0


၁၉-၉-၂၀၁၅
နံနက်(၅း၁၂)နာရီ
မြစ်ဝကျွန်းပေါ်ဒေသအပေါ်မှာတည်ရှိနေတဲ့ မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်း(Monsoon Trough) ထဲမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုနဲကအတူ အားကောင်းတဲ့လေစိုင်ဝဲတစ်ခုဟာ မြစ်ဝကျွန်းပေါ်ဒေသကနေ အနောက်ဖက် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းရေပြင်ပေါ်ကိုညက ရွေ့လျှားသွားခဲ့ပါတယ်။
လေတိုက်နှုန်း အမြင့်ဆုံး 30-35 knots (35-40 mph) နှုန်းလောက်နဲ့ တစ်ခါတစ်ရန် 40 knot(45 mph) Gusty wind တွေကို (၁၈-၉-၂၀၁၅) ညနေပိုင်းကစတင်ပြီး (၂၉-၉-၂၀၁၅) မနက်(၆)နာရီလောက်အထိ တိုက်ခတ်ခဲ့ပါတယ်။ လပွတ္တာမြို့နယ်ထေဲက ဒေသခံတွေလေပြင်းဒဏ်ခံခဲ့ရတယ်လို့ကြားသိရပါတယ်။
သင်္ချာပုံစံသုံးခန့်မျန်းတဲ့ခန့်မျန်းမှုတစ်ခု(www.windyty.com) အရ အဲဒီလေစိုင်ဝဲဟာ ဒီကနေ့(၁၉-၉-၂၀၁၅)ရက်တစ်နေ့လုံး မြစ်ဝကျွန်းပေါ်နဲ့ရခိုင်ကမ်းရိုးတန်မးနဲ့ကမန်းလွန်ပင်လယ်ပြင်မှာ ဆက်လက်ရှိနေပြီး အနောက်မြောက်ဖက်ကိုတဖြည်းဖြည်းရွေ့ရင်း (ကံအားလျော်စွာ) အားပိုကောင်းလာရမယ့်အစား အားလျော့လာမယ်လို့ခန့်မျန်းထားပါတယ်။
(၁၉-၉-၂၀၁၅)ရက် ညနေ(၆)နာရီလောက်မှာ လေတိုက်နှုန်း 30 knots(35 mph) ခန့်သာရှီနိုင်ပါလိမ့်မယ်။ (၂၀-၉-၂၀၁၅)ရက် နံနက်(၆)နာရီမှာတော့ လေတိုက်နှုန်း 25 knots( 30 mph)ခန့်သာ ရှိနိုင်ပါလိမ့်မယ်။ အနောက်မြောက်ဖက်မြန်မာ့ကမ်းရိုးတန်းနဲ့ ဝေးရာကို တဖြည်းဖြည်းရွေ့လျားရင်းနဲ့ (၂၀-၉-၂၀၁၅)ရက် ညနေမှာတော့ အားပျော့ပျက်ပြယ်သွား လိမ့်မယ်လို့ခန့်မျန်းရပါတယ်။
လေစိုင်ဝဲရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ် နဲ့ ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်ူတိုက်ခတ်ခြင်းနဲ့အတူ လှိုင်းကြီးနိုင်ပါတယ်။ မြန်မာ့ရေပြင်အတွင်းသွားလာကြမယ့်ရေယာဉ်များအနေနဲ့ လှိုင်း၊ လေ၊ မိုး ဒဏ်များကို သတိထားသွားလာဖို့နဲ့ အရွယ်အစားသေးငယ်တဲ့ရေယာဉ်များအနေနဲ့ ကမ်းမှ ဝေးရာသွားလာခြင်းကို ဒီကနေ့(၁၉-၉-၂၀၁၅) တစ်နေ့လုံး (အထူး သဖြင့် ညနေ(၆)နာရီအထိ) ရှောင်ရှားကြဖို့လိုအပ်ပါကြောင်း အကြံပြုလိုပါတယ်။
ဒေါက်တာထွန်းလွင်


Tun Lwin

Post a Comment

 
Top