ACM Re-Post 1-6-2014
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်းကျန်း ပြည်နယ် ဘာချူစီရင်စုရှိ ဘိုးဘွားရိပ်သာ တစ်ခုတွင် တွေ့ဆုံ ချစ်ကြိုက် ခဲ့သော အသက် ၁၁၃ နှစ်အရွယ် အဘွားအို တစ်ဦးနှင့် သူမထက်အသက်
၄၃ နှစ်ငယ်သော အဘိုးအို နှစ်ဦးတို့သည် လက်ထပ် ထိမ်းမြား ခဲ့ကြောင်း ဗြိတိန်ထုတ် သတင်းစာကြီး တစ်စောင်တွင် မေ ၂၉ ရက်က ဖော်ပြခဲ့သည်။
သတို့သမီးဖြစ်သူ အေဇာတီဟန် ဆာဝါတီက အစပိုင်းတွင် သတို့သား ဖြစ်သူ အင်တီအာဟင်တီ၏ ကမ်းလှမ်း ချက်ကို ငြင်းပယ် ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦး ချစ်ကြိုက် သွားခဲ့ခြင်း ဖြစ်ကြောင်း၊ အင်တီအနေဖြင့် အေဇာတီဟန်ကို ချစ်မြတ်နိုးမိခြင်းမှာ သူမသည် အစာစားချိန် တိုင်း၎င်းကို စားသောက် ဖွယ်ရာများ ထည့်ပေး တတ်သောကြောင့် ဖြစ်ကြောင်း အင်တီက ဝန်ခံပြောကြားခဲ့သည်။
၎င်းတို့ နှစ်ဦးသည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ က စတင် တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပြီး ချစ်သူသက်တမ်း ခြောက်လ ရှိပြီ ဖြစ်သည်။ ၎င်းတို့ ၏ မင်္ဂလာ ပွဲကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ မင်္ဂလာ ပွဲသို့ ဘိုးဘွား ရိပ်သာမှ ဒေသခံများ တက်ရောက် ချီးမြှင့် ခဲ့သည်။
မင်္ဂလာပွဲ ပြီးဆုံးသည့် နောက်တွင် မိမိတို့ ဇနီးမောင်နှံသည် ပျော်ရွှင်စွာ အတူတကွ နေထိုင် သွားမည် ဖြစ်ကြောင်း၊ သူမက မိမိထက် အသက်ကြီး သော်လည်း ထိုအချက်ကို ဂရု မစိုက်ကြောင်း၊ သူမသည် မိမိအတွက် အစ်မတစ်ဦး၊ မိခင် တစ်ဦး ကဲ့သို့ ဖြစ်ကြောင်း သတို့သား ဖြစ်သူ အင်တီက ဖွင့်ဟ ပြောကြား ခဲ့သည်။
(Dialy Mail)
Aye Chan Mon Credit To: မြ၀တီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment