ACM Re-Post 2-6-2014
လူအုပ်ရှေ့မှာ ဘောလုံးကို Gabriel Muniz ကျွမ်းကျွမ်းကျင်ကျင် ဆော့ကစားပြပုံက သူ့အရွယ် အခြား ဘောလုံးကစားသမားလေးတွေလိုပါပဲ။
ဒါပေမဲ့ ဘရာဇီးနိုင်ငံက ဒီ ၁၃ နှစ်သားဟာ ပုံပါအတိုင်း ခြေထောက်မပါဘဲ မွေးဖွားလာသူဖြစ်ပါတယ်။
Apodia လို့ခေါ်တဲ့ ရောဂါတစ်မျိုးနဲ့ Gabriel က မွေးဖွားလာတာဖြစ်ပြီး ဒီရောဂါကြောင့် သူ့ခြေထောက်တွေဟာ သာမန်လူတွေလို ဆက်လက် ဖွံ့ဖြိုးနိုင်စွမ်းမရှိပါဘူး။
ဒါပေမဲ့ ပေးလာတဲ့ ဘဝအတိုင်း သူနေထိုင်ခဲ့ပါတယ်။ ၁၀ လသားကတည်းက လမ်းလျှောက်ဖို့ ကြိုးစားလာခဲ့တဲ့သူဟာ ၈ နှစ်သားမှာ ဘောလုံးကစားပါတယ်။
သာမန်လူတွေလိုပဲ ကျောင်းဘောလုံးအသင်းရဲ့ လက်ရွေးစင် ဖြစ်လာခဲ့ပြီး ဆုတံဆိပ်တွေ ရယူခဲ့ပါတယ်။ အခြားလူငယ်တွေလိုပဲ ဘရာဇီးနိုင်ငံ Saquarema မြို့က ဘောလုံးအကယ်ဒမီကို ဝင်ရောက် ရွေးချယ်ခံခဲ့ပါတယ်။
၂၀၁၂ မှာတော့ ဘာစီလိုနာအသင်းရဲ့ မျက်စိကျခြင်းကိုခံရပြီး သူတို့ရဲ့လေ့ကျင့်ရေးကွင်းမှာ အခြားသန်စွမ်းတဲ့ ကစားသမားတွေ နဲ့ ယှဉ်ကစားဖို့ ဖိတ်ခံရတဲ့အထိ ဖြစ်လာပါတယ်။
သူ့ရဲ့ကိုယ်ကာယနည်းပြဆရာ Jose Lopes က “လူအသိုင်းအဝိုင်းက စံနှုန်းတွေကို သူက စိန်ခေါ်နေတာဗျ။ သူရောက်တုန်းကဆိုရင် ( ဘာစီလိုနာအကယ်ဒမီကို) ဘယ်သူမှ သူ့ကိုမယုံကြဘူး
ဒါပေမဲ့ အခြားကောင်လေးတွေနဲ့ ယှဉ်ကစားနိုင်တယ်ဆိုတာ လူတိုင်းကို သူက သက်သေပြလိုက်တယ်။
သူ့အရည်အသွေးကိုပြဖို့ စပိန်နိုင်ငံက ဖိတ်လာတဲ့အထိပဲဗျာ” လို့ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်က Gabriel ရဲ့ ဇွဲလုံ့လအကြောင်းကို တီဗီရိုက်ကူးခဲ့ပြီး ဒီအစီအစဉ်မှာ သူ့ရဲ့ဘောလုံးသူရဲကောင်း မက်ဆီက သူ့ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။
ခုတော့ Gabriel ဟာ ကိုယ့်နိုင်ငံမှာလုပ်မယ့် ကမ္ဘာ့ဖလားအတွက် ကမ္ဘာတစ်ဝန်းကိုလှည့်ပြီး ဘောလုံး စွမ်းရည်တွေ ပြသနေတယ်လို့ဆိုပါတယ်။
Aye Chan Mon Credit To:ဖိုးသူတော်
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment