0

Published on: May 27, 2014

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ရန်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တွေ့ကြုံရနိုင်ဖွယ်ရှိသည့် အခက်အခဲများအား ကျော်ဖြတ်ရာတွင် ချောမွေ့မှုရှိစေရန် ရည်ရွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ဝင် (FDA) ပါတီမှ တစ်ပါတီလျှင် လူသုံးဦးကျစီ တက်ရောက်ခွင့်ရမည့် အလုပ်ရုံဆွေးနွေးပွဲကို မေ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ရန်ကုန်မြိှု့ Sky Star ဟိုတယ်တွင် Euro Burma Office က ဦးဆောင်ကာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး NDF ပါတီဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဆွေက "နိုင်ငံရေးဆွေးနွေးပွဲက ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဆွေးနွေးမှာကိုး။ လက်နက်ကိုင်အဖွဲ့အစည်းတွေက တောင်းဆိုတဲ့အချက်တွေကို အစိုးရနဲ့ လွှတ်တော်ဘက်က ဘယ်လောက်ဖြည့်ဆည်းပေးနိုင်မလဲဆိုတာက ရှိတာကိုး။ နိုင်ငံရေးပါတီတွေက ကြားကအဖွဲ့အစည်းဖြစ်တယ်။ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့အခါကျတော့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အစဉ်အလာကောင်းသွားအောင်၊ တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးတွေ ရလာအောင်ဆိုတဲ့ ဘက်ကနေရပ်ပြီးတော့ ဆွေးနွေးရမှာဆိုတော့ အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာကို နိုင်ငံတကာအတွေ့အကြုံတွေနဲ့ယှဉ်ပြီး Workshop လုပ်မှာပါ" ဟု ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပြောကြားသည်။

Euro Burma Office သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာစေရန်နှင့် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်အား ပြည်ပနိုင်ငံများမှ အလွယ်တကူ သိရှိနားလည်စေရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top