0


ACM Re-Post 3-6-2014
Author: ထားထားမြင့်

ယခုရက်ပိုင်းများတွင် မြန်မာနှင့် အနောက်ဘက်မှအိမ်နီးနားချင်း နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နယ်စပ်တွင် တင်းမာမှုပြဿနာများ ဖြစ်နေကြသည်။ နယ်နိမိတ်ထိစပ်နေသော အိမ်နီး ချင်းနိုင်ငံများတွင် နယ်စပ်ပြဿနာများဖြစ်ပွားကြသည်မှာမထူးဆန်းပေ။ အိန္ဒိယနှင့် ပါစ္စတန်၊ ထိုင်းနှင့် ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဖိလစ်ပိုင် စသည်ဖြင့် အိမ်နီးချင်းနိုင်ငံများတွင် နယ်စပ်ပြဿနာ တင်းမာမှုများမကြာခဏ ဖြစ်ပွားလေ့ရှိကြသည်။ မည်သည့်နိုင်ငံမဆို အိမ်တွင်းရေးပြဿနာမည်မျှပင်ရှိရှိ။ ကိုယ့်အစိုးရကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့်နိုင်ငံအချုပ်အခြာအာဏာနှင့် ပတ်သက်လာပြီ၊ထိပါးလာပြီဆိုသည့်အခါတွင် အားလုံးသည် ဘက်တစ်ဖက်တည်းသို့ ရောက်သွားတတ်ကြပါသည်။ ယခုလည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ အရေးတွင် အယုတ်အလတ် အ မြတ်မရွေး မြန်မာနိုင်ငံသား လူ တန်းစားပေါင်းစုံတို့က ခေါင်း ထောင်ပြီး အခြေအနေကို နားစွင့် နေကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံ ဖြစ်သည်။ ၂၅၆ ကီလိုမီတာရှည်သော နယ်စပ် တစ်လျှောက် မြန်မာနှင့်ထိစပ်နေ သည်။ နိုင်ငံအကျယ်အ၀န်းမှာ မြန်မာထက် ငါးဆသေးသော် လည်း နိုင်ငံလူဦးရေမှာ မြန်မာ ထက် သုံးဆပိုများသည်။ ယခင် က အရှေ့ပါကစ္စတန်ဟုခေါ်ပြီး အနောက်ပါကစ္စတန်ဖြစ်ခဲ့သည့် လက်ရှိပါကစ္စတန်နိုင်ငံမှ ခွဲထွက် ခဲ့သော နိုင်ငံဖြစ်သည်။ မြန်မာ နိုင်ငံသည် ဆိုရှယ်လစ်အစိုးရခေါ် ဦးနေ၀င်းစစ်အစိုးရလက်အောက် တွင် ရောက်ရှိနေစဉ်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် သဘာဝဘေး ဒဏ်ကို အတော်ပင်ခံခဲ့ရသည်။ အထူးသဖြင့် လူပေါင်းထောင် သောင်းချီ သေဆုံးရသည့် ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းဘေးဒုက္ခများကို ကြုံရလေ့ရှိသည့် နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်မှုကို ခံနေရစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်က အခြေအနေများ ပြောင်းလဲလာသည်။ ဒီရေတော များ တိုးချဲ့စိုက်ပျိုးလာသဖြင့် သဘာဝဘေးဒဏ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မကြုံတွေ့ရတော့ပေ။ သစ်တောပြုန်းတီးမှုများလာသည့် မြန်မာနိုင်ငံသည် သာ နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များကို စတင်ကြုံတွေ့လာရသည်။ ထို့အတူ စီးပွားရေးတွင်လည်း မြန်မာနိုင်ငံက စစ်အာဏာရှင်များကြောင့် တစ်ကမ္ဘာလုံး၏ စီးပွားရေးပိတ်ဆို့မှုကိုခံရကာ တဖြည်းဖြည်းချွတ်ခြုံကျလာပြီး သယံဇာတထုတ် ရောင်းစားရသော စီးပွားရေးသာရှိတော့သည့် နိုင်ငံဖြစ်လာခဲ့၏။ ထိုအချိန်တွင် ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံနှင့် ပြောင်းပြန်ဖြစ်နေသည်။ တရုတ်နိုင်ငံတွင် လုပ်အားခဈေးကြီးမှုကြောင့် တရုတ်နိုင်ငံမှ ဥရောပနှင့် အမေရိကန်အထည်ချုပ်လုပ်ငန်းများကဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စုပြုံပြောင်းရွှေ့လာခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့ထိပ်တန်းအ၀တ်အထည် တင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ ပြဿနာတစ်ခုမှာ အိန္ဒိယနှင့် တရုတ်နိုင်ငံကဲ့သို့ နိုင်ငံလူဦးရေအဆမတန်များပြားလာခြင်း ဖြစ်သည်။ ထိုအချက်က သယံဇာတကြွယ်ဝပြီး ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်တွင်းမတည်ငြိမ်မှုများ ဖြစ်လာနေသည့် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိလာနေပြီဖြစ်သည်။

တစ်ဖက်တွင်လည်း ဘင်္ဂ လားဒေ့ရှ်သည် စားနပ်ရိက္ခာ ဖူလုံရန် နယ်စပ်မှ တစ်ဆင့် မြန်မာနိုင်ငံ ကို မှီခိုနေရသည်။ ဘင်္ဂလား ဒေ့ရှ်မှာ မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုတွင် မြန်မာဘက်က အသာစီးရနေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ငါး၊ ပုစွန်မှအစ မြန်မာဘက်မှသာ တင်ပို့နေရသည်။ နှစ်နိုင်ငံရေပိုင်နက် ထိစပ်နေသဖြင့်ပြဿနာမကြာခဏဖြစ်ပွားကြပြီး ၂၀၁၂ ခုနှစ်တွင် စိန့်မာတင်ကျွန်း အငြင်းပွားမှုပြဿနာများဖြစ်ရာ နိုင်ငံတကာ ခုံရုံးတွင်နှစ်နိုင်ငံ ဖြေရှင်းရသည်။ ဘင်္ဂလားဒေ့ရှ်က အနိုင်ရပြီး မြန်မာဘက်က သမိုင်းကြောင်းအရ ပိုင်ဆိုင်ခဲ့သော ကျွန်းတစ်ခုလက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ တရားဝင်ဘာသာစကား ဖြစ်သည့် ဘင်္ဂါလီဘာသာစကား ပြောကြသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများ၏ ပြဿနာများကလည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား မပြီးပြတ်သေးသော ပြဿနာကြီးတစ်ခုလည်း ဖြစ်သည်။ မြန်မာအာဏာပိုင်များထက်စာလျှင် ပညာပိုတတ်ကာ လူရည်ပိုလည်သည့် ဘင်္ဂလားဒေ့ရှ်အစိုးရက ၎င်းတို့နှင့် ရုပ်လက္ခဏာဆင်တူပြီး ဘာသာစကားအတူတူ ပြောဆိုသော ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကို ဒုက္ခသည်စခန်းများတွင် ၎င်းတို့က လက်ခံထားရသည်ဟု အသိပေး ထားသည်။ ဘင်္ဂါလီများနှင့်ပတ် သက်လျှင် ပြောင်ပြောင်တင်း တင်း ပြတ်ပြတ်သားသား ချက်ကျလက်ကျ နိုင်ငံတကာက သိအောင်ငြင်းဆန်သည်။

ယခုတစ်ပတ်ဖြစ်ပွားသော ပြဿနာတွင် ကြည့်ပါ။ နယ်စပ် တွင် ကင်းလှည့်သော နယ်ခြား စောင့်တပ်ဖွဲ့အချင်းချင်း ပြဿ နာဖြစ်ရာမှ ဘင်္ဂလားဒေ့ရှ် နယ် စစ်တပ်သားတစ်ဦး သေဆုံးသည်။ ထိုရက်ပိုင်းမတိုင်မီ တစ်ရက်က လည်း မြန်မာဘက်ကို ဘင်္ဂလား ဒေ့ရှ်ဘက်က ပစ်ခတ်မှုများရှိ သောကြောင့် မြန်မာဘက်က ကျ ဆုံးရသည်များလည်း ရှိသည်။ သို့ ရာတွင် လူသိထင်ရှားမဖြစ်ခဲ့ပေ။ ယခုပြဿနာတွင် မြန်မာဘက် က နိုင်ငံခြားရေးနှင့် ပြန်ကြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနတို့က ဖြေရှင်းမှုများ ဘာမှထွက်မလာ မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန် ကြီးဌာနက ဒါကာမြို့မှ မြန်မာ သံအမတ်ဦးသန်းမျိုးမြင့်အား ခေါ် ယူတွေ့ဆုံပြီး သတိပေးသည်။ မြန်မာ၏ အပြုအမူကို ရှုတ်ချ သည်။ မြန်မာနိုင်ငံရှိ ဘင်္ဂလား ဒေ့ရှ်သံရုံးကလည်း မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာနကို အရေးဆို သည်၊ အကြောင်းကြားသည်။ သတင်းမီဒီယာများကို ချက်ချင်း ခေါ်ယူပြောဆိုပြီး တုံ့ပြန်သည်။ စစ်တပ်အကြီးအကဲ အေဇက် အာမက်က မြန်မာတပ်များကသာ ၎င်းတို့နယ်ခြားစောင့်တပ်ဖွဲ့ ကင်း လှည့်နေသည်ကို ပစ်ခတ်ခြင်းဖြစ် ကြောင်း ချက်ချင်းခေါ်ပြောပြီး သတင်းထုတ်ပြန်သည်။ မီဒီယာ များကလည်း မြန်မာဘက်က လွန်ကြောင်း သတင်းတွေ ဝေေ၀ဆာဆာ ရေးကြသည်။ ဘင်္ဂလားဒေ့ရှ်ဘက်က အသာစီးရေးထားသော သတင်းများကိုသာ နိုင်ငံတကာသတင်းများက ကိုးကားထုတ်လွှင့်နေကြသည်။

မြန်မာဘက်ကမူ ဘင်္ဂလား ဒေ့ရှ်အစိုးရတာဝန်ရှိသူများနှင့် ကွာခြားလှသည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနရော။ ကာကွယ်ရေး ၀န်ကြီးဌာနရော။ စစ်တပ်ဘက် ကရော ဘာကိုမျှမည်မည်ရရ သတင်းမထုတ်ပြန်ကြသလို မည် သည့်ဌာနကမျှ ခိုင်ခိုင်မာမာ တာ ၀န်ယူဖြေရှင်းခြင်း မပြုကြပေ။ သတင်း မီဒီယာများကိုလည်း သက်ဆိုင်ရာက အခြေအနေကို ထုတ်ပြန်ရှင်းလင်းခြင်း မပြုပေ။ ပြည်တွင်းသတင်းမီဒီယာများမှာ ဘင်္ဂလားဒေ့ရှ်ကလာသော သတင်းများကိုသာ အများစုက ကိုးကားရေးနေကြရသည်။ မေလ ၃၀ ရက်ကစတင်ဖြစ်ပွား သော ပြဿနာတွင် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက အရေးတယူ ဆောင်ရွက်နေသော်လည်း မြန်မာအစိုးရကမူ ဇွန်လ ၁ ရက်တွင်ပထမဆုံး အကြိမ်တရားဝင် သတင်းထုတ်ပြန်ဖြေရှင်းခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြောကြားချက်များသည် မမှန်ကန်ဟု ငြင်းဆိုလိုက်သည်။

ယင်းဖြစ်စဉ်တွင် မည်သူမှား သည်၊ မှန်သည်ဆိုသည်ထက် အစိုးရချင်း နိုင်ငံသားတို့ လုံခြုံ ရေးနှင့် အချုပ်အခြာ အာဏာထိ ပါးလာမှုကို ရင်ဆိုင်ဖြေရှင်းရာ တွင် ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန် ရှိသူများက မြန်မာအစိုးရတာဝန် ရှိသူများထက် အပြတ်အသတ် သာလွန်နေသည်။ ပညာဖြင့် ဖြေ ရှင်းနိုင်သည့် အရည်အချင်းရှိ သည်ကို ရှင်းရှင်းလင်းလင်း တွေ့ ရပေမည်။ ဘင်္ဂလားဒေ့ရှ်ဆိုသည် မှာ မြန်မာနှင့် လူမှုအဆင့်အတန်း ချင်း အလွန်ကွာခြားလှပြီး ချမ်း သာသော နိုင်ငံမဟုတ်သော်လည်း အစိုးရချင်းမှာပင် ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံသားတို့၏ စိတ်ပူပန်မှုလုံခြုံမှုကို ပိုမိုတန်ဖိုးထား အရေးတယူဖြေရှင်းပေးသည်ကို တွေ့ရသည်။ မြန်မာအစိုးရ တာဝန်ရှိသူများသည် ပြည်တွင်းအုပ်ချုပ်ရေး၊ စီးပွားရေးတွင်သာ ညံ့ဖျင်းရုံတင်မက အခြားနိုင်ငံများနှင့် လက်ရုံးရည်၊ နှလုံးရည်ချင်း ယှဉ်လျှင်ပင် အတော်နောက်ကျကျန်နေပြီ ဖြစ်သည်။ ထို့အတွက် ရေပိုက်နက်ပြဿနာတွင် ကျွန်းတစ်ကျွန်းဆုံးရှုံးခဲ့ပြီးဖြစ်သည်။

တကယ်တမ်းဆိုလျှင် နှစ် နိုင်ငံ ပြည်သူများကလည်း စစ် ကို မလိုလားပေ။ မည်သည့် နိုင်ငံ နှင့်ဖြစ်ပါစေ သံတမန်နည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လျှင် အ ကောင်းဆုံး ဖြစ်သည်။ သို့သော် ပြည်သူကို အစိုးရသည့် အစိုးရ ဖြစ်သည်နှင့်အညီ အချုပ်အခြာ အာဏာထိပါးလာသည့် ကိစ္စမျိုး တွင် အရေးတယူ ပြတ်ပြတ်သား သား ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်သည်။ အထူးသဖြင့် ပြည် သူများ၏ စိုးရိမ်မှု၊ လုခြုံမှုအတွက် အထိုက်အလျောက် ခေတ်နှင့် လျော်ညီစွာ ဖြေရှင်းတတ်ရမည် ဖြစ်သည်။ အခြားနိုင်ငံများ၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာ အတုယူသင့်က ယူရမည်။ ဘင်္ဂ လားဒေ့ရှ်ဘက်က အစိုးရတာဝန် ရှိသူများ၏ ဖြေရှင်းမှုကို အတုယူ လေ့လာသင့်သည်။

သို့မဟုတ်ပါက နောင်တစ် ချိန်တွင် အိမ်နီးချင်းများ တစ်စ ထက်တစ်စ အရဲကိုးအနိုင်ကျင့် သမျှကို ပြုသမျှ နုရမည့် သဘော သာ ရှိတော့သည်။

Aye Chan Mon Credit To :
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
3

Post a Comment

 
Top