0

ACM Re-Post 26-5-2014

ရန်ကုန်၊ မေ ၂၅- အမြန်လမ်းမပေါ် တွင် သွားလာကြမည့်ခရီးသွားများ အတွက် အထူးခရီးသွားအာမခံမဖြစ် မနေထား ရှိရခြင်းကြောင့် အဝေးပြေး ကားလက်မှတ်များအနည်းငယ်တက် လာနိုင်ကြောင်း ကားလုပ်ငန်းရှင်များ ထံမှသိရသည်။

ခရီးသွားအာမခံအား ယခင်က တစ်ဦးလျှင် တစ်ရာကျပ်နှုန်းဖြင့် ယာဉ်လုပ် ငန်းကြီးကြပ် မှုကော်မတီမှ တစ်ဆင့် မြန်မာအာမခံ လုပ်ငန်းအား ပေး သွင်းခဲ့ရာမှ ယခုအခါတွင် တစ် ဦးလျှင်ကျပ် ၃၀၀ အထိ တိုးမြှင့် လိုက်ခြင်းကြောင့် ကားလက်မှတ်ခ များတက် လာနိုင်ခြင်းဖြစ်ကြောင်း သိ ရသည်။

ရဲတံခွန်အဝေးပြေးကားလုပ် ငန်းရှင်ဦးစောမင်းကျော်က''အရင် ကတစ်ဦး မှကျပ် ၁၀၀ ပဲထားပေး ရတာ။ ကားလက်မှတ်ခ ကျပ်သောင်း တစ်ထောင်ဆို ရင် ကားခထဲမှာ တစ် ရာက အာမခံကြေးပါပြီးသား။ အခု ကျပ် ၃၀ဝဆိုတော့ နည်းနည်းတက် လာနိုင်တာပါ။ အရမ်းကြီးတော့ မဟုတ်ပါဘူး'' ဟုဆိုသည်။

အသက်အာမခံကြေးမြင့်သွား ခြင်းကြောင့် ကားလက်မှတ်ခအနည်း ငယ်မြင့်တက်ခြင်းဖြစ်ပြီး လက် မှတ်ခဈေးတင်ရောင်းခြင်း မဟုတ် ကြောင်း၊ လက်ရှိအချိန်တွင်အာမခံ ကြေးအား မည်သူပေးဆောင်ရမည် အား ညွှန်ကြားချက်မရှိသေးသည့် အတွက် လက်မှတ်ခတိုးမြင့်မှုမရှိဘဲ အရင်ဈေးအတိုင်း ရောင်းချနေဆဲ ဖြစ်ကြောင်း ကားလက်မှတ်အရောင်း ဌာနများထံမှ သိရသည်။

အထူးခရီးသွားအာမခံမှာ အ ဝေးပြေးလိုင်းပေါ်တွင် မိုင်တစ်ရာ အထက် ခရီးသွားသူများအားလုံး အကျုံးဝင်မည်ဖြစ်ပြီး ခရီးသွား အာ မခံပရီမီယံကြေး အား လက်မှတ် တွင် ရိုက်နှိပ်ဖော်ပြသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါအာမခံကြေးဖြင့်ခရီး သွားစဉ် လမ်းခရီး၌ မတော်တဆ မှုကြောင့် ထိခိုက်ဒဏ်ရာရရှိပါက ဒဏ်ရာပေါ်မူတည် ကာ လျော်ကြေး ရ ရှိ မည်ဖြစ်ပြီး သေ ဆုံးမှုအတွက် သိန်း ၃၀ ရရှိမည်ဖြစ်ကြောင်း၊ ထို ကဲ့သို့ခံစား နိုင်ရန်အတွက် အာမခံ ထားသည့် ကားလက်မှတ်မိတ္တူနှင့် သေ ဆုံးသူ၏ အာမခံကြေးအား ခံစားခွင့်ရှိသူ မိသားစုဝင်တို့၏ သန်း ခေါင်စာရင်း မိတ္တူဖြင့် သတ်မှတ် ကာ လအတွင်း ထုတ်ယူရန်လိုအပ် ကြောင်း သိရသည်။

မင်းအောင်လံအဝေးပြေးသယ် ယူပို့အောင်ရေးလုပ်ငန်းမှ တာဝန် ခံဦးကျော်လေးက''ကားဝင်းကိုတော့ အာမခံကုမ္ပဏီတွေ ကလာပြီး ဈေး ကွက်ဆင်းတာတော့ရှိတယ်။ ဒါပေမဲ့ ဘယ်ကုမ္ပဏီနဲ့ လုပ်ရမယ်ဆိုတာ ကျွန်တော်တို့ မသိသေးတဲ့အတွက် အခုလောလောဆယ် ပုံမှန်ဈေးအ တိုင်းပဲ ရောင်းနေပါတယ်။ တာဝန် ရှိသူအပိုင်းက သေချာညွှန်ကြားချက် ထွက်ရင်တော့ အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လဲ စောင့်ကြည့်ဆဲပဲရှိပါတယ်'' ဟုဆို သည်။

[--Democracy today Daily Newspaper--]

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top