Breaking News ယဉ်လပ်ကို ဆက်လက် ထိန်းသိမ်းထားဆဲဟု စစ်တပ်အရာရှိ အတည်ပြု
ACM Re-Post 26-5-2014
မဇ္ဈိမသတင်းဌာန
ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လပ်ရှင်နာဝပ် (Yingluck Shinawatra) ကို ယခုအချိန်ထိ စစ်တပ်က ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စစ်အရာရှိတစ်ဦးက မေလ ၂၆ရက်တွင် ပြောကြားခဲ့သည်။
"သူမကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက် ထားပါတယ်၊ သူမ ဘယ်မှာ နေချင်လဲ ဆိုတာလည်း သူက ကောင်းကောင်း ရွေးချယ် ပိုင်ခွင့် ရှိပါတယ်၊ သူမ အခြေအနေတွေ
အားလုံး ကောင်းမွန် ပါတယ်" ဟု အလယ်ပိုင်းတိုင်း စစ်ဒေသမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သီရာချိုင်း နက်ဝါနိစ်က ပြောသည်။
သို့သော်လည်း မစ္စစ် ယဉ်လပ်ကို မည်သည့်နေရာတွင် ထိန်းသိမ်းသည်ကိုမူ ၎င်းက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
သူမနှင့် အတူ နိုင်ငံရေး ခေါင်းဆောင်နှင့် အစိုးရဟောင်း အဖွဲ့ဝင်ပေါင်း ၂၀၀ ကျော် ထိန်းသိမ်းထားကြောင်း ၎င်းက အတည်ပြုသည်။
မေလ ၂၅ရက်က ယခင် ဝန်ကြီးချုပ်ဟောင်း ယဉ်လပ် ရှင်နာဝါဒ်မှာ စစ်တပ်က ထိန်းသိမ်း ထားရာမှ ပြန်လည် လွတ်မြောက်လာပြီဟု သတင်းထွက်လာပြီး နောက်ပိုင်း ဆက်လက်
ထိန်းသိမ်းထားဆဲဖြစ်ကြောင်းကို စစ်တပ် တာဝန် ရှိသူက ပထမဆုံးအကြိမ် မီဒီယာများကို အတည်ပြု ပြောကြားခြင်းလည်း ဖြစ်သည်။
ကိုးကား - သည်နေးရှင်း
Aye Chan Mon Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment