0
မေသော် ACM Re-Post 21-6-2014




အရက်မသောက်တတ်တဲ့သူ၊ ရှောင်ထားတဲ့သူရဲ့ ဘ၀ဟာ ပျော်ရွှင်စရာတွေ မရှိတော့သလို သင့်အနေနဲ့ မပြောသင့်ပါဘူး။ ကိုယ်က သောက်တယ်၊ သူတို့က မသောက်ဘူး ဆိုတဲ့အချက်ပေါ်မှာလည်း ဟာသလုပ်ပစ်စရာ အကြောင်းမရှိပါ ဘူး။ သူတို့နဲ့တွေ့တဲ့အခါ သင့်အနေနဲ့ မပြောသင့်တဲ့ စကားတွေရှိနေပါတယ်။ အဲ့ဒါကတော့

၁။စိတ်ကျဉ်းကျပ်နေမှာပဲနော်။

အရက်မသောက်တဲ့သူတစ်ယောက်ရဲ့ ဘ၀မှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးပြီး အထီးကျန်ဆန်မှုတွေပဲ ရှိနေလိမ့်မယ်လို့ ထင်နေရင်တော့ သင်အမှားကြီးမှားမှာပေါ့။

၂။လုပ်စမ်းပါကွာ၊ မင်းက ဘ၀သမား မဟုတ်ဘူးလား။

ဟုတ်ပါတယ်။ ကိုယ်က ဘ၀သမားတစ်ယောက်ပါ။ အဲ့ဒါနဲ့ အရက်သောက်တာနဲ့တော့ မဆိုင်ဘူးထင်တယ်နော်။

၃။ငါ အမြင်ချင်ဆုံးက မင်းငါတို့နဲ့အတူတူ အရက်သောက်နေတာကိုပဲ။

ဒါဆိုရင်တော့ ကိုယ့်အတွက် ဆောရီးလို့ပြောစရာပဲ ကျန်တော့မယ်။ အရက်သောက်ဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး။

၎။ငါမင်းကို အရက်သောက်အောင်ကို လုပ်ဦးမှာ။

လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို အဲ့ဒီလူက လွဲပြီး ဘယ်သူကများ ၀င်ပြင်ဆင်နိုင်မှာတဲ့လဲ။

၅။ဘာသာရေးကြောင့်လား။

ကိုယ့်နေထိုင်မှုနဲ့ကိုယ်ပဲလေ။ ဘယ်အရာကိုမှ ဆွဲမသွင်းတာ ကောင်းပါတယ်။

၆။ငါ ၀ယ်တိုက်ပါ့မယ်ကွာ။

ကျွန်တော့်ကို ၀ယ်တိုက်မယ့်အစား ခင်ဗျားအဲ့ဒီပိုက်ဆံကို စုလိုက်တာ ပိုမကောင်းဘူးလား။

၇။မင်းက အရက်မသောက်လို့ ငါတို့ထက် ပိုတော်တယ်လို့ ထင်နေတာလား။

အရက်မသောက်လို့ ကိုယ့်ရဲ့ဂုဏ်၊ ကိုယ်ကျင့်တရားတွေ ပိုမြင့်မြတ်သွားတယ်လို့တော့ မထင်ပါဘူး။ ဟုတ်မှမဟုတ်တာပဲ။

၈။မသောက်ရင် ဘာလုပ်မှာလဲ။

ပါတီသွားလို့၊ ကလပ်သွားလို့ မဖြစ်မနေသောက်ကိုသာက်ရမယ်ဆိုရင် ရေသောက်ပြီး သွားလည်းရတာပါပဲ။

၉။ဘာကြောက်နေတာလဲ။

ဘာမှမကြောက်ပါဘူး။ ဒီ့ထက်ငါ့ကို ဘယ်လိုများခြိမ်းခြောက်ပြီး သောက်ခိုင်းဦးမလဲဆိုတာပဲ စဉ်းစားနေတာ။

၁၀။အပိုတွေလုပ်မနေစမ်းပါနဲ့။

ခက်တော့တာပါပဲ။ မသောက်ဘူးလို့ ငြင်းတိုင်း ဒိလိုပဲအပြောခံနေရတော့မှာလား။

Ref:cosmopolitan.com

Aye Chan Mon Credit To:
http://www.ayechanmon-news1.com/

Post a Comment

 
Top