0

လှိုင်ထွေးအောင် ၊ မန္တလေး၊ACM Re-Post 26-5-2014

မြန်မာ့ဆက်သွယ်ရေးနယ် ပယ်တွင် Ooredoo မှ ဝန်ဆောင်မှုလုပ်ငန်းဖြင့် တစ်နိုင်ငံလုံး ဆက်သွယ်ရေးအတွက် တာဝါတိုင် များ ထူထောင်လုပ်ကိုင်လျက်ရှိရာ မန္တလေးမြို့ ၃၅ လမ်း ၅၄x၅၅ လမ်းရှိ Ooredoo Data Centre တွင် ဆက်သွယ်ရေးတာဝါတိုင်တည် ဆောက်ပြီး ဖြစ်၍ 3G Network ကွန်ရက်ပေါ်မှ ဖုန်းပြော ဆိုမှုအား စတင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း Ooredoo Chief Technology & Infor-mation Officer John Farhat က ပြောကြား သည်။

Ooredoo မှ မြန်မာတစ်နိုင်ငံလုံး ဆက် သွယ်ရေးတာဝါတိုင် ၄ဝဝဝ တည်ဆောက်မည် ဖြစ်ရာ မန္တလေးမြို့ပေါ်၌ တိုင်၎ဝတည်ဆောက် ရန်ရှိပြီး ယခုအခါ တာဝါတိုင်လေးတိုင် တည် ဆောက်ပြီးဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးလိုင်းကြောင်းတွင် တာ ဝါတိုင်များစိုက်ထူရန် ဒေသအလိုက်လမ်းကြောင်း ရှာဖွေခြင်း၊ တည်ဆောက်ရေးလုပ်ငန်း စတင် ခြင်းများ ဆောင်ရွက်နေပြီဖြစ်သဖြင့် ယခုစတင် ဆက်သွယ်ရေးဖုန်းခေါ်ဆိုမှုကို ZTE ဖုန်းဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တခြား Brand ဖုန်းများမှပါ ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။

မန္တလေးမြို့မှ ပထမဆုံးပြောဆိုနိုင်ပြီ ဖြစ်ကြောင်း လက်တွေ့ဖုန်းခေါ် ပြောဆိုမှုကို John Farhat က မေ ၁၉ ရက် ညနေ ၅နာရီတွင် ၃၅ လမ်း၊ ၅၄x၅၅ လမ်းရှိ Ooredoo ရုံး၌ မန္တလေး သတင်းမီဒီယာများအား ဖိတ်ကြား၍ ရှင်းလင်း ပြောကြားမှုပါ ပြုလုပ်ကြောင်း သိရသည်။

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top