အစိုးရ ဆိုသည်မှာ
--------------------
- ဒီလိုရှိတယ် ပြည်သူလူထုရဲ့ .....
- ဘယ်လိုပါလဲ ခင်ဗျာ
- ထမင်းငတ်တယ်ဆိုတာ ထမင်း နင်းကန်စားချင်နေကြလို့ဗျ။ တစ်နေ့တစ်နပ်လောက်ပဲ
စားကြည့်ပါလား ..... ငတ်ချင်မှ ငတ်မှာ။
- သြ !
-
-
- ဒီလိုရှိတယ် ပြည်သူလူထုရဲ့ .....
- ဘယ်လိုပါလဲ ခင်ဗျာ
- ဒုစရိုက်မှုတွေ များနေတာက အရက်တွေ မူးကြလို့ဗျ။ အရက်မမူးရင် ဘာမှ မဖြစ်ဘူး။
အဲဒီတော့ နွားနို့ပြောင်းသောက်ကြဗျာ၊ ဒုစရိုက်မှုတွေ နည်းအောင် နွားမကြီးတွေနို့သာ
ကုန်း ကုန်းစို့နေကြ ...
- သြ !
-
-
- ဒီလိုရှိတယ် ပြည်သူလူထုရဲ့ ....
- ဘယ်လိုပါလဲ ခင်ဗျ
- အခြေခံဥပဒေဆိုတာ လာရှိနေလို့ ပြင်မယ်မပြင်ဘူး လာဖြစ်နေတာ။ နဂိုကတည်းက
ဘာဥပဒေမှ မရှိရင် ဘာမှ ငြင်းနေကြစရာ မရှိဘူး။
- သြ !
-
-
- ဒီလိုရှိတယ် ပြည်သူလူထုရဲ့
- ဘယ်လိုပါလဲ ခင်ဗျာ
- ကုန်ကုန်ပြောရရင်ဗျာ .. ကိစ္စတွေ အများကြီး ဘာလို့လျှောက်ဖြစ်နေလဲဆိုတော့ ခင်ဗျား
တို့ ပြည်သူတွေ လာရှိနေလို့ ကျုပ်တို့က မလုပ်တတ်လုပ်တတ်နဲ့ အစိုးရလာဖြစ်နေတာ။
ရှင်းရှင်းပြောရရင် ပြည်သူမရှိရင် အစိုးရ မရှိဘူး။ အဲဒီတော့ ပြည်သူတွေ နဂိုကတည်းက
ရှိမနေရင်ကို အကောင်းဆုံးပဲ ...
- သြ !
အရိုး
ACM Credit To:နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment