0


ဗျာ-ဗျာဒိတ်ခံယူသောနေ့
ဖွား-ဖွားတော်မူသောနေ့
ပွင့်-ဘုရားဖြစ်တော်မူသောနေ့
စံ-ပရိနိဗ္ဗာန်စံသောနေ့

"ဗျာ-ဗျာဒိတ်ခံယူသောနေ့"

၁။ ဂေါတမမြတ်စွာဘုရားအလောင်းတော်သည်
ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ အမရဝတီနေပြည်တော်ဝယ်
သုမေဓာဟု ထင်ရှားသော သူဌေးသားဖြစ်ခဲ့သည်။

၂။ မိဘများ ကွယ်လွန်သောအခါ ဥစ္စာပစ္စည်းများကို မငဲ့မကွက် စွန့်လှူ၍ သံဝေဂဖြစ်ပြီး ဟိမဝန္တာတောအရပ်၌ တောထွက်ကာ ရသေ့ပြုတော်မူခဲ့သည်။

၃။ (၇)ရက်အတွင်းမှာပင် ဈာန်အဘိညာဉ်ရခဲ့ပြီး ဈာန် အဘိညာဉ်
ဖြင့် ပျော်မွေ့နေစဉ် ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူလာသည်။

၎။ ရမ္မာဝတီမြို့သူ မြို့သားတို့သည် ဒီပင်္ကရာမြတ်စွာဘုရားနှင့် ရဟန္တာ(၄)သိန်းတို့ ကြွလာမည်ဖြစ်၍ လမ်းပြင်ဆင်နေကြရာ သုမေဓာရသေ့သည် ပါဝင်လုပ်အားပေးခဲ့သည်။ လမ်းပြင်ဆင်ခြင်းမပြီးမီ မြတ်စွာဘုရားနှင့်သံဃာတော်များ ကြွလာသောကြောင့် သူ၏ခန္ဓာကိုယ်ကို ရွှံ့ညွန်တွင် တံတားသဖွယ်ပြု၍ ထားသည်။

၅။ ဒီပင်္ကရာမြတ်စွာဘုရားက ''ဤသုမေဓာရသေ့သည် နောင်အခါ ငါကဲ့သို့ဘုရားဖြစ်လိမ့်မည်''ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။

၆။ လုပ်အားပေးသည့် လူအုပ်ထဲမှ သုမိတ္တာအမျိုးသမီးလေးကလည်း ပါလာသောကြာပွင့်(၈)ပွင့်အနက် (၃)ပွင့်ကိုဘုရားလှူပြီး (၅)ပွင့်ကို သုမေဓာရသေ့အား လှူလိုက်သည်။ ထို့နောက် သုမေဓာရသေ့၏ပါရမီကို ကူညီဖြည့်ဆည်းပေးရသော ပါရမီဖြည့်ဖက် ဖြစ်ရပါစေကြောင်း ဆုတောင်းခဲ့သည်။ သုမိတ္တာကား ယသော်ဓရာအလောင်းတည်း။ ထိုနေ့မှာ ကဆုန်လပြည့်နေ့ဖြစ်လေသည်။

"ဖွား-ဖွားတော်မူသောနေ့"

မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၊ နံနက်အချိန်၌
သေနာနိဂုံးမှ သုဇာတာမည်သော သူဌေးသမီး လှူဒါန်းသော
နို့ဃနာဆွမ်းကို (၄၉)လုတ် ဘုဉ်းပေးပြီး နေရဉ္ဇရာမြစ်၌ ''ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေ''ဟု အဓိဋ္ဌာန်ဖြင့် မျှောသည်။ ရွှေခွက်ချင်းထိ၍ ကာလနဂါးကြီးနိုးသည်။ ညနေချမ်းအခါ ထိုနေရာမှ မဟာဗောဓိသို့ြ<ွကသည်။

လမ်းတွင် သောတ္ထိယ(မောင်ချမ်းသာ) (သို့) သုဒ္ဓိယ(ငစင်)ခေါ် မြက်ထမ်းသမားက မြက်ရှစ်ဆုပ်လှူသဖြင့်အလှူခံခဲ့ပြီး ညောင်ပင်အောက်တွင် အဓိဋ္ဌာန်ဖြင့် ဖြန့်ခင်းရာ (၁၄)တောင်ပမာဏရှိသော ပလ္လင်တော် ပေါ်ပေါက်လာသည်။

ဘုရားမဖြစ်သမျှ ဤနေရာမှ ငါမထဟု ဆုံးဖြတ်တော်မူပြီး ထိုင်တော်မူစဉ် မာရ်နတ်ရောက်လာပြီး ပလ္လင်လုသည်။ လု၍မရ။ ဖြည့်ကျင့်ဆည်းပူးခဲ့သော ဘုရားလောင်း၏ပါရမီတို့ကြောင့် မာရ်နတ် ရှုံးသွားသည်။ တစ်စုံတစ်ယောက်သော ရန်သူမျှမအောင်နိုင်သောကြောင့် အပရာဇိတပလ္လင်
ဟု ခေါ်သည်။

ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍
ညဥ့်ဦးယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ ညဥ့်လယ်ယာမ်(သန်းခေါင်ယာမ်)၌ ဒိဗ္ဗစက္ခုဥာဏ်၊ မိုးသောက်ယာမ်၌ အာသဝက္ခယဥာဏ်တို့ကို ရတော်မူ၍ လောက၌ အတုမရှိသော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

ဘုရားဖြစ်သည့်နေ့မှာ မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၏
နောက်ဆုံး(အရုဏ်တက်ချိန်) ဖြစ်သည်။

ပွင့်-ဘုရားဖြစ်တော်မူသောနေ့

မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၊ နံနက်အချိန်၌ သေနာနိဂုံးမှ သုဇာတာမည်သော သူဌေးသမီး လှူဒါန်းသော နို့ဃနာဆွမ်းကို (၄၉)လုတ် ဘုဉ်းပေးပြီး နေရဉ္ဇရာမြစ်၌ ''ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေ''ဟု အဓိဋ္ဌာန်ဖြင့် မျှောသည်။ ရွှေခွက်ချင်းထိ၍ ကာလနဂါးကြီးနိုးသည်။ ညနေချမ်းအခါ ထိုနေရာမှ မဟာဗောဓိသို့ြ<ွကသည်။

လမ်းတွင် သောတ္ထိယ(မောင်ချမ်းသာ) (သို့) သုဒ္ဓိယ(ငစင်)ခေါ် မြက်ထမ်းသမားက မြက်ရှစ်ဆုပ်လှူသဖြင့်အလှူခံခဲ့ပြီး ညောင်ပင်အောက်တွင် အဓိဋ္ဌာန်ဖြင့် ဖြန့်ခင်းရာ (၁၄)တောင်ပမာဏရှိသော ပလ္လင်တော် ပေါ်ပေါက်လာသည်။

ဘုရားမဖြစ်သမျှ ဤနေရာမှ ငါမထဟု ဆုံးဖြတ်တော်မူပြီး
ထိုင်တော်မူစဉ် မာရ်နတ်ရောက်လာပြီး ပလ္လင်လုသည်။ လု၍မရ။ ဖြည့်ကျင့်
ဆည်းပူးခဲ့သော ဘုရားလောင်း၏ပါရမီတို့ကြောင့် မာရ်နတ် ရှုံးသွားသည်။ တစ်စုံတစ်ယောက်သော ရန်သူမျှမအောင်နိုင်သောကြောင့် အပရာဇိတပလ္လင်
ဟု ခေါ်သည်။

ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဥ့်ဦးယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ ညဥ့်လယ်ယာမ်(သန်းခေါင်ယာမ်)၌ ဒိဗ္ဗစက္ခုဥာဏ်၊ မိုးသောက်ယာမ်၌ အာသဝက္ခယဥာဏ်တို့ကို ရတော်မူ၍ လောက၌ အတုမရှိသော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
ဘုရားဖြစ်သည့်နေ့မှာ မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၏ နောက်ဆုံး(အရုဏ်တက်ချိန်) ဖြစ်သည်။

"စံ-ပရိနိဗ္ဗာန်စံသောနေ့"

ဘုရားဖြစ်ပြီးနောက် (၄၅)ဝါတိုင်တိုင် သတ္တဝါများအကျိုးငှါ မနားမနေ တရားဟောတော်မူသည်။ နောက်ဆုံးဝါကို ဝေဠုဝရွာ၌ ဝါကပ်တော်မူသည်။ ဝါကျွတ်သော် သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ သာဝတ္ထိမှရာဇဂြိုဟ်သို့ကြွ၍ ရှင်မောဂ္ဂလာန်၏ ဈာပနကို သဂြိုဟ်သည်။

ရာဇဂြိုဟ်မှ ဝေသာလီ၊ ဝေသာလီမှ ပါဝါပြည်သို့ကြွ၍ ပန်းတိမ်သည် စုန္ဒကပ်လှူသော ဝက်ပျိုသားဟင်းကို ဘုဉ်းပေးတော်မူသည်။ ထို့နောက် ဝမ်းတော်လားသော ရောဂါရသည်။ ပါဝါပြည်မှ ကုသိနာရုံသို့ဆက်ကြွပြီး သုဘပရိဗိုဇ်အား နောက်ဆုံးချွတ်တော်မူသည်။ (မြတ်စွာဘုရားသည် စုန္ဒ၏ဆွမ်းကို ဘုဉ်းပေး၍ ဝမ်းသွေးသွန်သည်မဟုတ်၊ အလောင်းတော်ဘဝ၌ ဆေးဆရာဖြစ်ခဲ့စဉ်က ဆေးကုသခမပေးသော သူဌေးသားအား ဝမ်းသွားဆေးတိုက်ခဲ့သော
အကုသိုလ်ကံကြောင့် ဝမ်းသွေးသွန်ရောဂါကို ခံစားရခြင်းဖြစ်သည်။ အကယ်၍သာ စုန္ဒ၏ဝက်ပျိုသားဟင်းကို မဘုဉ်းပေးရသော် ဝမ်းသွေးသွန်ရောဂါကို ခံနိုင်သော အင်အား မြတ်ဗုဒ္ဓ၌ ရှိနိုင်မည်မဟုတ်ပါ။ စုန္ဒ၏ဆွမ်းကို ဘုဉ်းပေးရသည့်အတွက် ရောဂါကို ခံနိုင်ရည်ရှိကာ ကုသိနာရုံအရောက် ခြေလျှင် ကြွတော်မူနိုင်ခြင်းဖြစ်သည်။ )

သက်တော်(၈ဝ) ဝါတော်(၄၅)ဝါအရ မဟာသက္ကရာဇ်(၁၄၈)ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင် ပရိနိဗ္ဗာန် စံတော်မူလေသည်။

"ဘုရားရှင်၏နာက်ဆုံးစကားတော်"

၂၈။ ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
'' ချစ်သားတို့....နောက်ဆုံးစကား မှာကြားခဲ့မည်။ ပြုပြင်မှုကြောင့်
ဖြစ်သော သင်္ခါရတရားမှန်သမျှ ပျက်စီးတတ်သော သဘောရှိ၏။ မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် နေရစ်ကြ။ ''

{အရှင်စန္ဒဇောတိ (သာသနာနွယ်)}

Aye Chan Mon# Credit To :နှလုံးသားအာဟာရ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
2

Post a Comment

 
Top