ACM Re-Post 3-6-2014
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်အထိ တင်းမာခဲ့သည့်အခြေအနေမှာ သံတမန်နည်းလမ်းအရ ဖြေရှင်းပြီးနောက် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး အရာရှိအဆင့် အလံတင်ဆွေးနွေးပွဲအား ဇွန် ၅ ရက်၌ မောင်တောတွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မှူးအဆင့် တွေ့ဆုံပွဲအား ဇွန် ၃ ရက်တွင် မြန်မာနိုင်ငံဘက်၌ ပြုလုပ်မည်ဖြစ်ပြီး Nayek Mizan ၏ လက်နက်နှင့်ပတ်သက်၍ ဆွေးနွေးမည်ဟုမျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ ဘီဂျီဘီအရာရှိ Maj Gen Azia က မေ ၃၁ ရက်က ပြောကြားသည်။
သို့ရာတွင် နှစ်နိုင်ငံနယ်ခြားစောင့်တပ်များ၏ အလံတင်ဆွေးနွေးပွဲအား ဇွန် ၅ ရက်တွင်သာ ပြုလုပ်ရန်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံနယ်စပ်အခြေအနေများကြောင့် တင်းမာမှုဖြစ်ခဲ့ရခြင်းများ၊ သောင်းကျန်းသူ ကိစ္စရပ်များအပါအ၀င် နယ်စပ်လုံခြုံရေးကိစ္စရပ်များအား အဓိကဆွေးနွေးသွားရန် ရှိကြောင်းလည်း သိရသည်။
"နှစ်နိုင်ငံအလံတင်ဆွေးနွေးပွဲကို လာမယ့် ဇွန် ၅ ရက်မှာ မောင်တောမြို့မှာ ပြုလုပ်မှာဖြစ်တယ်။ အဲဒါနဲ့ပတ်သက်လိုတဲ့အကြောင်းကို ရဲမှူးချုပ်က မနေ့ကပြုလုပ်တဲ့ ဌာနဆိုင်ရာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်"ဟု နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။
နယ်စပ်တွင် နားလည်မှုလွဲမှား၍ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့အား ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် မလိုလားအပ်သော နယ်စပ်ပြဿ နာများ မပေါ်ပေါက်စေရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံအလံတင်အစည်းအဝေးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုနှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် (၄၂) နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး Hassan နှင့် အရာရှိများ တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။
မေ ၂၈ ရက် ထိတွေ့မှုဖြစ်စဉ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့မှ အသေဖမ်းဆီးရထားသည့် အလောင်းအား (BGB) တပ်သို့ မေ ၃၁ ရက် ညနေပိုင်းက လွှဲပြောင်းပေးခဲ့ပြီး နောက်ပိုင်း နှစ်ဖက်နယ်စပ်အခြေအနေ တင်းမာမှုများအား ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နယ်စပ်တင်းမာမှုအခြေအနေမှာ အေးဆေးသွားပြီဖြစ်၍ ဆက်လက်ပြီး ပုံမှန်ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်လွှဲပြောင်းပြီးနောက် နှစ်နိုင်ငံလုံခြုံရေးတာဝန်ရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကာကွယ်ရေးဝန်ကြီးဌာန)
Aye Chan Mon Credit To : Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment