0

အောင်ကိုဦး| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ်

မျိုးစောင့်ဥပဒေရေးဆွဲနေခြင်းကို ကန့်ကွက်ခြင်းနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က မေ ၉ ရက်တွင် အချက် ၄ ချက်ပါ ကြေညာချက်အမှတ် (၅/၂၀၁၄)ကို ထုတ်ပြန်ခဲ့ကြောင်း ယင်းအဖွဲ့၏ ဦးဆောင်ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသက မဇ္ဈိမကို မိန့်ကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူနှင့် ဖန်တီးအိမ်လူမှုအဖွဲ့အစည်း ဒါရိုက်တာ ဒေါ်ရွှေရွှေစိန် လတ်အပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်း ၉၀ ကျော်က မျိုးစောင့်ဥပဒေရေးဆွဲနေခြင်းကို ကန့်ကွက်လျက်ရှိသည်။

“အခုလုပ်နေတာ အမျိုးသမီးအခွင့်အရေး ချိုးဖောက်နေတာ မပါဘူး။ မရသေးတဲ့ အခွင့်အရေးတွေရအောင် လုပ်ဖို့နဲ့ အခွင့်အရေးတွေ မဆုံးရှုံးဖို့ လုပ်နေတာပါ။ ဗုဒ္ဓဘာသာနိုင်ငံမှာ မျိုးစောင့်ဥပဒေ မရှိလို့ မရဘူး။ ဒါ ကြောင့်လည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်နေကြတယ်” ဟု ဦးဆောင် ဆရာတော်က မိန့်ကြားသည်။

အဆိုပါကြေညာချက်တွင် ဖန်တီးအိမ်လူ့အဖွဲ့အစည်း ဒါရိုက်တာဒေါ်ရွှေရွှေစိန်လတ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူပါ အဖွဲ့အစည်း ၉၇ ခုကို အမျိုးသားရေး သစ္စာဖောက်အဖြစ် သတ်မှတ်သည်၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ရေးဆွဲတင်သွင်းထားသော အမျိုးစောင့်ဥပဒေ လေးမျိုးအကြောင်း သိကောင်းစရာစာအုပ်ကို ကန့်ကွက်သူမှန်သမျှ ထိုစာအုပ်များကို လေ့လာရန် တိုက်တွန်းသည်၊ အမျိုးသားရေး လုပ်ဆောင်ချက်ကို ဒေါ်လာစားသော ပါးစပ်၊ လူ့အခွင့်အရေး မျက်လုံး၊ ပြည်သူ ကိုအကျိုးမပြုသော လက်၊ နိုင်ငံအပေါ် သစ္စာမစောင့်သော အသိဉဏ်တို့ဖြင့် ဝေဖန်နေသူ အဖွဲ့အသီးသီးတို့အား အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်၊ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ မည်သူမဆို အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ဆွေးနွေးလိုပါက ဆွေးနွေးနိုင်ရန် ဖိတ်ကြားခြင်း ပြုလိုက်သည်ဟူ၍ ပါရှိသည်။

ယခုကန့်ကွက်နေကြသော အဖွဲ့အစည်းများသည် မျိုးစောင့်ဥပဒေကို သေချာစွာ မသိဘဲ ကန့်ကွက်နေ ခြင်းမှာ အဓိပ္ပါယ်မဲ့ လုပ်ရပ်သာဖြစ်ကြောင်း၊ ကိုယ့်အမျိုး ကိုယ့်ဘာသာ မကွယ်ပျောက်စေရန်မှာ ဗုဒ္ဓဘာ သာဝင်အားလုံး တာဝန်ရှိကြောင်း ဆိုသည်။

ကန့်ကွက်နေခြင်းများကို တရားဝင် လုပ်ဆောင်လိုလျှင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့သို့ တရားဝင် ကန့်ကွက်စာနှင့် ကြေညာချက်များ ပို့သင့်ကြောင်း ဆရာတော်က မိန့်သည်။

Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top