0

အောင်ကိုဦး| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ကျေးရွာရှိ သစ်ခိုးထုတ်သူများနှင့် ကျောက်မှောင်ခို လုပ်ကိုင်နေကြသူများသည် လုပ်ငန်းတွင် အသုံးပြုရန် ဆင်ရိုင်းများ ဖမ်းပြီး လေ့ကျင့်ကာ ခိုင်းနေခြင်းများကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှုများမရှိသဖြင့် တရားမ၀င်ဆင်ဖမ်းအဖွဲ့များကို အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက မဇ္ဈိမကို ပြောကြားသည်။

ဖမ်းဆီးရမိသော ဆင်ရိုင်းများကို တောမှော်ကျေးရွာ စံဖဲချောင်းအနီး တောတွင်းတွင် ကူးခတ်၍ လေ့ကျင့်ပေး နေကြောင်း၊ ဒေသခံများက ဆိုသည်။ ဆင်ရိုင်းများ ရှားပါးလာခြင်းကြောင့် တရားမ၀င် သစ်တောထွက် ပစ္စည်းရှာဖွေသူများမှာလည်း ပိုမိုအတင့်ရဲလာကြပြီး သစ်တောထွက်ရှာဖွေမှုကို အုပ်စုဖွဲ့ လုပ်ကိုင်နေခြင်း ကြောင့် သစ်တောများ ပြုန်းတီးလာပြီး ရာသီဥတုလည်း ဖောက်ပြန်လာကြောင်း၊ အဆိုပါ ဒေသတွင် အကြောက်တရားများနှင့် နေထိုင်ကြရသောကြောင့် မပြောရဲကြကြောင်း ၎င်းတို့က ဆိုသည်။

တရားမ၀င် ဆင်ရိုင်းဖမ်းဆီးမှုကြောင့် ဆင်ရိုင်းများ ရှားပါးပြီး သစ်တောထွက်ပစ္စည်းလည်း ရှားပါးလာကာ ဆင်ရိုင်းများ ဖမ်းဆီးမှုကို ၂၀၁၃ ခုနှစ်နိုဝင်ဘာလမှစပြီး လုပ်ဆောင်နေသည်။

Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top