0

ACM Re-Post 3-6-2014
Written by: ဌေးလှအောင်

ကျူးကျော်နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ အင်အားသုံးဖယ်ရှားခြင်းခံခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာရှိ စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ မိဘမဲ့ကလေးငယ်များ ပညာသင်ကြားရန်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

စိမ့်စမ်းရည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့မှ မေ ၁၆ ရက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အင်အားသုံးဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ကျောင်းတိုက်ဆရာတော်၏ မိန့်ကြားချက်များအရ သိရသည်။

လက်ရှိအချိန်တွင် ကျောင်းဖွင့်ရာသီသို့ ရောက်ရှိလာပြီဖြစ်ခြင်းကြောင့် မိဘမဲ့ကလေးငယ်များမှာ ကျောင်းအတွင်း ပညာသင်ကြားနိုင်ရန်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

"ကျူးကျော်နေထိုင်တယ်ဆိုပြီး လက်ရှိနေရာသစ်ကို ရွှေ့ပြောင်းလာခဲ့ရတော့ ကလေးတွေအတွက် အခက်အခဲကအများကြီးပါ။ အရင်ကဆိုရင် ကလေးတွေက တစ်နှစ်ပတ်လုံးလိုလို စာသင်စာကျက်နေခဲ့ရတယ်။ အခုဆိုရင် စာသင်စာကျက်နိုင်ဖို့အတွက် ဘာတစ်ခုမှ မလုပ်နိုင်သေးပါဘူး။ စာသင်ဆောင်တွေ၊ ပညာရေးနဲ့ပတ်သက်တဲ့ ပရိဘောဂပစ္စည်းတွေ လိုအပ်နေပါသေးတယ်။ အခုလို ဖယ်ရှားခံလိုက်ရတဲ့အတွက် ကလေးတွေရဲ့ပညာရေးကို အများကြီးထိခိုက်သွားတယ်" ဟု စိမ့်စမ်းရည်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော်ဦးဥတ္တမကမိန့်ကြားသည်။

စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ မိဘမဲ့ကလေးငယ်များမှာ ဒေသအသီးသီးမှ ရောက်ရှိလာကြခြင်းဖြစ်ပြီး မူလတန်းမှ တက္ကသိုလ်အဆင့်အထိ တက်ရောက်ပညာသင်ကြားနေကြပြီး လက်ရှိပညာသင်ကြားရန်အတွက် အဓိကအခက်အခဲဖြစ်ပေါ်နေရသည့် ကလေးငယ်များမှာ မူလတန်းအဆင့်ရှိ ကလေးငယ်များဖြစ်ကြောင်း ဆရာတော်ကမိန့်ကြားသည်။

ဖယ်ရှားခံခဲ့ရသည့် မိဘမဲ့ကလေးငယ် ၁၀၀ ၀န်းကျင်ခန့်အတွက် လက်ရှိအချိန်တွင် အလှူရှင်များ လာရောက်လှူဒါန်းနေသော်လည်း နေထိုင်ရန်အတွက် မိုးဒဏ်လေဒဏ်ခံနိုင်သော အဆောက်အအုံမရှိသေးဘဲ အချို့မှာ ယာယီမိုးကာတဲများဖြင့်သာ နေထိုင်နေကြရဆဲဖြစ်ကြောင်း သိရသည်။

-ယာယီမိုးကာတဲများဖြင့် နေထိုင်နေရဆဲဖြစ်သည့် မိဘမဲ့ကိုရင်များအား တွေ့ရစဉ်

Aye Chan Mon Credit To : Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top