0

ရန်ကုန်၊ မေ ၂၂။

လမ်းမများထက်မှာ ပုံစံမျိုးစုံနဲ့ လေလွင့်ကျက်စားနေကြသော ကလေးသူငယ်အများအပြားက ဆင်းရဲမွဲတေမှုပပျောက်ရေး၊ အဆင့်မြင့်ပညာရေးစနစ်ကူးပြောင်းရေး၊ အရွယ်ရောက်သူတိုင်း စာတတ်ရမည်
ဆိုတဲ့ ဆောင်ပုဒ်များအောက်တွင် ပျောက်ဆုံးနေကြပြီး၊မိသားစုဝမ်းရေးအတွက်
ဝန်နဲ့မမျှ ရှာဖွေစားသောက်နေကြရတာကို တွေ့နေရပါတယ်။ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဖြစ်လာကြမယ့် ကလေးသူငယ်များက ဝမ်းရေးမမျှတမှု၊ ပညာသင်ကြားမယ့်အချိန်မှာ ပညာရေးနဲ့ ဝေးကွာနေရမှု၊ ကျန်းမာရေးအသိ
ကင်းဝေးကာ အမှိုက်များထဲမှ ရှာဖွေစားသောက်နေရမှုတို့နဲ့ ရင်ဆိုင်နေရပြီး ပတ်ဝန်းကျင်က စွန့်ပယ်ခံရခြင်းကိုလည်း ကြုံတွေ့နေကြရပါတယ်။
ဒီလို အခြေအနေမျိုးတွင် အနာဂါတ်ရဲ့ ရင်သွေးငယ်လေးများလို့ တင်စားခံ
နေရတဲ့ ကလေးသူငယ်များရဲ့ အနာဂါတ်ကို ဘယ်နေရာမှာ ရှာဖွေရမလဲ ။ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ကုစားပေးသင့်သလဲ။ ဘယ်လို ထောက်ပံ့မှုတွေနဲ့ ဝေမျှကြမလဲ ။ မေးခွန်းပေါင်းများစွာအတွက် အခုထက်ထိတော့ အဖြေရှာလို့ ကောင်းနေဆဲပင် ။

ဓါတ်ပုံ - သီဟသစ်

ACM Credit To:The Myanma Age
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
 (7 photos)
1

Post a Comment

 
Top