0

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI မှ သက်တမ်းရင့် လေယာဉ် အချို့ကို ပြန်ရောင်းကာ လေယာဉ်သစ်များဖြင့် ပြေးဆွဲသွားရန်ရှိကြောင်း အဆိုပါလေကြောင်း လိုင်း ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြော သည်။ မြန်မာနိုင်ငံတွင် လေယာဉ်သက်တမ်း ၂၅ နှစ်ပြည့်ပါက သုံးခွင့်မရှိတော့သောကြောင့် လေယာဉ် အချို့ ကို ပြန်ရောင်းရန် စီ စဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် MAI ၌ သက်တမ်း ၂ဝ ကျော် လေယာဉ်လေးစင်းရှိ ကြောင်း၊ ကျန်သည့်လေယာဉ်များမှာမူ သက်တမ်း ၁၂ နှစ်၊ ၁၃ နှစ်ရှိ လေယာဉ် များဖြစ်ကြောင်း သိရသည်။ အဆိုပါ လေယာဉ်များကို အာဖရိက၊ အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူလေ့ရှိကြောင်း ၎င်းက ပြောသည်။ MAI တွင် စုစုပေါင်း လေယာဉ် ကိုးစင်းရှိပြီး လက်ရှိတွင် လေယာဉ် ငါးစင်းဖြင့် ပြည်ပခရီးစဉ်များကို ပြေးဆွဲပေးနေခြင်းဖြစ်သည်။ MAI သည် ၁၉၉၃ ခုနှစ်မှစ၍ ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဂျပန်၊ ကိုရီးယား၊ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂယာ၊ ဖနွမ်းပင်၊ ဆီရန်ရိ ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မေဇင်ဝင်း

Aye Chan Mon# Credit To : Popular Myanmar News Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top