မည်။မိဘ၊ဆွေမျိုး၊ချစ်သူတွေက သင်တို့ကို တန်ဖိုးထားသရွေ့ သင်တို့ကိုပိုက်ဆံကဲ့သို့ ဘယ်လိုအခြေအနေဖြစ်နေနေ တန်ဖိုးထားတတ်ကြပေသည်။"

မောင်စိုင်း
ACM Re-post 16-6-2014
Aye Chan Mon Credit To: နည်းစနစ်ကျကျအတွေးအခေါ်
http://www.ayechanmon-news1.com/

Post a Comment

 
Top