ရွှေဘုတ် ACM Re-Post 26-5-2014
ဘာစီလိုနာအသင်း၏ ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီ
မြန်မာနိုင်ငံလာရောက်ရန်အတွက် Ooredoo ကုမ္ပဏီ မှ
ညှိုနှိုင်းမှုများပြုလုပ်နေသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကုမ္ပဏီအဖြစ်လုပ်ပိုင်ခွင့်ရထားသော
ကာတာအခြေစိုက်ကုမ္ပဏီ Ooredoo အနေဖြင့်
ရွှေ့လျားကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အတွက်
လီယွန်နယ်မက်ဆီဖောင်ဒေးရှင်း နှင့်ပူးပေါင်းကာ မြန်မာပြည်သူ
ခြောက်သန်းကျော်ကို နှစ်နှစ်အတွင်း ကူညီကုသမှုပေးရန်စီစဉ်ထားသည်။
ယင်းအစီအစဉ်အတွက် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့သို့သွားရောက်ကာ မက်ဆီ
မြန်မာနိုင်ငံလာရောက်ရန်အတွက် ညှိုနှိုင်းထားပြီး
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသေးစိတ်အချက်အလက်များ ထပ်မံ ထုတ်ပြန်မည်ဟု
Ooredoo ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ မသီရိကြာညိုက
ပြောသည်။ “မက်ဆီ မြန်မာနိုင်ငံလာဖို့က ကျွန်မတို့
ညှိုနှိုင်းဆဲအဆင့်ပဲရှိပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်က ဘာစီလိုနာကို
သွားပြီး ဒီမှာ လှုပ်ရှားမယ့် အစီအစဉ်တွေကို ပြသခဲ့ပါတယ်။ မက်ဆီက
ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိနေတဲ့အတွက် ကမ္ဘာ့ဖလားပြီးမှ ပြန်ညှိုမှာပါ။
ကျွန်မတို့အနေနဲ့တော့ သတင်းထုတ်ပြန်မှုတွေ ဆက်လုပ်ပေး သွားပါမယ်။” ဟု
၎င်းကဆိုသည်။
ဘာစီလိုနာအသင်း၏ အာဂျင်တီးနားဘောလုံးသမား လီယွန်နယ်မက်ဆီမှာ
ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့အစည်း(UNCEF)
၏သံတမန်တစ်ဦးလည်းဖြစ်ပြီး
ကမ္ဘာတစ်ဝှမ်းကလေးသူငယ်များစောင့်ရှောက်ရေးအတွက်
ကိုယ်ပိုင်ဖောင်ဒေးရှင်းဖြစ်သော မက်ဆီဖောင်ဒေးရှင်း ကိုလည်း
တည်ထောင်ထားသူဖြစ်သည်။ Ooredoo ၏ ရွှေ့လျားကျန်းမာရေး
စောင့်ရှောက်မှုအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့်
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၂၀၊ ရွာပေါင်း ၁၈၀၀
တို့တွင်စတင်လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။
Aye Chan Mon Credit To:Mizzima Sport News
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment