အဂ္ဂမင်း ၊ ရန်ကုန်၊ မေ ၃
သတင်းမီဒီယာကျင့်ဝတ် ကို အတည်ပြုခြင်းမှာ အလွယ်ကူဆုံးဖြစ် သော်လည်း ကျင့်ဝတ်အတိုင်း လိုက်နာကျင့် သုံးရန်မှာ အခက်ဆုံးဖြစ်ကြောင်း BBC မြန်မာပိုင်းအစီအစဉ် အကြီးအကဲဟောင်း၊ အလွတ်တန်း သတင်းစာသင်တန်းပို့ချသူ သတင်းထောက်Mr. Larry Jagan က မြန်မာသတင်းစာဆရာများ သတင်းမီဒီယာ ကျင့်ဝတ် အတည်ပြုထုတ်ပြန်ခြင်း အခမ်း အနားတွင် ပြောကြားလိုက်သည်။
အဆိုပါအခမ်းအနားကို မြန်မာ နိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ကြီး မှူးကာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ မေ ၃ ရက်ကကျင်းပခဲ့ပြီး အခမ်းအနားတွင် သတင်းမီဒီယာဌာနများ၏ တာဝန်ဝတ္တရား များနှင့် အချက် ၂၇ချက် ပါဝင်သော သတင်း မီဒီယာကျင့်ဝတ်ကို မြန်မာနိုင်ငံစာရေးဆ ရာများအသင်း(MJA)၊ မြန်မာနိုင်ငံသတင်း စာဆရာများသမဂ္ဂ (MJU) နှင့် မြန်မာဂျာနယ် လစ်ကွန်ရက် (MJN) တို့မှ တာဝန်ရှိသူများ က လိုက်နာကြောင်း လက်မှတ်ရေးထိုးခဲ့ ကြသည်။
''မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ် ခွင့်ဟာ အံ့သြစရာကောင်းလောက်အောင် တိုးတက်လာပါတယ်။ ဒီကနေ့ဟာ မြန်မာ့ စာနယ်ဇင်းလောကအတွက် အရေးကြီးတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ သတင်း သမားတွေအနေနဲ့ ကျင့်ဝတ်ကို စောင့်ထိန်း ပြီး တာဝန်ရှိသူတွေကလဲ တာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်''ဟု မြန်မာ့နိုင်ငံရေးကျွမ်း ကျင်သူ Mr.Larry Jagan ကပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ မီဒီ ယာကျင့်ဝတ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ထုတ်ပြန်နိုင်ရန် မြန်မာနိုင်ငံရှိ မြို့ကြီး ကိုးမြို့တွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ ပြီးနောက် ယခုကဲ့သို့ လက်မှတ်ရေးထိုး အ တည်ပြုနိုင်ခြင်းဖြစ်ကြောင်း စာနယ်ဇင်း ကောင်စီ(ယာယီ)မှ အဖွဲ့ဝင် ဦးဇော်သက် ထွေးကပြောသည်။
''ကျင့်ဝတ်နဲ့ပတ်သက်ပြီး သတင်း သမားတွေအနေနဲ့ လိုက်နာရပါမယ်။ အုပ် ချုပ်ရေးဘက်ကရော မီဒီယာကို သတင်း ရယူခွင့် ပေးနိုင်ရပါမယ်''ဟု ယင်းက ပြော ကြားခဲ့သည်။
ဆရာမကြီး ဒေါ်ရွှေကူမေနှင်း က စာနယ်ဇင်းသမားများ၏ လွတ်လပ်ခွင့် နှင့် လုံခြုံရေးကို စာနယ်ဇင်းကောင်စီအနေ ဖြင့် အာမခံပေးစေလိုကြောင်း၊ ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးခြင်းများကို စာနယ်ဇင်းကောင်စီမှ အကာအကွယ်ပေး စေလိုကြောင်း ပြောသည်။
''အစိုးရအနေနဲ့ သတင်းထောက် တွေကို ဥပဒေလက်တစ်လုံးခြားလုပ်ပြီး လက်ထိတ်ခတ် ထောင်ချနေတာတွေရပ် ဖို့လိုပါပြီ''ဟု ယင်းက ဆက်ပြောသည်။
မီဒီယာကျင့်ဝတ်ကို အတည်ပြု ထုတ်ပြန်ရန် ရန်ကုန်မြို့အပါအဝင် မကွေး မြို့၊ တောင်ကြီးမြို့၊ မန္တလေးမြို့၊ မုံရွာမြို့၊ စစ်တွေမြို့၊ ပဲခူးမြို့၊ ပုသိမ်မြို့နှင့် မော်လ မြိုင်မြို့များတွင် ဆွေးနွေးပွဲများ ကျင်းပခဲ့ ကြောင်းသိရသည်။
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇
Aye Chan Mon# Credit To : Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment