0

နေပြည်တော် စက်တင်ဘာ ၁၈
စစ်ကိုင်းနှင့် မုံရွာဒေသသို့ ဓာတ်အားပို့လွှတ်သော ၂၃၀ ကေဗွီ ဘဲလင်း (ကျောက်ဆည်) - အုန်းတော (စစ်ကိုင်း) နှစ်ထပ်မဟာ ဓာတ်အား လိုင်းဖြတ်သန်းရာ တံတားဦး မြို့နယ် တပယ်ရွာအနီးရှိ တာဝါတိုင် အမှတ်(၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇၊ ၁၀၈) တစ်ဆက်တည်း (၅)တိုင်သည် စက်တင်ဘာ (၁၇) ရက် ည(၈)နာရီ ခန့်တွင် လေပြင်းတိုက်ခတ်၍ ပြိုလဲပြီး ဓာတ်အား ပြတ်တောက်သွားပါသည်။
ဓာတ်အားပြတ်တောက်သွားသော စစ်ကိုင်းနှင့် မုံရွာဒေသအား ၁၃၂ ကေ ဗွီ ချောက် - ဗုဒ္ဓကုန်း(ပခုက္ကူ) - ညောင်ပင်ကြီး(ဆားလင်းကြီး) - အောင် ချမ်းသာ (မုံရွာ) လိုင်းဖြင့် မုံရွာဒေသ အား လည်းကောင်း၊ ညောင်ပင်ကြီး - အုန်းတော လိုင်းဖြင့် စစ်ကိုင်းဒေသအား လည်းကောင်း ည(၉)နာရီခန့်တွင် အသီးသီးပြန်လည် ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လေပြင်း တိုက်ခတ် ပြိုလဲသွားသော ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း တာဝါ တိုင် (၅) တိုင်ကို အမြန်ပြန်လည် တည်ဆောက်ရေး အ တွက် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးဦးစီး၍ ဝန်ထမ်း(၁၁၈)ဦးတို့ဖြင့် အမြန်ဆုံးပြန်လည်တည်ဆောက် လျက်ရှိကြောင်းနှင့် ရက်သတ္တ(၂)ပါတ်ခန့် ကြာမြင့်နိုင်မည်ဖြစ်သည်။
ဓာတ်အား ပြတ်တောက်သွားသော ၂၃၀ ကေဗွီ ဘဲလင်း(ကျောက်ဆည်) - အုန်းတော(စစ်ကိုင်း) နှစ်ထပ် မဟာဓာတ်အားလိုင်း ပြန်လည် တည်ဆောက်နေစဉ် ကာလအတွင်း ၁၃၂ ကေဗွီ ချောက် - ဗုဒ္ဓကုန်း(ပခုက္ကူ) - ညောင်ပင်ကြီး(ဆားလင်းကြီး) - အောင်ချမ်းသာ(မုံရွာ) လိုင်းဖြင့် ဓာတ်အား ပို့လွှတ်ပေး နေရသဖြင့် စစ်ကိုင်းတိုင်းနှင့် မုံရွာဒေသ နေရာအများစုတွင် ဓာတ်အား အပြည့်အဝ ဖြန့်ဖြူးပေးပြီး ဖြစ်ကြောင်းနှင့် ကျန်ဒေသ အနည်း ငယ်တွင် အချိန်ပိုင်း လှည့်လည်၍ ဓာတ်အား ဖြန့်ဖြူး ပေးထားကြောင်း သတင်းရရှိသည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top