ACM Re-Post 29-5-2014
လူငယ်ရေးရာ ၀န်ကြီးဌာန ဖွဲ့စည်းမည့် အစီအစဉ်ကို ပထမဆုံး ထုတ်ပြောသော ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ဓာတ်ပုံ- နစ်ကီ)
ရန်ကုန်- လူငယ်ရေးရာကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနတစ်ခုကို အစိုးရအဖွဲ့ကဖွဲ့စည်းရန်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယနေ့ပြောကြားလိုက်သည်။
‘‘ဝန်ကြီးဌာနတစ်ခုဖွဲ့ဖို့ကြိုးစားနေပါတယ်။ ဝန်ကြီးဌာနတွေကများနေတော့ အခြားဝန်ကြီးဌာနတွေနဲ့ပေါင်းပြီးတော့ youth ministry တစ်ခုဖွဲ့ဖို့ ကျွန်တော်တို့ဆောင်ရွက်ဆဲဖြစ်တယ်’’ဟု သမ္မတရုံးပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ဆိုသည်။
မေလ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ SKY STAR ဟိုတယ်၌ကျင်းပသော နိုင်ငံရေးပါတီများတွင် လူငယ်များပါဝင်လှုပ်ရှားမှုဆွေးနွေးပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
Aye Chan Mon Credit To: http://7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment