0
မြတ်မင်း| သောကြာနေ့၊ ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်

ဇွန် ၁၀ရက်က ရန်ကုန်မြို့ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ညအချိန်မတော် ၀င်ရောက်၍ ဆရာတော်များအား ထိန်းသိမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး အထက်မြန်မာပြည်ဆရာတော်များက ဆန္ဒထုတ်ဖော် တောင်းဆိုချက် လေးချက်ကို ဇွန် ၁၇ရက်က ထုတ်ပြန်ခဲ့ပြီး ဇွန် ၁၉ရက်မှစတင်၍ မန္တလေးမြို့ရှိ ကျောင်းတိုက်များတွင် ဖြန့်ဝေကာ လိုက်လံကပ်ထားကြောင်း မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော ဦးသောဘိတက မဇ္ဈိမကို မိန့်သည်။

“သံဃမဟာနာယကဖြစ်တဲ့ ဆရာတော်တွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ သက်ဆိုင်သူအာဏာရှိသူတွေ အနေနဲ့က အတင်းအဓမ္မ၀င်ပြီးတော့ ဗြောင်ဓားမြတိုက်တယ်။ ဒီလိုလုပ်တာကိုသံဃာထုက မကျေနပ်ဘူး။ နောက်တစ်ချက်က ဒီသိမ်းဆည်းမူနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ သံဃာ(၅)ပါးကို လွှတ်ပေးစေချင်တယ်။ ပိုင်ဆိုင်မူအငြင်းပွားရင် ဥပဒေကြောင်းအရ၊ ၀ိနည်းဓမ္မကံလမ်းကြောင်းအရ ရှင်းရမယ်ဆိုတာ ဒီမဟနကိုယ်တော်တွေ ပိုပြီးသိပါတယ်။ အခုဟာက အဲဒီနည်းလမ်းအတိုင်း မရှင်းဘဲ၊ အနိုင်အထက် အင်အားသုံးပြီးတော့လုပ်တယ်ဆိုတာ အလွန်အင်မတန် ရုပ်ဆိုးတဲ့ဖြစ်ရပ်ကြီးဖြစ်ပါတယ်။ ဒါကိုရှုတ်ချချင်းလို့ ထုတ်ပြန်ရတာ”ဟု ဦးသောဘိတက မဇ္ဈိမကို မိန့်သည်။

အထက်မြန်မာပြည်တွင် သံဃာအရေအတွက် သုံးသိန်းခန့်ရှိပြီး သံဃာအများစု၏ သဘောတူညီချက်အရ ယင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီထုတ်ပြန်ချက်ထဲမှာ နံပါတ် ၂နဲ့ ၃ က အရေးကြီးဆုံပဲး။အခုဖမ်းဆီးခံထားရတဲ့သံဃာငါးပါးကို ၂၀ရက် ရုံးထုတ်မယ်။ ရုံးထုတ်ပြီးတော့ လွှတ်ပေးလိုက်ပြီး ဒီကျောင်းကြီးရဲ့ပိုင်ဆိုင်မူကို ၀ိနိစ္ဆရလမ်းကြောင်းသွား ရင် ဘာမှလုပ်စရာမလိုဘူး။ ဒီလိုမဟုတ်ဘဲ။ ဒါကြီးက သူတို့ပိုင်ဖြစ်ပါတယ်။ သံဃာ(၅)ပါးကို လွတ်မ ပေးနိုင်ဘူး ဆိုရင် ဦးပဉ္ဇင်းတို့ ထွက်ပြီးတော့ဆန္ဒပြမယ်” ဟု ဦးသောဘိတက မိန့်သည်။

သံဃာတော်(၅)ပါးအား ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး မကွေးဆရာတော်၊ ရွှေည၀ါဆရာတော်ဦးပဉ္ဇင်း ဦးပြည်ကျော်၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူတို့က ဇွန်လ ၁၉ရက်ထိ စောင့်ကြည့်ပြီး ပြန်လည်လွှတ်ပေးခြင်း မရှိက ဆန္ဒပြမည်ဟု ဆိုသည်။

အဆိုပါတောင်းဆိုချက် ဇွန်လ ၁၀ ရက်ညတွင် မဟာသန္တိသုခကျောင်းတိုက်အတွင်း၌ဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာသမိုင်း မြန်မာနိုင်ငံသမိုင်းတွင် အရုပ်ဆိုးအကျည်းတန်လွန်းလှသော သံဃာများနှင့် ရဲများပါဝင်သော အကြမ်းဖက်လုယက်မှုကြီးကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဦးစွာကြေညာအပ်ပါကြောင်း၊ ၎င်းအမူကိစ္စနှင့်ပတ်သက်၍ မတရားအကြမ်းဖက် ဖမ်းဆီးထောင်ချခံထားရသော သံဃာတော် (၅)ပါးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်၊မဟာသန္တိသုခကျောင်းတော်ကြီး၏ ပိုင်ဆိုင်မူနှင့်ပတ်သက်၍ ၀ိနည်းဓမ္မကံ တရားနည်းလမ်းအတိုင်းဆောင်ရွက်အဖြေရှာရန်၊ ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရေစီစံညွှန်းနှင့် မညီသော နယ်ပယ်ပေါင်းစုံတွင် အကြမ်းဖက်လုပ်ဆောင်ချက်များကို လည်းကောင်း၊ အထူးသဖြင့် ရဟန်း သံဃာထု၏ ညီညွတ်ငြိမ်းချမ်းရေးကို ဖြိုခွဲသော လုပ်ဆောင်ချက်များကို လည်းကောင်း၊ (ဥပမာ-မဟာ သန္တိသုခကျောင်းတိုက်ကိစ်္စ၌ ရဲများနှင့်အတူ ရဟန်းသံဃာတော်များပါ ပါဝင်ဆောင်ရွက်စေခြင်း)များကို အပြင်း အထန်ကန့်ကွက်ရှုတ်ချဟုပါရှိသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top