0
Missed Call ဆိုတဲ့ အလ်ဘမ်မှာပါတဲ့ သီချင်းလေးပုဒ်ဟာ အဆိုတော်မီးမီးခဲ
ရဲ့ခံစားချက်သီချင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကြယ်ကြွေလမ်းခွဲ၊ငါ့အကြောင်းနဲ့ ငါ့ကံ၊အဖြည့်ခံဆူး အပါအ၀င်သီချင်းလေး
ပုဒ်လုံးကို ကိုယ်တိုင်ရေး ကိုတိုင်ဆိုခဲ့တာလို့သိရတယ်။
ပရိတ်သတ်ဆီကို အခွေ ၂၀၀၀ သာအခမဲ့ဖြန့်ချိနိုင်ခဲ့ပြီး
အွန်လိုင်းမှာ တင်ပေးထားတဲ့ အတွက် ပရိတ်သတ်တွေအားပေးကြပါဦးလို့ မီးမီးခဲကပြောပါတယ်။
မီးမီးခဲက "အမအိုင်စီနဲ့လည်း တစ်ခွေ ထုတ်ဖို့ရှိပါတယ်။ တစ်ကိုယ်တော်
အခွေအတွက်လည်း စီစဉ်ပြီးပါပြီ။ ရှိုးပွဲတွေက ဖိတ်ရင်လိုက်ဆိုနေပါတယ်။
စင်ပေါ်မှာ ဘာဘီ(သမီးလေး) လက်ကိုတွဲပြီးသီချင်းဆိုပါတယ်။ဘ၀ကို သမီး
လေးနဲ့ မြူးဇစ်နဲ့ပဲရှေ့ဆက်သွားမှာပါ" လို့ပြောပါတယ်။

မစ်ကောလ်ထဲမှာပါတဲ့ ကြယ်ကြွေရင်ဆုတောင်းတိုင်းပြည့်မယ် သိခဲ့တဲ့စိတ်စာ မှားယွင်းသွားပြီ….နင်လှည့်စားတာ ငါသိခဲ့ပေမယ့်
ရင်နာစွာ မျက်လုံးများမှိတ်ဆဲ……..ဒါအိမ်မက်တွေလား……တိမ်တွေလို လွင့်သွားမှာပါ…………….
တိတ်တိတ်လေးချစ်လို့သာ တောင်းတဲ့ဆုမပြည့်တော့လည်း ကြယ်တွေကို ငါမုန်းလိုက်ချင်ပြီ................ဆိုတဲ့ သီချင်းက ပရိတ်သတ်ကြိုက်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ငါ့အကြောင်းနဲ့ ငါ့ကံကလည်း ပရိတ်သတ်အများစုလက်ခံခဲ့တာတွေ့ရတယ်။
http://www.youtube.com/watch?list=PL5Y7h_4aSSwTHABkWJ8nrDP3qTLPp7h6l&v=rTdSG7n7aTA&hd=1

Aye Chan Mon# Credit To :The Modern News Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top