0


မောင်ဆွေ(တောင်ငူ) ၊ACM Re-Post 6-6-2014

ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးအတွက် သိမ်းယူထားသော လယ် မြေများအား တရားဥပဒေဘောင်အ တွင်းမှ ပြန်လည်ရရှိရေး နိုင်ငံတော် သမ္မတကြီးအထိ အသနားခံတိုင်ကြားခဲ့ ကြသော်လည်း တောင်သူလယ်သမား များဘက်မှ ရပ်တည်ပေးမည့်သူမရှိ၍ ကျိန်စာတိုက်ဆုတောင်းပွဲကို ပဲခူးတိုင်း ဒေသကြီး မင်းကံရိုးကျေးရွာတွင် ဇွန် ၁ ရက် မွန်းတည့် ၁၂ နာရီက ဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။

ဖြူးမြို့နယ် မြို့မရဲစခန်းမှ အ နောက်ဘက် ၃ မိုင်ခန့်အကွာ မင်းကံရိုး ကျေးရွာ ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီး မိုင်တိုင်အမှတ် ၁၁၅ အနီး ကား လမ်းဘေးနေရာ၌ ကျေးလက်နေပြည် သူများ ဓားမဦးချလုပ်ကိုင်စားသောက် နေကြသည့် လယ်ယာမြေ ၂၅ ဒသမ ဝ၄ ဧကအား ဒေသခံတောင်သူလယ် သမားများထံမှ သိမ်းယူခံထားခဲ့ရမှု နှင့်ပတ်သက်၍ ပြန်လည်ချထားပေး နိုင်ပါရန် သက်ဆိုင်ရာနိုင်ငံတော်အ ကြီးအကဲများထံသို့ စာဖြင့်အကြိမ်ကြိမ် တင်ပြ၍ အသနားခံကာမေတ္တာရပ်ခံ ၍ တောင်းခံခဲ့ပါသော်လည်း မရရှိခဲ့သ ဖြင့် တောင်သူလယ်သမားများ အရေး ဆောင်ရွက်ပေးနေသည့် ဦးခင်ဇော်မှ ဦးဆောင်ကာ ဒေသခံလယ်မြေအသိမ်း ဆည်းခံရသူ တောင်သူလယ်သမား များမှ ကျိန်စာတိုက်ဆုတောင်းခြင်း တစ်ခုအား လှုပ်ရှားဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

''မွန်းတည့် ၁၂ နာရီလောက်မှာ ဦးခင်ဇော်ခေါင်းဆောင်ပြီး လယ်သမား ၁၁ ဦးနဲ့ ဆုတောင်းကျိန်စာတိုက်ပွဲ လုပ်ကြတာပါ။ သူတို့ရဲ့လယ်တွေကို သိမ်းထားတဲ့သူတွေ ကျိန်စာတိုက်တာ လို့သိရပါတယ်'' ဟု ဖြူးမြို့နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ဒုရဲမှူးစံလှ (ဒုမြို့နယ်မှူး)မှ အတည်ပြုပြောကြားခဲ့သည်။

''လယ်ယာမြေတွေ မတရားသိမ်း ဆည်းခံထားကြရတဲ့ တောင်သူလယ် သမားတွေအနေနဲ့ သက်ဆိုင်ရာဌာန တွေမှာ အသနားခံစာတွေအကြိမ် ကြိမ်တင်ပြပြီး လယ်ယာမြေတွေပြန် လည်ရရှိရေးအတွက် ဥပဒေဘောင် ထဲကနေ နိုင်ငံသားကောင်းများပီသ စွာတောင်းခံခဲ့ကြပေမယ့် လယ်သမား တွေဘက်မှ ရပ်တည်ပေးမည့်သူမရှိ လေတော့ကြံရာမရတဲ့နောက်ဆုံး အ ခုလိုကျိန်စာတိုက်ပွဲတွေ၊ ထွန်တုံးတိုက် ပွဲတွေ နိုင်ငံတစ်ဝန်းနေရာအနှံ့မှာ ပေါ်ပေါက်လာနေတာတွေ တွေ့မြင် နေရပါတယ်။ ဒါကြောင့် ဒီဒေသမှာလဲ လယ်ယာမြေကို မိမိတို့လက်ငင်းဘဝ၊ အနာဂတ်ဘဝတွေအဖြစ် မှတ်ယူကျင့် သုံးနေကြတဲ့ တောင်သူလယ်သမား တွေအနေနဲ့ အခြားဒေသမှလယ်သ မားတွေရဲ့ လုပ်ဆောင်ချက်အတိုင်း ပုံတူကူးပြီး ခုလိုကျိန်စာတိုက်ပွဲကိုဆောင် ရွက်ကြပုံပေါ်ပါတယ်''ဟု ကျိန်စာတိုက် ပွဲသို့လာရောက်သူ ဒေသခံပြည်သူ တစ်ယောက်က ပြောပြသည်။

------------------------------------------------------------------------------------
ယခု တစ်ပတ်ထုတ် ၊ Yangon Times Journal

Aye Chan Mon Credit To: Yangon Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top